တမလွန်ရှိကြောင်းပြချင်လို့ ကိုယ့်ကိုယ်ကို သတ်သေခဲ့သူ

၁၉၂၁ ခုနှစ်ရဲ့ စက်တင်ဘာလ ၆ ရက်နေ့မှာ Thomas Lynn Bradford ဆိုတဲ့ လူသိများတဲ့ ပါမောက္ခတစ်ဦးဟာ ကိုယ့်ကိုယ်ကို သတ်သေခဲ့ပါတယ်။ ဖြစ်ပွားတဲ့နေရာကတော့ အမေရိကန်နိုင်ငံ Michigan ပြည်နယ်က Detroit မြို့မှာပဲ ဖြစ်ပါတယ်။ ဒီလိုသတ်သေတာဟာ ကမ္ဘာကျော်ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။

အကြောင်းကတော့ သူဟာ အခြားသူတွေလို ဘဝကိုရင်မဆိုင်နိုင်လို့ ၊ စိတ်ညစ်လို့ သေကြောင်းကြံခဲ့တာ မဟုတ်ပဲ နောက်ဘ၀ တမလွန်ဆိုတာကို ရှိကြောင်း သက်သေပြဖို့ ကိုယ့်ကိုယ်ကို သတ်သေခဲ့ခြင်း ဖြစ်တာကြောင့်ပါ။ ဒီလိုသေပြီးတာနဲ့ နောက်တစ်နေ့မှာ နောက်ဘဝရှိကြောင်းပြနိုင်ဖို့ သူ့ကိုကူညီပေးခဲ့သူ Ruth Doran ဆိုတဲ့ အမျိုးသမီးကို ပြန်ဆက်သွယ်မယ်လို့ တရားဝင်ကြေငြာခဲ့ပါတယ်။

အဲဒီနောက်တော့သူဟာ သူ့ရဲ့တိုက်ခန်းထဲမှာပဲ အခန်းတံခါးကိုအလုံပိတ် ဂတ်စ်မီးဖိုက ဂတ်စ်များအပြည့်လွှတ်စေကာ သေကြောင်းကြံပြီး သေဆုံးသွားပါတော့တယ်။ ကမ္ဘာ့နာမည်ကြီး သတင်းစာ မီဒီယာတွေက ဒီဖြစ်ရပ်ကို စိတ်ဝင်တစားစောင့်ကြည့်ပြီး Bradford ဆက်သွယ်လာမယ့် အချိန်ကို ရက်ပေါင်းများစွာစောင့်ဆိုင်းနေကြပေမယ့် Ruth Doran ဆီက ဘာသံမှ မကြားခဲ့ရပါဘူး။

 

Thomas Lynn Bradford ဟာ သေဆုံးသွားပြီးတဲ့နောက် ဘယ်သူ့ကိုမှ ပြန်လည်မဆက်သွယ်နိုင်တော့တာကို တွေ့ရှိခဲ့ရပါတယ်။ တမလွန်ရှိကြောင်းကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့ ပါမောက္ခ Bradford ရဲ့ အဖြစ်ဟာ ကမ္ဘာကျော်သွားပြီး နယူးယောက်တိုင်းသတင်းစာက “Dead Spiritualist Silent” လို့ နာမည်တပ်ခဲ့ပါတယ်။

Credit : သုတဇုန္

Leave a Reply

Your email address will not be published. Required fields are marked *