“ခါးနာပျောက်နည်း”

“ခါးနာပျောက်နည်း”

မယုံနိုင်စရာ ထန်းလျက်တစ်လုံးနဲ့ ခါးနာရောဂါယူပစ်သလို ပျာက်တဲ့နည်း…
.လုံးဝကိုမယုံနိုင်စရာပဲ လွယ်ကူလို့ သိမ်းထားလိုက်ပါ

ခါးနာ နေသောဝေဒနာရှင်က မိမိ တစ်ခါတည်းစား၍ ကုန်နိုင်မည့်အနေတော် ထန်းလျက်ငါးလုးံကိုလက်တွင်ဆုပ်ထားပါ ထို့နောက် အကျၤ ီချွတ်၍ ချောင်းသို့မဟုတ် မြစ်ထဲသို့ ဝေဒနာရှင် ၏ “ချက်” ရေမြုပ်သည်အထိ ဆင်းပါ ။

ချက် ရေမြုပ်သည့် နေရာတွင် ရပ်၍ လက်ထဲတွင်ဆုပ်ထားသော ထန်းလျက် ငါးလုးံ ကို တစ်ခါတည်းကုန်အောင်စားပါ စားပြီးပြီးခြင်း ရေမသောက်ရ ရေ ထဲမှ ပြန်တက်လာပြီး အဝတ် လဲ ကာ အဝတ် ခြောက်ဖြင့် ရေအားလုးံခြောက်သွားအောင် သုတ်ပစ်ပါ။

ပြီးနောက် အင်္ကျီ ီပြန်ဝတ် ချက်အောက်က အပူတရှိန်ရှိန် ထွက်နေခြင်းရပ်သွားမှ ရေ တစ်ခွက် သောက်ပြီး ရေချိုး ပါ တစ်ညအိပ် လွန်မြောက်သွားပါက ခါးနာ ဝေဒနာ ဘယ်နေရာမှန်း သိတော့မည်မဟုတ်ပါ…

ဒီနည်းဟာအတော်ကိုအံ့သြဖို့ကောင်းတဲ့နည်းဖြစ်လို့ ဂရုစိုက်ပီးစမ်းကြည့်ပေးပါ၊ လူတိုင်းလိုလို ခါးနာဖူးတော့ ဒီနည်းသာရထားရင် ဒီကိစ္စကအပျင်းပြေလိုဖြစ်နေမှာပါ…

အားလုံးသိအောင်လဲမျှဝေပေးခဲ့ပါဦး…

စန်းမြမြကြည်

Credit စိုက်ပျိုးရေးနှင့် အထွေထွေဗဟုသုတ

ပိန်တာကတော့ လက်တွေ့နော် … သဘာဝဆေးနည်းမို့ မျှဝေပေးတာပါဗျာ

မြန်​မာအိမ်​တိုင်​းမှာ သင်္ကြန်​​ရောက်​ရင်​
မြေအိုး​သေး​သေး​လေး​တွေ ဝယ်​ကြတယ်​​

ကျနော်ကအဲဒီ​ မြေအိုး ​သေး​သေး​လေးထဲက်ို
​ရေ မပြည်​့တပြည်​့ထည်​့ပြီး
မကျည်​းသီး လက်​တဆုပ်​ခန်​့
ထန်​းလျက်​ အလုံး​သေး​သေး​လေး​တွေ
၁၅လုံးခန်​့
ဆား ဇွန်​း​သေး​သေး တစ်​ဇွန်​းခန်​့

အဲဒီ ၃မျိုးကို ဒီအတိုင်​းထည်​့ထားလိုက်​တယ်​
မ​မွှေနဲ့ ​မွှေစရာမလိုဘူး
​မွှေရင်​ အဖတ်​မှုန​်​​​တွေထလာလိမ်​့မယ်

​တစ်​ချက်​မှမ​မွှေဘဲ သူ့ဘာသာ
ကြည်​တက်​လာတဲ့ အရည်​ကြည်​ကို
​ရေစစ်​ခွက်​က​လေးနဲ့ စစ်​ပြီး
​ရေမ​သောက်​ဘဲ ​ရေအစားထိုးပြီး
​သောက်​တယ်​

​သောက်​ရင်​ ဘာအကျိုးဖြစ်​မလဲဆို
အရင်​ စဉ်​းစားကြည်​့ရ​အောင်​

မကျည်​းသီးကို ​ကြေးဘုရား
​ကြေးခွက်​ေ​​တွ အညှိတွေတက်​​နေတာ​တွေကို
ပွတ်​တိုက်​​ဆေး​ကြော​ပေးရင်​
​ပြောင်​လက်​သွားတယ်​

