စိတ်ဖိစီးမှုတွေ သက်သာစေမယ့် နည်းငါးသွယ်

ကျွန်တော်တို့အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုတွေ ရတတ်ပါတယ်။ တခါတလေမှာ အလုပ်ကြောင့်ဖြစ်နိုင်သလို၊ လူမှုရေး ကိစ္စတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကျောင်းသားလေးတွေကတော့ စာတွေပိလို့လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် စိတ်ဓာတ်ကျတာနဲ့ ချက်ချင်းမောင်းထုတ်ပစ်ရမှာပါ။ လွယ်လွယ်ကူကူနဲ့ စိတ်ဖိအားတွေ အမြန်ဆုံးကင်းမယ့် နည်းလမ်းတွေကို MyanmarNote ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁)ကောင်းကောင်းစားပါ။
အစားကောင်းကောင်းတွေဟာ ခန္ဓာကိုယ်မှာရှိတဲ့ စွမ်းအင်တွေ ပြန်လည်ပြည့်ဖြိုးလာစေဖို့ အထောက်အကူပြုပါတယ်။ စွမ်းအင်ပြည့်ဖြိုးမှ ဦနှောက်က အလုပ်လုပ်မှာပါ။ အဲ့အခါမှ ဖိအားတွေတွေဝင်နေတဲ့ စိတ်ကို ပြန်လည်လန်းဆန်းစေပြီးတော့ ကောာင်းကောင်းမွန်မွန်ပြန်အလုပ်လုပ်စေမှာပါ။ တစ်ခု သတိပြုရမှာက ကဖိန်းဓာတ်ပါတဲ့ ကော်ဖီ၊ အရက်၊ ဘီယာ၊ သန့်စင်ထားတဲ့ သကြားလို အစားအစာတွေ ရှောင်ပြီး လတ်ဆတ်တဲ့ အသား၊ ငါး၊ အသီးအရွက်တွေ များများစားပါ။

Happy young man breathing deep

(၂)လှုပ်ပါ၊ ကပါ။
မှန်ပါတယ်။ စိတ်ဖိအားတွေကင်းအောင် ကဖို့၊ လှုပ်ရှားဖို့လိုပါတယ်။ လေ့ကျင့်ခန်း အပေါ့စားလေးတစ်ခုကို စိတ်နှစ်ပြီး လုပ်ကြည့်လိုက်ပါ။ ပူပန်နေတဲ့ စိတ်တွေ လျော့သွားပါလိမ့်မယ်။ ကတာကတော့ တကယ့်ကို ကောင်းတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပြီး ဖြစ်နိုင်ရင် နေ့တိုင်းကပေးသင့်ပါတယ်။ လုပ်ကြည့်မှ သိမှာမလို့ သွေးလည်ပတ်မှုကောင်းတဲ့ ဒီလိုအရာတွေကို စမ်းကြည့်သင့်ပါတယ်။

(၃)ညဘက်ကို အိပ်ပျော်အောင်အိပ်ပါ။
အိပ်စက်ခြင်းနဲ့ ဖိအားဆိုတာက တွဲနေတဲ့ အရာတစ်ခုပါ။ ခေတ်လူငယ်အများစုက အိပ်ရေးမဝတော့တာတွေလည်းပါပါတယ်။ ညဘက်ကို ဖုန်းမသုံးဘဲ နေပြီး အိပ်ရေးဝအောင် အိပ်လိုက်တာက ဖိအားတွေဝင်နေတဲ့ စိတ်ကို သက်သာစေမှာပါ။ အနည်းဆုံး (၈)နာရီလောက် အိပ်သင့်ပြီး တကယ့် စိတ်ဖိအားကို လျှော့ချပေးနိုင်ပါတယ်။

(၄)ရှုခင်းကောင်းကောင်း ကြည့်ပါ။
ဒီနေရာမှာ ကိုယ့်မျက်စိကို ကြည်လင်စေမယ့် အရာတွေ အကုန်ပါပါတယ်။ ကောင်မလေးချောချောလေးတွေလိုက်ကြည့်တာ၊ ကောင်လေးအမိုက်စားတွေ ကြည့်တာ၊ ကောင်းကင်ပြာပြာကြီးကို ကြည့်တာ၊ လန်းဆန်းတဲ့ သဘာဝကို ခံစားတာတွေက စိတ်ဖိအားကို လျှော့ချနိုင်ပါတယ်။ အကောင်းမြင်စိတ်နဲ့ ကြည့်ဖို့တော့ လိုပြီး ဥပမာ အတွဲတွေ ကြည်နူးတာတွေ့ရင် လိုက်ဖက်လိုက်တာလို့ မတွေးဘဲ အမြင်ကပ်နေရင်နေတော့ ဖိအားတွေ တိုးလာဖို့ပဲ ရှိပါတယ်။

(၅)အသက်၀၀ရှုပါ။
အသက်ရှုကြည့်လိုက်ပါ။ ဖိအားတွေ အကုန်ကင်းစင် လွှင့်ထွက်သွားပါလိမ့်မယ်။ တခါတလေ ကျွန်တော်တို့ အသက်ရှုဖို့တောင် မေ့နေတာမလား။ စိတ်ဖိအားဝင်နေပြီ ဆိုရင် ဘာမှမစဉ်းစားခင် အရင် အသက်ရှုကြည့်လိုက်ပါ။ နည်းလမ်းကောင်း တစ်ခုပါပဲ။
MyanmarNote

Leave a Reply

Your email address will not be published. Required fields are marked *