တိုင်ဖွန်းမုန်တိုင်းကြီးအပြီး ဂျပန်လူမျိုးတွေ ဘာလုပ်ကြသလဲ

၂၅ ငါးနှစ်​အတွင်​းအကြီးဆုံးမုန်​တိုင်​း ဂျပန်​မှာဝင်​သွားတယ်​ ။
ဂျပန်​​တွေဘာလုပ်​ကြလဲ ???

ဂျပန်​မှာ အလုပ်​လုပ်​​နေတဲ့ bro kaung satt hein မျက်​မြင်​​တွေ့ခဲ့ရတာ​လေး ထပ်​ဆင်​့ Share ချင်​ပါတယ်​ ။

ဒီနေ့ဂျပန်မှာကြုံရတာလေး

မုန်တိုင်းရှိတယ်ဆိုလို့ အလုပ်လဲမသွားရ ဘယ်မှလဲ မထွက်ဖြစ်ဘူး အိမ်မှာပဲ နေနေရင်းနဲ့ပဲ နေ့လည် ၁ – နာရီလောက်ရောက်တော့ မိုးစရွာပါလေရော အဲ့လိုနဲ့ အတော်လေးကြာတော့ မုန်တိုင်းစနေတယ်ဆိုတော့ ကိုယ်တွေလဲ မကြုံဖူးတော့ ဝရံတာဘက်လေးထွက်ကြည့်မိပြီး Live တောင်လွှင့်လိုက်မိသေးတယ် (ရွာသား)ခဏနေတော့ အပြင်ဘက်မှာ ရှော့ခ်တွေဖြစ် ဓာတ်ကြိုးတွေပြတ်နဲ့ အိမ်မှာလဲ မီးတွေပျက်ပါလေရော !!! ဒီအတိုင်းပဲပေါ့ ဘာလုပ်မှာလဲ အိပ်နေတာပေါ့ အထဲပြန်ဝင်ပြီး !! အဲ့လိုနဲ့ ၅ – နာရီ လောက်ကျတော့ တစ်ယောက်က ဟျောင့်တွေ အပြင်မှာ သန့်ရှင်းရေးတွေ လုပ်နေကြတယ်တဲ့ !!! အဲ့မှာ ကိုယ်ထင်လိုက်တယ် ဪ.. သူတို့ဆီက စည်ပင်ဝန်ထမ်းတွေ အလုပ်တော့တစ်ကယ်လုပ်ကြသားပဲပေါ့ !!!! ခဏနေတော့ ဝရံတာဘက် ထွက်ကြည့်လိုက်တယ် .. လားလားး အထင်နဲ့အမြင် တက်တက်စင်ပဲဗျို့ … !! ကိုယ်ထင်တာက စည်ပင်လိုမျိုး အစိုးရအဖွဲ့အစည်းတစ်ခုခု က သန့်ရှင်းရေးလုပ်နေကြတယ်ပေါ့ ဘယ်ဟုတ်လိမ့်မလဲ ပတ်ဝန်းကျင် ဘေးနားအိမ်က လူတွေ(ဂျပန်တွေ) သူတို့နေတဲ့ လမ်း သူတို့နေတဲ့ အိမ် သူတို့နေတဲ့ ပတ်ဝန်းကျင် (ကိုယ်တွေ အခုနေနေတဲ့ အိမ်ရှေ့ပါမကျန်) ကို သူတို့ကိုယ်တိုင် သန့်ရှင်းရေးလုပ်နေကြတယ်ဗျာ!!! ကိုယ်တွေလဲ ဘယ်နေနိုင်ပါတော့မလဲ (လူ .. ဗျ လူ .. လူ ) အပြင်ထွက်ပြီး ဝိုင်းဝန်းကူညီရတော့တာပေါ့ (သူတို့က လာပြီးကူညီလှည့်ပါမပြောဘူးနော်) အဲ့မှာကို ကိုယ်တွေ ထပ်တွေးလိုက်မိသေးတယ် သူတို့ကို ဘယ်သူကများ ခိုင်းတာလဲပေါ့ ?? ကျွန်တော်ထပ်မှားတယ်ဗျ !!! သူတို့ကို ….

ဘယ်သူ
ဘယ်အစိုးရ
ဘယ်အဖွဲ့အစည်း ကမှ

မုန်တိုင်းပြီးတာနဲ့ သန့်ရှင်းရေးလုပ်ကြပါလို့ ခိုင်းထားတာမရှိဘူးဗျ!! သူတို့ အသိစိတ်ဓာတ်နဲ့ကို သူတို့လုပ်ကြတာ !!!! ကလေး က အစ လူကြီးအဆုံးနော် !!! ကလေးတွေကို အန္တရာယ်ရှိတယ် အိမ်ထဲဝင်နေလို့ပြောတာတောင် တံမြက်စည်းနဲ့ ဂေါ်ပြားကိုင်ပြီးထွက်လာတယ်ဗျာ ကလေး က (ကိုယ်နားလည်လိုက်သလောက်လေး)အဲ့မှာ မဆီမဆိုင် ကိုယ့်နိုင်ငံ အကြောင်းကို တွေးမိပြန်တယ် ငါတို့ဆီမှာသာဆိုရင် …..ဆိုပြီးး!!!! ( ကြက်သီးတွေတောင်ထတယ်ဗျာ… )

စည်ပင်လာလုပ်လိမ့်မယ် !! နောက်နေ့အထိ စည်ပင်ဦးဦးတို့ မအားလို့ လာမလုပ်သေးဘူးမလား (ဘာလုပ်မလဲ??) အပြစ်တွေတင်ပြီး ကြည့်နေကြမှာပဲ (လာမရှင်းမချင်း)…!!! မိုးကြီးလို့ ရေများများစီးကြည့်ပါလား အိမ်မှာရှိတဲ့ အမှိုက်တောင် ထွက်မျှောချလိုက်ကြသေးတယ် ရေစီးကြောင်းအတိုင်း !!! ကိုယ်နေတဲ့ အိမ်ရှေ့ ကွက်ကွက်လေးကို ရှင်းလင်းတာလောက်တော့ထည့်မရေးတော့ဘူးး(ထားပါတော့!!) ၂ အဲ့မှာ သူတို့ကတော့ ဒီတစ်နေရာပြီးရင် နောက်နေရာတွေ ဆက်ရှင်းဖို့ပြောပြီး လုပ်ကြရင်း !!! ကိုယ်တွေတစ်သိုက်ကလည်း ငါတို့ဆီမှာသာ ဒလိုဖြစ်ရင်ဆိုပြီး လေကြီးလေကျယ်တွေ ပြောပြီးယောင်ကြရင်းး !!! …. ကျွန်တော်ကိုယ်တိုင်လဲ ဆက်မှားနေရင်းးးး ………!!!!
ကိုယ့်နိုင်ငံမှာလည်း ….!!!

တစ်ယောက်နဲ့တစ်ယောက်
တစ်ဖက်နဲ့တစ်ဖက်
တစ်ဖွဲ့နဲ့တစ်ဖွဲ့
အပြန်အလှန် အပြစ်တွေတင်နေကြရင်းး….!!!
ဘယ်အချိန် ထပြီးများ စင်ကာပူ ထက် သာသွားမလဲ ဆိုတာစောင့်ရင်းးးးး !!!

#KS

Leave a Reply

Your email address will not be published. Required fields are marked *