အသားကိုင်​ထားတဲ့လက်​​တွေကို
မကျည်​းသီးနဲ့ ​ဆေး​ပေးရင်​ အနံ​ ့ပျောက်​တယ်​

တစ်​ချို့က ဆိတ်​သားကို အညှီနံ့ ​ပျောက်​​အောင်​
မကျည်း​သီးနဲ့ နှယ်​ပြီး​ဆေးတယ်​

​ကျနော်တို့လည်​း မကျည်း​​ဖျော်​ရည်​ကို​
ရေအစားထိုး ​သောက်​မယ်​ဆို
အမျိုးသား​တွေ​အတွက်​​ရော
အမျိုးသမီး​တွေ အတွက်​​ရော က​လေး
လူကြီးပါမကျန်​
​သောက်​တဲ့ အကျိုး​ကြောင်​့

ဝမ်​းတွင်​း​အေး​နေမယ်​
ကိုယ်​တွင်​းအဆိပ်​အ​တောက်​များကို
ဝမ်​းအဖြစ်​ဖယ်​ရှား​ပေးလို့
အပူအစပ်​ကင်​းစင်​ပြီး
မျက်​နာ​မှာ ထွက်​​နေတဲ့ ဝက်​ခြံ​တွေကို
ပါးသထက်​ ပါး​စေမယ်​
အမြဲတမ်​း​သောက်​​နေလို့
ဝက်​ခြံ​တွေ ​အမြစ်ပြတ်​​ပျောက်​သွားမယ်​

​ရောဂါမှန်​သမျှ အပူ​ကြောင်​့ဖြစ်​တာ
အခုလိုဥပမာ နဲ့​ပြောမယ်​
​ရေခဲ​သေတ္တာထဲကိုထည်​့ထားတဲ့ အသီးအရွက်​နဲ့
အပြင်​မှာထားတဲ့ အသီးအရွက်​လိုဘဲ

ကျနော် စမ်​းကြည်​့တုန်​းက
ရင်​​အေးတယ်​
ဝမ်​းမှန်​တယ်​
ဆီးမှန်​တယ်​
ခံတွင်​းရှင်​းပြီး အနံ့​ပျောက်​တယ်​
မျက်​လုံးကြည်​တယ်​
ဝက်​ခြံ​တွေ ​စင်​တယ်​

အထူးသဖြင်​့ သောက်​တုန်​းက
ဝက်​ခြံ​တွေ​ပျောက်​ချင်​လို့ ​သောက်​ခဲ့တာ

ပိုက်​ဆံမကုန်​လို့
အထင်​မ​သေးဘဲ စမ်​းကြည်​့ရ​အောင်​
ဝမ်​းတစ်​လုံး​ကောင်​းရင်​ ​ခေါင်​းမခဲဘူးဆိုတဲ့
​ရှေးစကားပုံလည်​း ရှိတယ်​​နော်​

ကျနော်တို့ အဖိုး အဖွား​တွေ
အခုလို သဘာဝအသီး​တွေကို
ကိုယ်​့ဘာသာ​ဖျော်​​သောက်​လို့
ဘာ​ရောဂါမှ မဖြစ်​ ​တဲ့အပြင်​
​ငွေ​တွေ အလဟသ မကုန်​ခဲ့လို့
ဘုရား​တွေတည်​ ​ကျောင်​း​တွေ​ဆောက်​
လှူဒါန်း​​ပေးကမ်း​နိုင်​ခဲ့ကြပြီး
အသက်​ရှည်​ခဲ့ကြတယ်​ဆိုတာကို
မ​မေ့နဲ့​နော်​ ။

​အောက်​က အိုး​လေးထဲမှာ
မကျည်​းသီးက ၁၀၀ ကျပ်​
ထန်​းလျှက်​က ၂၀၀ ကျပ်​
အားလုံး ၃၀၀ ကျပ်​သာကုန်​ပြီ
ဖန်​ခွက်​ကြီးနဲ့ ၂ခွက်​
ဖန်​ခွက်​​သေးနဲ့ ၃ခွက်​ ထွက်​ပါတယ်​ ။

Credit: San Thein Thein‎

မျှစ်ကို ကြိုက်လို့သာစားနေတယ်…ဒါလောက်အလွန်ထူးခြားတဲ့ စွမ်းပကားတွေရှိနေတယ်ဆိုတာ ခုမှ သိတော့တယ်….ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်နော်

