လွမ်းနေရတာ ကြိုက်တယ် ဒီအရွယ်ရောက်မှ အချစ်အတွက် စိတ်မညစ်ချင်ဘူးဆိုတဲ့ မအေးသောင်း

ဆယ်ကျော်သက်အရွယ်မှာ ခေတ်တခေတ်ကိုဖြတ်သန်းခဲ့ပြီး အခုလက်ရှိ တကျော့ပြတ်ထနေတဲ့ မအေးသောင်း မြန်မာဆန်ဆန် ဒီဇိုင်းလေးတွေနဲ့ ရိုးရိုးယဉ်ယဉ်ပြင်ဆင်တတ်တဲ့ သူမရဲ့အလှကြောင့် ပုရိသတွေရဲ့ပါးစပ်ဖျားမှာ မအေးသောင်းရယ်လို့ သတင်းကျော်စောလေသူက သရုပ်ဆောင် အေးဝတ်ရည် သောင်းပါ။ သူမ ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေကိုလည်း မကြာမီ ပရိသတ်တွေ ခံစားကြည့်ရှုရတော့ မယ်လို့သိရပြီး လတ်တလောကတော့ ကြော်ငြာတွေရိုက်တာများနေတယ်လို့ သိရပါတယ်။
”အမုန်းစွဲဆိုတဲ့ဇာတ်ကားမှာ ပေါက်စီရဲ့ Scene က သိပ်မပါဘူး။ ဒါပေမဲ့ ပါတဲ့ Scene တိုင်းကတော့ ကိုယ့်ရဲ့ကာရိုက်တာနဲ့မိပြီး လုပ်ကွက်လေးတွေရှိတယ်။ ပေါက်စီရိုက်ထားတဲ့ ဇာတ်ကားတွေကို မြန်မြန်ရုံတင်ချင်နေပြီ။ တချို့ပရိသတ်တွေက ကိုယ့်ကို မအေးသောင်းဆိုတာ ဘာလဲပေါ့။ သူက ဘာအနုပညာ တွေလုပ်လဲဆိုပြီး ကိုယ့်ကိုခေါင်းစဉ်ရှာမရဘူး ဖြစ်နေတယ်။ မအေးသောင်းဆိုတာ မြန်မာဝတ်စုံလေးနဲ့ ဆံပင်ရှည်ရှည်နဲ့ဆိုတာလောက်ပဲသိကြတယ်။ ကျန်တာ ဘယ်ရုပ်ရှင်မှာ၊ ဘယ်ဇာတ်ကားမှာ ဘာလုပ်ခဲ့ တယ်ဆိုတာကို ပရိသတ်တွေက မသိကြဘူး။ အဲဒါကြောင့် ပေါက်စီသရုပ်ဆောင်ထားတာ ပရိသတ်တွေကို တွေ့စေချင်တယ်”လို့ ဖွင့်ဟပါတယ်။
လူတွေစိတ်ဝင်စားကြတဲ့ အချစ်ရေးနဲ့ပတ်သက်လို့ကတော့-
”အချစ်ရေးကတော့ အေးဆေးပါပဲ။ ဒီအရွယ်ရောက်မှ ဒီကိစ္စအတွက်လည်း စိတ်မညစ်ချင်ဘူး။ ဒါပေမဲ့လေ ပေါက်စီက လွမ်းနေရတာကို ကြိုက်တယ်။ အဲဒါကြောင့် လွမ်းချင်လို့ကို ကိုယ်တိုင်ပဲ သက်သက်မဲ့ ရန်ရှာ၊ ပြဿနာရှာပြီး Feel နေတာ။ အဲလိုလုပ်ပြီးရင် ကိုယ်ပဲဖုန်းတွေမဆက်၊ မကိုင်ဘဲ Feel ဖြစ်နေတာ။ ဝတ္ထုတွေဖတ်ပြီးရင်လည်း ဝတ္ထုထဲက အတိုင်းခံစားပြီးအပြင်မှာ အဲဒီလိုဖြစ်နေရော။ Drama Queen ပေါ့နော်။ ပေါက်စီက စိတ်နှစ်ခွ။ လွမ်းလည်း အရမ်းလွမ်းတတ်၊ ချစ်လည်း အရမ်းချစ်တတ်တယ်။ ဒါပေမဲ့ တဖက်မှာလည်း အချစ်အတွက် စိတ်မညစ်စေချင်ဘူး။ တကယ်က ကိုယ်ပဲမျိုးစုံကနေတာ။ မေထုန်ရာသီဖွားမို့လား မသိဘူး”လို့ ဆိုပါတယ်။
Credit:NewsWatch

Leave a Reply

Your email address will not be published. Required fields are marked *