လွမ်းနေရတာ ကြိုက်တယ် ဒီအရွယ်ရောက်မှ အချစ်အတွက် စိတ်မညစ်ချင်ဘူးဆိုတဲ့ မအေးသောင်း

ဆယ်ကျော်သက်အရွယ်မှာ ခေတ်တခေတ်ကိုဖြတ်သန်းခဲ့ပြီး အခုလက်ရှိ တကျော့ပြတ်ထနေတဲ့ မအေးသောင်း မြန်မာဆန်ဆန် ဒီဇိုင်းလေးတွေနဲ့ ရိုးရိုးယဉ်ယဉ်ပြင်ဆင်တတ်တဲ့ သူမရဲ့အလှကြောင့် ပုရိသတွေရဲ့ပါးစပ်ဖျားမှာ မအေးသောင်းရယ်လို့ သတင်းကျော်စောလေသူက သရုပ်ဆောင် အေးဝတ်ရည် သောင်းပါ။ သူမ ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေကိုလည်း မကြာမီ ပရိသတ်တွေ ခံစားကြည့်ရှုရတော့ မယ်လို့သိရပြီး လတ်တလောကတော့ ကြော်ငြာတွေရိုက်တာများနေတယ်လို့ သိရပါတယ်။
”အမုန်းစွဲဆိုတဲ့ဇာတ်ကားမှာ ပေါက်စီရဲ့ Scene က သိပ်မပါဘူး။ ဒါပေမဲ့ ပါတဲ့ Scene တိုင်းကတော့ ကိုယ့်ရဲ့ကာရိုက်တာနဲ့မိပြီး လုပ်ကွက်လေးတွေရှိတယ်။ ပေါက်စီရိုက်ထားတဲ့ ဇာတ်ကားတွေကို မြန်မြန်ရုံတင်ချင်နေပြီ။ တချို့ပရိသတ်တွေက ကိုယ့်ကို မအေးသောင်းဆိုတာ ဘာလဲပေါ့။ သူက ဘာအနုပညာ တွေလုပ်လဲဆိုပြီး ကိုယ့်ကိုခေါင်းစဉ်ရှာမရဘူး ဖြစ်နေတယ်။ မအေးသောင်းဆိုတာ မြန်မာဝတ်စုံလေးနဲ့ ဆံပင်ရှည်ရှည်နဲ့ဆိုတာလောက်ပဲသိကြတယ်။ ကျန်တာ ဘယ်ရုပ်ရှင်မှာ၊ ဘယ်ဇာတ်ကားမှာ ဘာလုပ်ခဲ့ တယ်ဆိုတာကို ပရိသတ်တွေက မသိကြဘူး။ အဲဒါကြောင့် ပေါက်စီသရုပ်ဆောင်ထားတာ ပရိသတ်တွေကို တွေ့စေချင်တယ်”လို့ ဖွင့်ဟပါတယ်။
လူတွေစိတ်ဝင်စားကြတဲ့ အချစ်ရေးနဲ့ပတ်သက်လို့ကတော့-
”အချစ်ရေးကတော့ အေးဆေးပါပဲ။ ဒီအရွယ်ရောက်မှ ဒီကိစ္စအတွက်လည်း စိတ်မညစ်ချင်ဘူး။ ဒါပေမဲ့လေ ပေါက်စီက လွမ်းနေရတာကို ကြိုက်တယ်။ အဲဒါကြောင့် လွမ်းချင်လို့ကို ကိုယ်တိုင်ပဲ သက်သက်မဲ့ ရန်ရှာ၊ ပြဿနာရှာပြီး Feel နေတာ။ အဲလိုလုပ်ပြီးရင် ကိုယ်ပဲဖုန်းတွေမဆက်၊ မကိုင်ဘဲ Feel ဖြစ်နေတာ။ ဝတ္ထုတွေဖတ်ပြီးရင်လည်း ဝတ္ထုထဲက အတိုင်းခံစားပြီးအပြင်မှာ အဲဒီလိုဖြစ်နေရော။ Drama Queen ပေါ့နော်။ ပေါက်စီက စိတ်နှစ်ခွ။ လွမ်းလည်း အရမ်းလွမ်းတတ်၊ ချစ်လည်း အရမ်းချစ်တတ်တယ်။ ဒါပေမဲ့ တဖက်မှာလည်း အချစ်အတွက် စိတ်မညစ်စေချင်ဘူး။ တကယ်က ကိုယ်ပဲမျိုးစုံကနေတာ။ မေထုန်ရာသီဖွားမို့လား မသိဘူး”လို့ ဆိုပါတယ်။
Credit:NewsWatch