မျှစ်ကို ကြိုက်​လို့သာစား​နေတယ်​…ဒါ​လောက်​အလွန်ထူးခြားတဲ့ စွမ်​းပကား​တွေရှိ​နေတယ်​ဆိုတာ ခုမှ သိ​တော့တယ်​….ဖတ်​ဖြစ်​​အောင်​ ဖတ်​ကြည်​့လိုက်​​နော်​

မြန်မာ လူမျိုးတွေက မျှစ်ကို ကြော်ချက်ပြီး ဟင်းလျာ အမျိုးမျိုး ပြုလုပ် စားသောက် တတ်ကြပါတယ်။

ဒါပေမယ့် မျှစ်တွေကို ဆေးဆိုးထားတယ် ဆိုတဲ့သတင်း ထွက်လာပြီးနောက်မှာ မျှစ်ကို စားဖို့ လက်တွန့် သွားကြပါတယ်။

ဒါကြောင့် ဆေးမဆိုး ထားတဲ့ မျှစ်တွေကို ရွေးချယ် စားသောက်ဖို့ အကြံပြုရင်း မျှစ်ကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေး စွမ်းပကားတွေကို ရေးသား လိုက်ရပါတယ်။

(၁) အစာခြေစနစ်ကျန်းမာ

ခြင်းမျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေ ပါတယ်။ မျှစ်ဟာ အစာအိမ် ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကိုလည်း သက်သာစေပါ တယ်။

(၂) နာတာရှည်ရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း

မျှစ်မှာ ဖီနောလစ်အက်စစ် များစွာ ပါဝင်မှုကြောင့် ရောင်ရမ်းမှု လျော့ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်း ရှိပါတယ်။

ဒါကြောင့် နှလုံးရောဂါ အပါအဝင် နာတာရှည် ရောဂါတွေ ကို လျော့ ကျစေပါတယ်။ မျှစ်မှာ ပါဝင်တဲ့ ပိုတက်စီယမ်ဟာလည်း နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၃) ပိုးသတ် အာနိသင်ရှိခြင်း

မျှစ်မှာ ဖိုင်ကိုကမ်မီကယ် များစွာ ပါဝင်တာကြောင့် ဖန်းဂတ်စ်မှိုတား အာနိသင်၊ ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်နဲ့ ကင်ဆာတား အာနိသင်တို့ ရှိကြပါတယ်။

(၄)သွေးဖိအားကို ထိန်းသိမ်းပေးခြင်း

မျှစ်မှာ ပိုက်တက်စီယမ် ပါဝင်မှု များတာကြောင့် သွေးတိုးကို ကျစေပါတယ်။ မျှစ်တစ်ခွက်မှာ တစ်နေ့တာ လိုအပ်တဲ့ ပိုတက်စီယမ် ပမာဏရဲ့ ငါးပုံတစ်ပုံ ပါဝင်နေပါတယ်။

(၅) မကောင်းသော အဆီကို ကျစေခြင်း

မျှစ်ဟာ မကောင်းတဲ့ ကိုလက်စထရော အဆီ (LDL) ကို လျော့ကျစေပါတယ်။ မျှစ်မှာ ကယ်လိုရီပါဝင်မှု လျော့နည်းတာကြောင့် အဝလွန်သူတွေနဲ့ သင့်တော်ပါတယ်။

ဒါ့အပြင် အမျှင်ဓာတ် ပါဝင်မှုများပြီး မကြာခဏ ဆာလောင်မှု လျော့နည်းတာကြောင့် ကိုယ်အလေးချိန် ထိန်းနေသူတွေအတွက် သင့်တော်ပါတယ်။ မျှစ်ရည်ဟာ အူလမ်းကြောင်းရှိ သန်ကောင်တွေကို လျော့ကျစေပါ တယ်။

(၆) ဝမ်းမှန်မှန်သွားစေခြင်း

မျှစ်မှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် အူလှုပ်ရှားမှုက ကောင်းမွန်စေပြီး နာတာရှည် ဝမ်းချုပ်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

