ရုရှားမှာ ဘောလုံးပွဲလာကြည့်သွားတဲ့ဂြိုလ်သားများ

ဒီအဖြစ်အပျက်ကတော့ ဂျွန်လ ၂၄ ရက်နေ့တုန်းကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုပဲဖြစ်ပါတယ်။
အင်္ဂလန်အသင်း ရုရှားဖလားပွဲမှာ ယှဉ်ပြိုင်ကစားနေစဉ်အတွင်းရုရှားနိုင်ငံမြောက်ပိုင်း ကောင်းကင်ပေါ်မှာ ငါးလိပ်ကျောက်ပုံစံအလင်းရောင်တန်းကြီးတစ်ခုပေါ်လာခဲ့တာပဲဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပွဲဟာ ကမ္ဘာကို ကျော်ပြီးတော့ အာကာသထဲအထိ ပျံ့နှံ့တဲ့အတွက် ဂြိုလ်သားတွေတောင်လာရောက်ကြည့်ရှုကြတယ်လို့ မီဒီယာတွေက ဖော်ပြထားကြပါတယ်။

ဒီဖြစ်ရပ်ကိုမြင်လိုက်တဲ့အမျိုးသမီးတစ်ယောက်ကဆိုရင် ” ဘာကြီးပါလိမ့် ။ အရင်က ဒါမျိုးတစ်ခါမှမမြင်ဖူးဘူး” ဆိုပြီး တအံ့တသြနဲ့ပြောပြခဲ့ပါသေးတယ်။
အလင်းတန်းကိုမြင်တွေ့လိုက်ကြတဲ့လူအများစုကတော့ ဒါကို ဂြိုလ်သားတွေလို့ပဲ အခိုင်အမာမှတ်ယူထားကြပါတယ်။

ရုရှား အာကာသစူးစမ်းလေ့လာရေးဌာနချုပ်ကတော့ ဒီဖြစ်စဉ်ကိုရှင်းပြထားပါတယ်။
ဒါဟာ အာတိတ်ဘက်မှလွှတ်တင်လိုက်တဲ့ ဂြိုလ်တုဒုံးပျံယာဉ် Soyuz-2.1B မှထွက်ပေါ်လာတဲ့အလင်းတန်းက ယိုင်ပြီးတော့ ကောင်းကင်ပေါ်မှာပေါ်နေခဲ့တာဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။

Glonass-M ဂြိုလ်တု တင်ဆင်ထားတဲ့ Soyuz-2.1B ဒုံးပျံယာဉ်ကိုတော့ ဂျွန်လ ၁၇ ရက်နေ့ မော်စကိုစံတော်ချိန် ည ၁၂ နာရီ ၄၆ မိနစ်မှာ လွှတ်တင်ခဲ့တာပဲဖြစ်ပါတယ်။
အခုချိန်မှာတော့ ဒီဂြိုလ်တုဟာ ဂြိုလ်တုပတ်လမ်းထဲကို ချောချောမွေ့မွေ့ရောက်ရှိသွားပြီလို့ အာဏာပိုင်တွေကကြေငြာထားပါတယ်။
ဒီအလင်းရောင်ကို ဂြိုလ်တုဒုံးပျံယာဉ်မှထွကပေါ်လာတဲ့အလင်းရောင်ဖြစ်ကြောင်းအခိုင်အမာကြေငြာထားခဲ့သော်လည်း ဂြိုလ်သားတွေလို့ယူထားပြီး ဂြိုလ်သားတွေကျူးကျော်မှုရန်ကို စိုးရိမ်နေတဲ့ ရှရှားပြည်သူတွေရှိနေကြောင်း မီဒီယာတွေသတင်းအရသိရပါတယ်။

Source : mmcrime

Leave a Reply

Your email address will not be published. Required fields are marked *