ဒါရိုက်တာ မိုက်တီး အဖမ်းခံရတာနဲ့ ပတ်သက်ပြီး ရင်ဖွင့်လာတဲ့ ခင်လှိုင်

နာမည်ကြီးဟာသ သရုပ်ဆောင်မင်းသား ခင်လှိုင်ကတော့ တလောတုန်းက မူးယစ်ဆေးမှုနဲ့ အဖမ်းခံလိုက်ရတဲ့ ဒါရိုက်တာ မိုက်တီးနဲ့ ပတ်သက်ပြီး ပြောကြားသွား ခဲ့ပါတယ်။ မိုက်တီးဟာ သူ့အတွက်တော့ အစ်ကိုတယောက်လို ဆရာတယောက်လို သူငယ်ချင်းတယောက်လို ခင်ရကြောင်း နဲ့ တကယ့်ကို အရည်ချင်းရှိတဲ့ ဒါရိုက်တာ တယောက်ဖြစ်ကြောင်းကိုလည်း ပြောကြားသွားခဲ့ပါတယ်။ ခင်လှိုင်နဲ့ ဒါရိုက်တာမိုက်တီးကတော့ အနုပညာလောကသားတွေ ဖြစ်ပြီး မိုက်တီးအနေနဲ့ ဒီလိုမျိုးဖြစ်သွားတာ စိတ်မကောင်းကြောင်း ခင်လှိုင်ကတေ့ာ ရင်ဖွင့်လာတာ ဖြစ်ပါတယ်။

 

ခင်လှိုင်ကတော့ Mc နဲ့အင်တာဗျူးမှာတော့ ဒါရိုက်တာ မိုက်တီးနဲ့ ပတ်သက်ပြီး “သူက ကျွန်တော် အစ်ကို ဆရာ သူငယ်ချင်း တစ်ယောက်လိုပါပဲ။ ပြီးတော့ သူ့ကားတွေက ထွက်ခဲပါတယ်။ သူရိုက်ရင်လည်း သူ့ရဲ့ဟာသကားလေးတွေက သူများနဲ့ မတူပဲ လိုင်းတလိုင်းထွက်တယ်လေ။ အခုကတော့ သူပြသာနာလေး တခုကြောင့် ပွဲလေးတွေကိုလည်း သူလာနိုင်မှာ မဟုတ်ပါဘူး။ တကယ်ကို စိတ်ထဲမှာ မကောင်းပါဘူး”

ဒါရိုက်တာမိုက်တီးအပေါ် ထင်မြင်ချက်နဲ့ ပတ်သက်ပြီး “ကိုမိုက်ကတော့ စိတ်ရှင်းတဲ့ သူတယောက်ပါ။ စကားပြောရင်လည်း ပရိယာယ် မပါဘူး။ ပွင့်လင်းစွာ ပြောတတ်တယ်။ အငြိုးအတေးတွေ မရှိပါဘူး။ ဒီကိစ္စကတော့ သူ့အနေနဲ့ ဝဋ်ကြွေးတစ်ခုကို ဆပ်ရတာပေါ့။ ပြန်ပြီး အလုပ်တွေ မြန်မြန်လုပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ အဓိကက ကိုမိုက်က ကျန်းမာရေးလည်း မကောင်းပါဘူး။ ကျန်းမာရေးကောင်းပြီးတော့ အထဲမှာသူအခက်အခဲတွေကို ကျော်လွှားနိုင်ပါစေလို့ ဆုတောင်းပါတယ်။ သူရိုက်ခဲ့တဲ့ ရိုက်စားဆိုတဲ့ ရုပ်ရှင်ကားကြီး ကိုလည်း ကျွန်တော်တို့နဲ့ တူတူမကြည့်နိုင်တာ စိတ်မကောင်းပါဘူး။ ဒါကြောင့် ဝဋ်ကြွေးတွေလည်း အမြန်ကုန်ပါစေ အရင်ကလိုပဲ အနုပညာတွေ ပြန်လည်ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”

ဒါရိုက်တာမိုက်တီးရိုက်ခဲ့တဲ့ ရိုက်စားဆိုတဲ့ ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့ ရိုက်စား ရိုက်ထားတာက နည်းနည်းတော့ကြာပြီဗျာ။ တချို့ဇာတ်လမ်းထဲက အခန်းတွေတောင် ကျွန်တော်တို့ မမှတ်မိတော့ပါဘူး။ ကျွန်တော်တို့ ရုံတင်မှ တူတူကြည့်ကြတာပေါ့” ဟု ပြောကြားသွားခဲ့ပါတယ်။

Credit – Nanmalgyi

ပရိသတ်တွေ မမှတ်မိနိုင်လောက်အောင် အပြောင်းလဲကြီး ပြောင်းလဲသွားတဲ့ စုမေ

ကလေးဘဝကိုပြန်စဉ်းစားတာနဲ့လူတိုင်းမှာ အမှတ်တရတွေကိုယ်စီရှိမှာပါ။ အမှတ်တရတွေထဲကမှ အားလုံးတူညီတဲ့အမှတ်တရကတော့ တီဗီမှာလာတဲ့ကြော်ငြာလေးတွေကြည့်ရတာပါပဲ။ ကလေးဘဝတုန်းက ကျောင်းတွေကျူရှင်တွေက ပြန်ရောက်တာနဲ့ လွယ်အိတ်ချ တီဗီရှေ့ထိုင် ထမင်းပန်ကန်လေးကိုင်ပြီး ကြော်ငြာကြည့်ရတာလဲ အရသာတစ်ခုပါ။

ကြော်ငြာတွေအားလုံးထဲမှာမှ “ကော်ဖီဆိုဂျာဗား” ဆိုတဲ့ ကြော်ငြာလေးကတော့ လူကြီးတွေသာမကပဲ ကလေးတွေပါ သဘောကျကြပါတယ်။ ချစ်စရာကလေးလေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ခုန်ကြ ကကြနဲ့ သီချင်းလေးဆိုကြတာ ကြည့်ရတာပျော်စရာကြီးပါ။