မျှစ်တစ်ခွက် စားပေရင် တစ်နေ့တာ လိုအပ်တဲ့ အမျှင် ဓာတ် ပမာဏကို ရရှိစေပါတယ်။

(၇) အမျိုးသမီးများတွင် ရာသီစက်ဝန်း မှန်စေခြင်း

မျှစ်တွေဟာ ရာသီစက်ဝန်းကို လှုံ့ဆော်ပေးပြီး ရာသီမှန်မှန် လာစေပါတယ်။

(၈) သည်းခြေအိတ်ကို ကျန်းမာစေခြင်း

ရိုးရာ ဆေးနည်းအနေနဲ့ မျှစ်ကို သည်းခြေအိတ် ဝေဒနာတွေ လျော့ကျဖို့အတွက် အိမ်သုံးဆေးတစ်လက် အနေနဲ့ အရင်က အသိပြုခဲ့ကြပါတယ်။

(၉) ဒဏ်ရာငယ်များကို သန့်စင်စေခြင်း

မျှစ်ရည်ဟာ ဒဏ်ရာငယ်တွေကို သန့်စင်စေတယ်လို့ သိရပါတယ်။ သန့်ရှင်းတဲ့ မျှစ်ရည်က ဒဏ်ရာအပေါ် လိမ်းပေးရင် အနာကျက် မြန်စေတယ်လို့ တချို့က ယုံကြည်ကြပါတယ်။

(၁၀) သွေးထွက်နေသော လိပ်ခေါင်းကို သက်သာစေခြင်း

လိပ်ခေါင်းက သွေးထွက်နေရင် ဂနိုဆီးပူညောင်းကျရောဂါ ဖြစ်နေလျှင် မျှစ်ကို စားပေးပါက သက်သာစေတယ်လို့ တချို့က ဆိုပါတယ်။

credit to Good Health

ဆံပင်ဖြူပျောက်စေမဲ့ အလွယ်ကူဆုံးနည်းလမ်း

အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းဟာ လူငယ်တော်တော်များများမှာ တွေ့လာရတယ်။ ပုံမှန်အားဖြင့် အသက်(၄၀)ကျော်မှသာ ဆံပင်ဖြူကြပေမယ့် ဒီနေ့ခေတ်မှာတော့ အသက်(၂၀)ကျော်နဲ့ ဆံပင်ဖြူလာသူတွေ တွေ့လာရပြီ။
အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို premature grey hair လို့ ခေါ်ပါတယ်။ အမှန်တော့ ဆံပင်အရောင်ကိုဖြစ်စေတဲ့ ရောင်ခြယ်ဆဲလ် melanin ထုတ်လုပ်မှုနည်းလာလို့ ဖြစ်ပါတယ်။ အထူးသဖြင့် မျိုးရိုး၊ စိတ်ဖိစီးမှု၊ အာဟာရဓာတ်ချို့တဲ့မှုတွေက ဆံပင်အရောင်ကို ဖြူလာစေတယ်။

အသက်အရွယ်အရ ဆံပင်ဖြူသူတွေအတွက် သိပ်ကိစ္စမရှိပေမယ့် လူငယ်တွေအတွက်တော့ အိပ်မက်ဆိုးတွေသာ ဖြစ်တယ်။ အရွယ်မတိုင်ခင် ဆံပင်ဖြူလာတာနဲ့ ပက်သက်ပြီး လေ့လာကြည့်တဲ့အခါ မျိုးရိုးတခုတည်းတင်မဟုတ်ဘဲ အင်တီအောက်စီးဒင့်တမျိုးဖြစ်တဲ့ catalase ဓာတ် ချို့တဲ့ခြင်းနဲ့ ဆံသားအခြေမှာ hydrogen peroxide တွေ စုပုံနေခြင်းက အဓိကအကြောင်းရင်း ဖြစ်တယ်လို့ ဆိုတယ်။

ဒါဆို ဆံပင်မဖြူအောင် လုပ်လို့ရသလား။ ဟုတ်ကဲ့ ရပါတယ်။ အဲဒီအတွက် အကောင်းဆုံးနည်းက ကြက်သွန်နီရည်ဖြစ်တယ်။ ဆံပင်နဲ့ပက်သတ်ရင် ကြက်သွန်နီအရည်က တော်တော်ကောင်းပါတယ်။ အထူးသဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူနေတဲ့ လူငယ်တွေအတွက် သင့်တော်တယ်။

ဘာ့ကြောင့်လဲဆိုတော့ ကြက်သွန်နီက ထွက်တဲ့အရည်ထဲမှာ catalase ပမာဏကို မြင့်တက်စေနိုင်လို့ပါ။ catalase ကြောင့် ဆံပင်ရဲ့ ပုံမှန်အရောင်ကို ပြန်ရစေတယ်။ အဲဒီထဲကိုမှ သံပုရာရည် တဇွန်း ထည့်ပြီး ဦးရေပြားကိုလိမ်းရင် ဆံပင် ထူထပ်စေပြီး အဆီပြန်ခြင်း၊ဗောက်ထခြင်းကိုပါ ကင်းဝေးစေသတဲ့။

