ယခုတိုင် အသက်ရှင်လျက်ရှိနေသေးတဲ့ ဂျပန်နိုင်ငံရဲ့ နောက်ဆုံးနင်ဂျာ

ယခုတိုင် အသက်ရှင်လျက်ရှိနေသေးတဲ့ ဂျပန်နိုင်ငံရဲ့ နောက်ဆုံးနင်ဂျာ

သူကတော့ အသက် ၆၃ နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ အင်ဂျင်နီယာ Jinichi Kawakami ပဲဖြစ်ပါတယ်။ အင်ဂျင်နီယာအလုပ်နဲ့ မီးခိုးဗုံး တွေကြားမှာကိုယ်ရောင်ဖျောက်ပြီးသွားလာနေတဲ့ လျို့ဝှက်လူသတ်သမား အလုပ်နဲ့ဟာဘယ်လိုမှ မအပ်စပ်ပါဘူး။


ဒါပေမယ့် သူဟာ ဂျပန်နိုင်ငံရဲ့ နောက်ဆုံးနင်ဂျာတစ်ယောက်ဖြစ်ပါတယ်။ လိမ်နေတဲ့သူတစ်ယောက်မဟုတ်ပဲ တကယ့်အစစ်အမှန်နင်ဂျာတစ်ယောက်ပါပဲ။ သူဟာ ဘန်ဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်ပါတယ် ။ဘန်ဂိုဏ်းဆိုတာကတော့ လွန်ခဲ့တဲ့ နှစ် ၅၀၀ လောက်ကပေါ်ထွက်ခဲ့တဲ့ နင်ဂျာဂိုဏ်းတစ်ခုပဲဖြစ်ပါတယ်။

Jinichi ဟာ ယနေကထက်တိုင်အသက်ရှင်နေတဲ့ ဂျပန်ရဲ့စပိုင်တွေထဲကတစ်ယောက်ပါ။သူဟာ အသက် ၆ နှစ်အရွယ်မှာ နင်ဂျာလောကထဲဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ သူ့ရဲ့ပထမဆုံးဆရာကတော့ ဘုန်းတော်ကြီး Masazo Ishida ပဲဖြစ်ပြီးတော့ Jinichi ဟာ ဒီနင်ဂျာသိုင်းတွေကို လေ့ကျင့်မိမှန်းမသိလေ့ကျင့်နေခဲ့မိတာပါ။
အချိန်အတော်ကြာတဲ့အခါမှ သူလေ့ကျင့်နေတာတွေဟာ Ninjustu သိုင်းတွေဖြစ်နေကြောင်းသတိထားမိခဲ့တာပဲဖြစ်ပါတယ်။ သူဟာ အာရုံစူးစိုက်မှုအလွန်အားကောင်းအောင်လေ့ကျင့်ခဲ့တဲ့အတွက် ကြမ်းပေါ်အပ်ကျတာတောင်သိနိုင်တဲ့သူဖြစ်ပြိး နံရံတွေပေါ်လည်း ပြေးတက်နိုင်တဲ့သူတစ်ယောက်ပါ။

ဓါတုဗေဒပစ္စည်းတွေကိုရောစပ်ကာမီးခိုးဗုံးလုပ်တတ်ပြီးတော့ အပူအအေးနာကျင်မှု ဒါတွေကို ခံနိုင်အောင်လေ့ကျင့်ထားတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့အသက် ၁၉ နှစ်အရွယ်မှာ ဆရာအဖြစ်ခန့်အပ်ခံရပြီး လျို့ဝှက်စာလိပ်ကိုပေးအပ်ခြင်းခံခဲ့ရပါတယ်။
နင်ဂျာသိုင်းတွေကတော့ ရန်သူတွေကိုရက်ရက်စက်စက်သတ်ဖြတ်ဖို့မဟုတ်ပဲ ရန်သူမသိအောင် လျို့ဝှက်လှုပ်ရှားသွားလာနိုင်မယ့် နည်းစနစ်တွေပဲဖြစ်ပါတယ်။ အခုချိန်မှာတော့ တကယ်နင်ဂျာစစ်စစ်တွေမရှိတော့တဲ့အပြင်သူ့ရဲ့ခေါင်းဆောင်နေရာကိုလည်းဘယ်နင်ဂျာမှ ဆက်ခံမှာမဟုတ်ကြောင်းပြောပြခဲ့ပါတယ်။
ဒီခေတ်သစ်လောကကြီးဟာနင်ဂျာတွေအတွက်မသင့်တော်တဲ့လောကတစ်ခုလို့သူကထင်မြင်ထားလို့ပဲဖြစ်ပါတယ်။
Crd Daily Hot News

Leave a Reply

Your email address will not be published. Required fields are marked *