“ကော်ဖီဆိုဂျာဗား” ကြော်ငြာဆိုတာနဲ့ ကြော်ငြာထဲမှာ သရုပ်ဆောင်တဲ့ စုမေလေးကိုလဲ တွဲပြီးသတိရကြမှာပေါ့နော်။ စုမေဆိုတာ ငယ်ငယ်က ကြော်ငြာတွေ ရုပ်ရှင်တွေ MTV တွေမှာအမြဲတွေ့ရတတ်တဲ့ ပင်တိုင်စံကလေးသရုပ်ဆောင်တစ်ယောက်ပါ။ စုမေလေးက ချစ်စရာအမူအယာ အပြောအဆိုလေးတွေနဲ့ကျရာဇာတ်ရုပ်ကို အရွယ်နဲ့ မလိုက်အောင် ပီပီပြင်ပြင်သရုပ်ဆောင်နိုင်သူလေးပါ။

စုမေက အခုချိန်မှာ မိသားစုနဲ့အတူတူ လန်ဒန်မြို့မှာနေထိုင်နေပြီး ပညာသင်ကြားနေပါတယ်။ အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်တာကြောင့် ငယ်ရုပ်လေးကိုမမှတ်မိနိုင်လောက်အောင် အလှတွေပိုတိုးလာခဲ့ပါတယ်။ သူမကတစ်ခါတစ်လေ မြန်မာပြည်ကို အလည်လာပြီး အလှူအတန်းတွေပြုလုပ်လေ့ရှိပါတယ်။ လန်ဒန်မှာဆိုရင်လဲ သူမရဲ့ မိသားစု သူငယ်ချင်းတွေနဲ့ ဘဝကိုပုံမှန်အတိုင်းပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပါတယ်။


စုမေလေးက ပိုတောင်လှလာတယ်နော်…


စုမေလေးက အနုပညာအလုပ်တွေနဲ့အလှမ်းဝေးနေပြီဖြစ်ပေမယ့် သူမကိုယခုအချိန်ထိမမေ့ကြသေးပါဘူး။ စုမေအနုပညာအလုပ်တွေပြန်လုပ်မယ့်အချိန်ကိုလဲ ပရိတ်သတ်ကြီးကမျှော်နေဦးမယ်ထင်ပါတယ်။ စုမေလေးကို ချစ်ကြသေးတယ်ဆိုရင် ဒီပို့စ်လေးကို Like & Share လုပ်ဖို့လဲ မမေ့ကြပါနဲ့နော်။ ဝင်ရောက်ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးကျေးဇူးတင်ရှိပါတယ်။


မှတ်ချက်-မိုမိုလေးစာမျက်နှာမှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

အမေ့ဆန္ဒတွေကိုဖြည့်ဆည်းပေးမယ့် သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ Single Mother အဖြစ်ရပ်တည်နေတဲ့ အေးအေးခိုင်

အေးအေးခိုင်ရဲ့ တစ်ဦးတည်းသော သားလေး ဉာဏ်သွေးဟန်က နိုင်ငံခြားမှာ ကျောင်းတက်နေတာ ဖြစ်ပါတယ်။ မိခင်နဲ့ ခွဲပြီး ကျောင်းတက် နေရတာကြောင့်လည်း လွမ်းတယ်လို့ ဆိုပါတယ်။ သားလေးက သူ ဝါသနာပါတဲ့ အလုပ်နဲ့ မေမေ့ကို ရှာကျွေး မယ်လို့ ပြောပြခဲ့ပါတယ်။

ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင် အေးအေးခိုင်မှာတော့ အမေရိကမှာ ကျောင်းတက်နေတဲ့ သားလေးတစ်ယောက်ရှိပါတယ်။ သူကတော့ ဉာဏ်သွေးဟန်ဖြစ်ပါတယ်။ ဉာဏ်သွေးဟန် ဟာ နိုင်ငံခြားမှာ အဒေါ်ဖြစ်သူတွေနဲ့ အတူနေထိုင်တာဖြစ်ပြီး တစ်ခါတလေမှာတော့ မိခင်ကို အရမ်းလွမ်းတယ် ဆိုတဲ့အကြောင်း မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

” အရမ်းအခက်အခဲကြီးတော့လည်း မရှိပါဘူး။ ဒါပေမယ့် အမေကို လွမ်းတာတို့တော့ ရှိတာပေါ့။ ငယ်ငယ်ကတည်းက မေမေက ခရီးတွေ ခဏ၊ ခဏ သားတို့လည်း အိမ်မှာနေခဲ့ရတာများတော့ နေသားတော့ ကျပါတယ်။ ဒါပေမယ့် ဖေ့စ်ဘွတ်တို့ကနေတဆင့် Video Call တွေလည်း ခေါ်လို့ရတယ်ဆိုတော့ အရင်တုန်းကထက် ပိုအဆင်ပြေပါတယ်” လို့ သူကဆိုပါတယ်။

ဉာဏ်သွေးဟန်က အခုဆိုရင် ၁၂ တန်းရောက်ပြီဖြစ်ပါတယ်။ သူ့အနေနဲ့ ကျောင်းပိတ်တုန်း မိခင်ဆီကို အလည်လာနေတယ်လို့ သိရပါတယ်။ အနုပညာရှင်တစ်ယောက်ရဲ့ သားဖြစ်ပေမယ့် သရုပ်ဆောင်အလုပ်ကို အဓိက မထားဘဲ စီးပွားရေးဘက်ကို သွားဖို့စဉ်းစားထားတယ်ဆိုတာကို ဆက်လက်ပြောပြခဲ့ပါသေးတယ်။