ကြက်သွန်နီရည် – လက်ဖက်ရည်ဇွန်း(၃)ဇွန်း

သံပုရာသီးရည် – လက်ဖက်ရည်ဇွန်း(၂)ဇွန်း

ကြက်သွန်နီကိုကြိတ်ပြီး ထွက်လာတဲ့အရည်ကို လက်ဖက်ရည်ဇွန်း(၃)ဇွန်းစာခန့် ယူပါ။ သံပုရာသီးကို အရည်ညှစ်ပြီး လက်ဖက်ရည်ဇွန်း(၂)ဇွန်းစာခန့်နဲ့ ရောပါ။ အဆိုပါအရောကို ဆံသားနဲ့ ဦးရေပြားကို လိမ်းပြီး မိနစ်သုံးဆယ်ကြာ ထားပါ။ ပြီးရင် ခပ်ပျော့ပျော့ shampoo တမျိုးမျိုး သုံးပြီး ခေါင်းပြန်လျှော်ပါ။

အဆိုပါ နည်းအတိုင်း တပတ်ကို ၅ရက်ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ နှစ်ပတ်အတွင်း ဆံပင်ဖြူခြင်းကို သိသိသာသာပျောက်ကင်းစေရုံသာမက ဆံသားပါးခြင်း၊ ဆံနွယ်ကျွတ်ခြင်းကိုပါ ကာကွယ်ပေးလိမ့်မယ်။

Credit : ဒေါက်တာ အေးမင်းထူး
#ကျန်းမာရေးအထွေထွေဗဟုသုတ

ထမင်းကြမ်း၊ ထမင်းကြော်စားတတ်သူများအတွက် သတိပြုဆင်ခြင်ဖွယ်ရာ သတင်းတစ်ပုဒ်

ဆန်ဟာ မြန်မာနိုင်ငံရဲ့ အဓိကအစားအစာဖြစ်ပါတယ်။ အာဟာရဓာတ်လည်း ကြွယ်ဝသလို၊ ဓာတ်မတည့်တာမျိုးတွေလည်း တော်တော်ဖြစ်ခဲတဲ့အတွက် အားလုံးအဆင်ပြေပြေစားသုံးနေတဲ့ အစားအစာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆန်ဟာ အထားအသို၊ စားသောက်ပုံ မှားသွားခဲ့ရင် တော်တော်ဆိုးဆိုးရွားရွား ဒုက္ခပေးနိုင်တယ်ဆိုတာ သိထားဖို့ အရမ်းကိုအရေးကြီးပါတယ်။

တစ်ခါတလေ အစားမှားသွားတဲ့အခါမျိုးတွေမှာ ဟင်းတွေထဲမှာ ဓာတ်မတည့်တာမျိုးရှိနေလို့ လို့ပဲ ထင်တတ်ကြပေမယ့် တကယ်တမ်းမှာ ဟင်းကြောင့်မဟုတ်ပဲ ထမင်းက ဖြစ်နေတာမျိုးလည်း ရှိပါတယ်။ ဆန်ကို နည်းလမ်းမှန်စွာ မချက်ပြုတ်တဲ့အခါ အစာအဆိပ်သင့်တတ်ပါတယ်။

လွန်ခဲ့သောလက အမေရိကန်နိုင်ငံ Texas ပြည်နယ်က အမျိုးသမီးတစ်ယောက်ဟာ (၈) ရက်တိတိ အရေးပေါ်အနေနဲ့ ဆေးရုံတက်ခဲ့ရပါတယ်။ အကြောင်းအရင်းကတော့ သူမဟာ ဘူဖေးဆိုင်က ထမင်းကြော်ကို စားမိလိုက်လို့ပါ။ ထမင်းကြော်ဟာ ကြော်ပြီး အချိန်ကြာတာနဲ့အမျှ အခန်းအပူချိန်ကြောင့် ဘက်တီးရီးယားပိုးမွှားတွေ ဖြစ်ပေါ်လာပြီး အစာအဆိပ်သင့်မှုတွေ ဖြစ်စေခဲ့တာပါ။ ဒါကို Fried Rice Syndrome လို့ခေါ်ပါတယ်။