” အမေက သရုပ်ဆောင် ဆိုပေမယ့် သရုပ်ဆောင် မလုပ်ပဲ စီးပွားရေးဘက်ကိုပဲ သွားဖို့ စဉ်းစားထားပါတယ်။ မေမေ့ကိုလည်း ဝါသနာပါတဲ့ အလုပ် လုပ်ချင်တယ်ဆိုလုပ်၊ သားလည်း မေမေ့ကို ရှာကျွေးမယ်” ဆိုပြီးတော့ သြဂုတ်လ ၂၆ ရက်နေ့က ဟီးဟီးဟားဟား ရုပ်ရှင်အထူးပွဲက မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

အေးအေးခိုင်ကလည်း သူ့ရဲ့ တစ်ဦးတည်းသော သားလေး ဉာဏ်သွေးဟန်ကို အခုလက်ရှိမှာတော့ ပညာရေးကိုပဲ ဦးစားပေးစေချင်တယ်လို့ ဆိုပါတယ်။ သားဖြစ်သူရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ချုပ်ခြယ် မှုတွေ မရှိသလို ချွေးမလောင်းအပေါ်မှာလည်း လိုချင်တဲ့ သတ်မှတ် ချက်မျိုးတွေ မထားဘူးလို့ သူကဆိုပါတယ်။ ၇

” ဘယ်လို ချွေးမလောင်းဆိုတာကိုတော့ အစ်မက သတ်မှတ်ထားတာ မရှိပါဘူး။ အစ်မသားကိုလည်း အစ်မက ချစ်တဲ့အတွက် သူ့ကို ချစ်တဲ့ ချွေးမလောင်းကို ပဲ လိုချင်တယ်။ တခြားအရာတွေ မက်ပြီး စိတ်ဝင်စားမှာလည်း မဟုတ်ဘူး။ သူတို့ချင်းပေါင်းရတာလေ နားလည်မှု အပြည့် ပေးထားတယ်။ ဒါပေမယ့် သူ့မိဘ၊ ကိုယ့်မိဘ သိတတ်ဖို့ဘဲ လိုတယ်” လို့ ဆိုပါတယ်။

သရုပ်ဆောင် အေးအေးခိုင်ကတော့ မိသားစုအဝင်အနေနဲ့ သားလေးတစ်ယောက်ရှိတယ်လို့ သိရပါတယ်။ သူ့သားလေး ၆နှစ်အရွယ် ကတည်းက ခင်ပွန်းဖြစ်သူ ကွယ်လွန်ခဲ့တာကြောင့် သားလေးကိုလည်း အမေတစ်ယောက်လို ရော၊ အဖေ တစ်ယောက်လိုပါ ပြုစုခဲ့ရတာဖြစ်ပြီး အခုလက်ရှိမှာလည်း သားလေးပညာရေးအတွက်ကိုပဲ ပံ့ပိုးပေးနေတယ်လို့ ပြောပြခဲ့ဖူးပါတယ်။

မှတ်ချက်-ဆယ်လီရပ်ကွက်ပေ့ချ်မှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

ပရိသတ်တွေကို အနူးအညွတ်တောင်းပန်ရလောက်တဲ့အထိ ရင်ထဲမှာ ကျင်သွားတဲ့ သက်မွန်မြင့်

ပရိသတ်ကြီးရေ ဖြူစင်တဲ့အပြုံးအလှပိုင်ရှင်လေး သက်မွန်မြင့်ကတော့ အနေအေးပြီး သိမ်မွေ့စွာနေထိုင်တတ်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ကလေးနှစ်ယောက်မိခင်ဖြစ်တဲ့ သူမက ခင်ပွန်းနဲ့အတူ အေးချမ်းတဲ့ဘဝလေးကို ဖြတ်သန်းနေထိုင်နေသလို အနုပညာအလုပ်တွေကိုလည်း အကောင်းဆုံးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ သူမကိုအားပေးချစ်ခင်ကြတဲ့ ပရိသတ်များစွာရရှိထားတဲ့ မွန်က အခုတော့ လူတစ်ယောက်ကြောင့် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက သက်မွန်က ရိုက်ကွင်းတစ်ခုက ပုံလေးတွေတင်ရင်းနဲ့ အပြောင်ရုပ်လေးလုပ်ထားတဲ့ သူမရဲ့ပုံလေးကိုပါ တွဲတင်ရင်း ပရိသတ်တွေကိုပါ အပျော်သဘောနဲ့ challenge ခေါ်ခဲ့ပါတယ်။ သူမရဲ့ပို့စ်အောက်မှာ မွန့်ကိုချစ်တဲ့ပရိသတ်တွေက သူမလိုပုံလေးတွေရိုက်ပြီး comment ပေးခဲ့ကြပါတယ်။

မွန်ကိုချစ်တဲ့စိတ်တစ်ခုထဲနဲ့သာ အပျော်ကစားခဲ့ကြတာဖြစ်ပေမယ့် troller လို့ ယူဆရတဲ့လူတစ်ယောက်က ဒီပုံအောက်ကပုံတွေနဲ့ပတ်သတ်ပြီး မွန့်ကို troll ခဲ့ပါတယ်။ ဒီနေ့မနက်မှာတော့ မွန်ကဒီပုံနဲ့ပတ်သတ်ပြီး သူမစိတ်ထိခိုက်ရကြောင်းနဲ့ ပရိသတ်တွေလည်း အပြောခံရတာကြောင့် တောင်းပန်ကြောင်းကို facebook မှာ တင်ပြီးပြောခဲ့ပါတယ်။

သက်မွန်က ” ဒါကို မြင်တော့ ရင်ထဲ တော်တော်ကျင်သွားတယ်။စိတ်မကောင်းလိုက်တာဆိုတာ… ကိုယ်က ပျော်စေချင်လို့ စတာ, အကုန်လုံးကလည်း မွန့်ကို ချစ်ကြလို့လေ.. ဒါကို ဒီစကားလုံး သုံးပြီး ဒါမျိုးလုပ်တော့ ဘယ်လို လုပ်ပေးရမှန်းမသိဘူး.. ဒီကနေပဲ အားလုံး အားလုံးကို မွန် အနူးအညွတ်တောင်းပန်ပါတယ်နော် ..မွန့်ကြောင့် ဒီလို အပြောခံရတာ တကယ် စိတ်မကောင်းပါဘူး..တောင်းပန်ပါတယ်ရှင်” ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ ကဲ ပရိသတ်တွေလည်း သက်မွန်စိတ်မကောင်းဖြစ်နေရတဲ့အကြောင်းရင်းကို သိရှိစေဖို့ ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။

Source: Myanmarload.com

တကယ်လား ဂျင်းလား ဆိုပြီး ပရိသတ်တွေငြင်းနေကြတဲ့ မက်ဆီရဲ့ (ဗီဒီယိုဖိုင်)

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဘာစီလိုနာအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ရိုက်ကူးခဲ့တဲ့ မက်ဆီရဲ့ ဗီဒီယို ဖိုင်ဟာ အတုလား.. အစစ်လားဆိုပြီး ပရိသတ်တွေကြားမှာ အငြင်းပွားနေကြပါတယ်။ အဲဒီ ဗီဒီယိုဖိုင်အတိုလေးထဲမှာတော့ ကိုက် (၅၀) အကွာမှာ ရပ်နေတဲ့ ရိုက်ကူးရေးသမားတစ်ယောက်ရဲ့ ပေါင်ကြားထဲကို ဘောလုံးဝင်အောင် ကန်လိုက်တဲ့ မက်ဆီရဲ့ စကေးကို တွေ့မြင်ရမှာဖြစ်ပြီး တကယ့်ကို ပါရမီရှင်တစ်ယောက်ရဲ့ စွမ်းဆောင်ရည်ပါ။

ဒါပေမယ့် ဒီဗီဒီယိုဖိုင်ကို ကြည့်ရသူတချို့ကတော့ မက်ဆီ ကန်လိုက်တဲ့ဘောလုံးလမ်းကြောင်းဟာ အဲဒီဖက်ကို ကန်တာမဟုတ်ဘူးလို့ ငြင်းနေကြသလို၊ တချို့ကလည်း မထင်မှတ်ပဲ ရောက်သွားတာလို့ ငြင်းနေကြပါတယ်။

ဘာကြောင့်လဲဆိုတော့ အဲဒီ ရိုက်ကူးရေးသမားတွေရဲ့ အရှေ့ဖက် မလှမ်းမကမ်းမှာ လေ့ကျင့်ရေးပစ္စည်းတွေကို လိုက်လံသိမ်းဆည်းနေသူတစ်ယောက်ရှိနေပြီး မက်ဆီကန်လိုက်တဲ့လမ်းကြောင်းက အဲဒီလူဆီ ဦးတည်နေတာကြောင့်ပါပဲ။

ဘောလုံးဟာ လမ်းတစ်ဝက်မှာမှ ဦးတည်ချက်ပြောင်းသွားတဲ့ပုံစံ ဖြစ်ခဲ့ပြီး ဘောလုံးက ရိုက်ကူးရေးလုပ်နေသူတစ်ယောက်ရဲ့ ပေါင်ကြားထဲကို တန်းတန်းမတ်မတ် ဝင်သွားခဲ့တာပါ။

တချို့ကတော့ ဒါဟာ မက်ဆီရဲ့ စကေး အစစ်အမှန်ပဲလို့ ထောက်ခံနေကြသလို တချို့ကလည်းဒါဟာ ပြန်လည်တည်းဖြတ်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခု ဖြစ်တယ်လို့ ပြောနေကြပါတယ်။

ဒီ ဗီဒီယိုဖိုင်ကို Adidas ကုမ္ပဏီကတစ်ဆင့် ပြန်လည်ထုတ်လွှင့်တာဖြစ်လို့ ဒါက တည်းဖြတ်ထားတဲ့ ဗီဒီယိုဖိုင်မျိုးမဟုတ်ပဲ မက်ဆီရဲ့ ဘောလုံးကျွမ်းကျင်မှုကို ပြတဲ့ ဗီဒီယိုဖိုင်ဆိုတာ သေချာသလောက်ပါပဲ။

 

ဖြိုးမြတ်အောင် ချစ်ပရိသတ်တွေ အတွက် အားရဝမ်းသာစရာ သတင်းကောင်းပါ

ဒါရိုက်တာ ဇင်ယော်မောင်မောင်မှ ဖြိုးမြတ်အောင် နှင့် ပိုင်ဖြိုးသု တို့ တွဲပြီး ရှေ့အပတ်တွင် ကြော်ငြာတစ်ခုရိုက်မည်ဖြစ်ကြောင်း ဒါရိုက်တာ ဇင်ယော်မောင်မောင်ရဲ့ ဖေ့ဘုတ်အကောင့်မှာ ယနေ့တင်ထားတာကို တွေ့ရပါတယ်..

ဇင်ယော်မောင်မောင် နဲ့ ဖြိုးမြတ်အောင်ပုံ တင်ထားခြင်းဖြစ်ပါတယ်.. ထိုပို့ကြောင့် ဖြိုးမြတ်အောင်ရဲ့ ပရိသတ်များကလည်း အရမ်းဝမ်းသာမျှော်လင့်နေကြောင်းကိုလည်း ကွန်မန့်တွေမှာ အားပါးတရ တွေ့မြင်ရပါတယ်…

ဖြိုးမြတ်အောင် ဟာ မြန်မာအိုင်ဒေါ ဝင်နာ တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာလည်း ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်မယ်လို့ ပရိသတ်များက ယုံကြည်ထားတဲ့ အနုပညာရှင်တစ်ယောက် အဖြစ် သတ်မှတ် မျှော်လင့်နေကြပါတယ်…

အခုလို နိုင်ငံကျော် ဝါရင့် အကယ်ဒမီများရှင် ဒါရိုက်တာကြီး ဦးဇင်ယော်မောင်မောင်ကိုယ်တိုင်က တွဲခေါ်ရိုက်ကူးပေးခြင်းကြောင့်လည်း ပရိသတ်များက အင်မတန်မှ ဂုဏ်ယူနေကြပါတယ်…

သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု ဆိုတာလည်း ပရိသတ်တွေ့ရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက်ဆိုတာ ပရိသတ်တိုင်း သိပြီးသားဖြစ်ပါတယ်..

ဦးဇင်ယော်မောင်မောင် တင်ထားတဲ့ ပို့မှာ “နောက် ခံ တေး သံ ရှင် ဖြိုး မြတ် အောင် ငွေ ဇင် လိူင်း..” လို့လည် ဖော်ပြထားပါသေးတယ်…

“ဖြိုးမြတ်အောင်ရယ်.. ပိုင်ဖြိုးသုတို့ နဲ့ ဧ က ရာဇာ ကြော် ညာ ကို ရှေ့အပတ်တွင်ရိုက်ကူးမည်ဖြစ်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် နောက် ခံ တေး သံ ရှင် ဖြိုး မြတ် အောင် ငွေ ဇင် လိူင်း..”

Zin Yaw Mg Mg / Source: TawThu
Photo – Original

ကြည့်ရှုသူ ၂ သန်းကျော်နဲ့ Share ပေါင်း ၁သိန်းနီးပါး ဖြစ်သွားတဲ့ အထက်တန်းကျောင်းသူလေး မေလသံစဉ်ရဲ့ ကိုယ်စောင့်နတ်

မေလသံစဉ်ဟာ သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်ကနေ Cover Songs လေးတွေကို ပြန်ဆိုပြီးတင်လေ့ရှိပါတယ်။

သူမရဲ့ အသံချိုချိုကိုယ်ပိုင်စတိုင်နဲ့သီဆိုပုံလေးတွေက တမူထူးခြားနေတာကြောင့် မေလသံစဉ်ဆိုပြီး နာမည်ကြီးလာခဲ့တာလည်းဖြစ်ပါတယ်။

မေလသံစဉ်ဟာဆိုရင် ယခုချိန်မှာတော့ အထက်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး ဂီတတူရိယာတွေလည်း တီးခတ်နိုင်တဲ့သူတစ်ဦးဖြစ်ပါတယ်။

ဂစ်တာနဲ့ ပီယာနိုကို ကျွမ်းကျင်စွာတီးခတ်နိုင်တဲ့အပြင် အဆိုပိုင်းကိုပါ ကောင်းမွန်စွာသီဆိုနိုင်သူလေးဖြစ်ပါတယ်။

အသက်(၆) နှစ်အရွယ်တည်းက ဂီတပညာရပ်တွေကို စိတ်ဝင်စားကြောင်းကိုယ့်ကိုယ်ကိုသိရှိခဲ့ရတယ်လို့လည်းဆိုပါတယ်။


နာမည်ကျော်ကြားတဲ့ တေးသီချင်းတွေကို ကိုယ်ပိုင်ဟန်နဲ့ ပြန်လည်သီဆိုတတ်တဲ့ ဆယ်ကျော်သက်တစ်ဦးလည်းဖြစ်တဲ့ဖြစ်တာကြောင့် လူသာငယ်ပေမယ့် အနုပညာအားကောင်းတဲ့ အနုပညာရှင်လေးတစ်ဦးမှန်း သိသာစေပါတယ်။

ဒီရက်ပိုင်းထဲမှာတော့ မေလသံစဉ်ဟာ အဆိုတော်ဖိုးပြည့်ရဲ့ ကိုယ်စောင့်နတ်သီချင်းကို ဂစ်တာလေးတစ်လက်နဲ့ သီဆိုထားတဲ့ ဗီဒီယိုဖိုင်လေးကို သူမစာမျက်နှာထက်မှာ တင်ထားခဲ့ပါတယ်။

ထိုဗီဒီယိုဖိုင်လေးဟာ ကြည့်ရှုသူ ၂ သန်းကျော်နေပြီဖြစ်တဲ့ ပရိသတ်တွေရဲ့ ချီးကျူးအားပေးမှုကို အပြည့်အဝခံယူနေရတာဖြစ်ပါတယ်။
Video & Photos-မေလသံစဉ်

 

We Love Cele

အခုချိန်ကျမှ ထပ်ပြီး ထွက်ပေါ်လာတဲ့ မြန်မာပြည်သိန်းတန်တို့ ဇနီးမောင်နှံရဲ့ ဖြိုးမြတ်အောင်ပေါ် အမြင်

မြန်မာပြည်သိန်းတန် ရှာဖွေတွေ့ရှိခဲ့တဲ့ ဝင်းနားဆုရှင် ဖြိုးမြတ်အောင်ရဲ့ ထူးခြားတဲ့ အရည်ချင်းတွေကို ထုတ်ပြော

မြို့တွေ ရန်ကုန်အပါအဝင် (၅) မြို့ လှည့်လည်ပြီးတော့ အန်ကယ်သွားတဲ့အခါမှာ Season 2 မှာ အန်ကယ် စလုပ်တည်းက ဒီအလုပ်ကို ငါလုပ်ရပြီဆိုတော့ အိုကေ မြန်မာပြည်တစ်ပြည်လုံးမှာ အင်မတန်လျော်ကန်သင့်မြတ်တဲ့ သီချင်းအဆိုကောင်းတဲ့သူ၊ အကျင့်စာရိတ္တလည်းကောင်းရမယ်။

အဲ့လိုလူတစ်ယောက်ကို ငါမတွေ့တွေ့အောင်ရှာမယ် ဆိုတဲ့စိတ်နဲ့ ဒီအလုပ်ကို ဝင်လုပ်တာပေါ့ကွာ။ အဲ့တော့ ပုသိမ်မှာ မောင်ဖြိုးမြတ်အောင် ဂစ်တာလေးတစ်လုံးနဲ့ လာပြီးတော့မှ ယှဉ်ပြိုင်တည်းက အန်ကယ့်ခေါင်းထဲမှာ သိလိုက်တယ်။ Season 3 မှာတော့ ဒီကလေးကို ငါတွေ့ပြီ။ သူ့ရဲ့အရည်ချင်းကို ခေါင်းထဲမှာသိမ်းထားလိုက်တယ်။

မြန်မာပြည်သိန်းတန်ရဲ့ အမျိုးသမီးဖြစ်သူ အန်တီနုနန္ဒာသန်းကလည်း တစ်ပြည်လုံးကိုလိုက်ရှာတည်းက သူကအထူးခြားဆုံးဆိုတာ သူသိလိုက်တယ် ဘယ်သူ့ကိုမှတော့မပြောဘူး သူ့နားက တအားသိတာကိုး နှစ်လေးဆယ်ကျော် ကလေးဘဝတည်းက ဂီတမှူးလုပ်ခဲ့တာလေ။ သိလည်းသိတယ်။

အသံတွေကိုတအားနားလည်တဲ့သူဆိုတော့ နားထောင်လိုက်တာနဲ့ သိလိုက်တယ်ဆိုပြီး မြန်မာပြည်သိန်းတန်ရဲ့ ဇနီးဖြစ်သူက ဆိုပါတယ်။ ဒီကောင်လေးက တော်တော်အရည်ချင်းရှိတယ်လို့လည်း သူက ကျမကိုပြောတယ် တခြားကလေးတွေလည်းတော်ပါတယ် ဒါပေမယ့် သူကထူးခြားနေတယ် လို့ထပ်ပြောပါသေးတယ်။

သူ့ရဲအသံအကြီးအလတ်အသေး သူ့မှာ အပြည့်အစုံပါတယ်။ သီချင်းဆိုတဲ့အခါမှာ သီချင်းထဲမှာ စီးမျောပြီးတော့မှ စကြာဝဌာ တစ်ခုလုံးကို သူ မေ့လျော့ထားပြီးတော့မှ သူ့အလုပ်ကိုသူ အကောင်းဆုံးလုပ်တာကို တွေ့ရတယ်။

ဒါဟာအဆိုတော်တွေရဲ့ အရေးကြီးတဲ့အရည်ချင်းတွေမှာ မပါမဖြစ်ပါတဲ့ အချက်ပဲ။ ပြီးတော့ သူ့ ဘော်ဒီထဲမှာ Vocal Effect ထည့်ထားသလိုပေါ့ ။ ပြီးတော့သူ့ရဲ့အသံမှာက နဂို ဖလေဗာက ရှိထားတယ်။ တုန်ခါတာလေးတွေပါတယ်။ သူ့မှာ Musical တွေပါတယ် အဲ့ဒါအရမ်းရှားတယ် နိုင်ငံခြားမှာပဲရှိတယ်။

Ref;8 Days TV & We Love Cele

ဘာသာမတူတဲ့ သူတို့နှစ်ယောက်အနေနဲ့ ကလေးတွေကို ဘယ်ဘာသာဖြစ်စေချင်မလဲ

လင်းလင်းက ဇနီးဖြစ်သူ ချစ်သုဝေရဲ့ မွေးနေ့မှာ မွေးနေ့လက်ဆောင် အဖြစ် စန္ဒရားအဖြူရောင်လေး ပေးခဲ့ပါတယ်။ သမီးလေးတွေနဲ့အတူ စန္ဒရား တီးချင်တယ်ဆိုတဲ့ ဇနီးဖြစ်သူရဲ့စကားကို မှတ်သားထားခဲ့ပြီး မွေးနေ့ လက်ဆောင်အဖြစ် ပေးခဲ့တာလို့ လင်းလင်းက ဆိုပါတယ်။ ဇနီးဖြစ်သူအတွက် မွေးနေ့ဆုတောင်းအနေနဲ့ လင်းလင်းက …

“သူက သမီးတွေနဲ့ ပတ်သက် ရင် တအားတာဝန်ကျေတဲ့ မိခင်၊ ဒီထဲ မှာပဲ စိတ်နှစ်ပြီးတော့ ရှိသမျှအလုပ်တွေတောင် မလုပ်ဘဲနဲ့ ဖျက်ပြီးတော့ သမီးတွေနဲ့ ဘဝကို နှစ်ထားတာဆိုတော့ မွေးနေ့ ဆုတောင်းကို သူနဲ့ သူ့သမီး တွေနဲ့ပဲတွဲပြီး ဆုတောင်းပေးချင်တယ်။ သမီးနှစ်ယောက်နဲ့ သူနဲ့ ဖြစ်ချင်တာတွေ လုပ်ချင်တာတွေ မှန်သမျှအားလုံး ဖြစ်ပါစေ၊ အဆင်ပြေပါစေ၊ အောင်မြင်ပါစေ လို့ပဲ ဆုတောင်းပေးချင်တယ်” လို့ ပြောပါတယ်။

လင်းလင်းက ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး ချစ်သုဝေက ခရစ်ယာန်ဘာသာကို ကိုးကွယ်တာဖြစ်တာကြောင့် ဘာသာ မတူပေမယ့်လည်း နားလည်မှု အပြည့်ရှိတဲ့ ဇနီးမောင်နှံလို့ ဆိုရမှာပါ။ သမီးလေးနှစ်ယောက်ကို ဘယ်ဘာသာဝင် ဖြစ်စေချင်လဲဆိုတာကိုတော့ လင်းလင်းက………

“ကျွန်တော်က ဖီးလ်ဖြစ်တယ်။ အယူဝါဒခံစားမှုတွေနဲ့ ပတ်သက်ရင် ကိုယ့်ကိုယ်ကိုယ်က အစ လွတ်လွတ်လပ်လပ်ပဲ ထားတယ်။ ကိုယ်ကိုယ်တိုင် လည်း ၂၀ဝ၇၊ ၂၀ဝ၈ ဝန်းကျင်မှာ ဘာသာမဲ့တစ်ယောက်ဖြစ်ဖူးတယ်။ ကိုယ့်ဘာသာကိုယ်ခံစားမှုတွေ များပြီးတော့ အယူဝါဒတစ်ခုပေါ်မှာ သံသယ တွေပွားခဲ့တယ်။ ရွှေဝါရောင် အရေးအခင်းအပြီးမှာပေါ့။ အဲဒါနဲ့ ပတ်သက်ရင် သူများကို ဘယ်လိုဆိုပြီး တစ်ခုခုပြောဖို့ နေနေသာသာ ကိုယ့်ကိုယ်ကိုယ်တောင် တော်တော် ပြင်ဆင်နေရတုန်းပဲ။ ဟိုးတလောက ဘုန်းကြီးဝတ်တယ်။ ဖား အောက်တောရမှာ ဝတ်ချင်တယ်ဆိုပြီး သွားဝတ်တယ်။”

“ကိုယ့်ကိုယ်ကိုယ်တောင် ပြောရရင် တစ်သက်လုံး တောင် ပြင်ဖို့ဆင်ဖို့ ပြီးဖို့ မလွယ်ဘူး။ ကိုယ့်သားသမီး ကိုပဲဖြစ်ဖြစ် မိန်းမကိုပဲ ဖြစ် ဖြစ်၊ တခြားသူတစ်ယောက် ကိုပဲ ဖြစ်ဖြစ် သွားပြီးတော့ ဝေဖန်ပိုင်းခြား ဆုံးဖြတ်တာ မျိုး မပြောနိုင်ဘူးထင်တယ်။ လူတစ်ဦးတစ်ယောက်က သူ့ အယူဝါဒ၊ သူ့ဘာသာတစ်ခုနဲ့ တောင်မှ ပြီးပြည့်စုံဖို့မပြောနဲ့ အဆင်သင့်ဖြစ်ဖို့ တစ်သက် လုံး ပြင်ဆင်နေရတာမျိုး၊ ကြိုက်တာလုပ်ပါလေ့စေ” လို့ ပြောပါတယ်။ လင်းလင်းက သူ့အနေနဲ့ သမီးလေးတွေက ယုံကြည်အားကိုးပြီး ဆိုးတိုင် ပင်ကောင်းတိုင်ပင် ပြုလုပ် နိုင်တဲ့ ဖခင်မျိုးပဲဖြစ်ချင်တယ် လို့ ဆိုပါတယ်။

Credit-Popular Journal