ထမင်းကြမ်းစားတတ်တဲ့သူတွေအနေနဲ့လည်း ပြန်နွှေးတဲ့အခါမှာ ပူနွေးနေအောင် နွှေးဖို့ လိုအပ်ကြောင်း အထူးသတိပြုရပါမယ်။ ထမင်းကြမ်းပြန်နွှေးပြီး စားတတ်သူတွေမှာလည်း အစာအဆိပ်သင့်မှုတွေ ဖြစ်ပေါ်နိုင်တာကြောင့်ပါ။ ဖြစ်နိုင်ရင်တော့ ထမင်းကျန်တွေကို မစားဘဲနေရင် အကောင်းဆုံးပါပဲ။


ထမင်းကို ရေခဲသေတ္တာထဲမှာ ပူနေတုန်း မထည့်ဘဲ အအေးခံပြီးမှ ထည့်ပါ။ နောက်ပြီး ရေခဲသေတ္တာထဲမှာ တစ်ရက်ထက် ပိုကြာအောင် မထားရပါဘူး။ ထမင်းကို ပြန်နွှေးတဲ့အခါမှာလည်း ပူနွေးနေအောင် နွှေးရပါမယ်။ နောက်ပြီး ထမင်းကြမ်းတွေကို တစ်ခါထပ်ပိုပြီး လုံးဝပြန်မနွှေးသင့်တော့သလို၊ စားလည်း မစားသင့်တော့ပါဘူး။

Em Em

Credit: AuntyMay

သရက်ပင်အရွက်ရဲ့ အကျိုးကျေးဇူးတွေ ဘယ်လောက်များတယ်ဆိုတာ သင်သိပြီးပြီလား။

လူတိုင်းနီးပါး သရက်သီးကို ကြိုက်ကြပေမယ့် သရက်ပင်အရွက်ရဲ့အသုံးဝင်ပုံကိုတော့ မသိကြပါဘူး။ သရက်ပင်ရဲ့ အရွက်မှာ ဗီတာမင် စီ၊ ဗီတာမင် B၊ ဗီတာမင် A တို့ကြွယ်ဝစွာပါဝင်တဲ့အပြင် တခြား အာဟာရဓာတ်တွေလည်း အများကြီးပါဝင်ပါတယ်။ သူ့မှာ အားကောင်းတဲ့ Antioxidants ဓာတ်တွေလည်း ပါဝင်ပါတယ်။

ဆီးချိုကျစေတယ်

သရက်ရွက်က ဆီးချို ရောဂါအတွက် အရမ်းကောင်းပါတယ်။ သရက်ရွက်တွေမှာ Tannins ဆိုတဲ့ဓာတ်ပါဝင်ပြီး ဆီးချိုရောဂါရဲ့ အစတွေမှာ ကုသရာမှာ ကူညီပေးပါတယ်။ အရွက်ကို ပြောင်အောင်ဆေးပါ။ ခွက်၁ခွက်ထဲကို ရေထည့်ပြီး သရက်ရွက်ကို ထည့်ကာ တစ်ညလောက်စိမ်ထားပါ။ အဲ့ဒီအရည်ကိုသောက်ရင် ဆီးချိုကျစေပါတယ်။

သွေးတိုးကျစေ

သူတို့မှာ Hypotensive သတ္တိတွေပါဝင်တာကြောင့် သွေးတိုးကိုကျစေပါတယ်။

အပန်းပြေစေ

စိတ်တွေ ရှုပ်ထွေး၊ ဒေါသတွေထွက်စတဲ့ စိတ်လှုပ်ရှားမှုတွေဖြစ်နေပါသလား။ သရက်ရွက် ၃ ရွက်လောက်ကို ရေချိုးတဲ့ရေနွေးလေးထဲထည့်စိမ်ပေးပါ။ ပြီးရင်အဲ့ဒီရေနဲ့ စိမ်ပေးပါ။ ဒါဆိုရင် စိတ်ကိုတည်ငြိမ်စေပြီး အပန်းပြေစေပါတယ်။

အသက်ရှူလမ်းကြောင်းရောဂါကို သက်သာစေ

သရက်ပင်အရွက်က အအေးမိ၊ လေပြွန်ရောင်တာနဲ့ ပန်းနာရင်ကြပ်အစရှိတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို သက်သာစေပါတယ်။ ဒါကြောင့် သရက်ပင်ကအရွက်တွေကို ပြုတ်ပြီး ပျားရည်အနည်းငယ်ခပ်ကာ သောက်ပေးပါ။ အသံဝင်တာတွေအတွက်လည်းကောင်းပါတယ်။

ကျောက်ကပ်ကျောက်တည်တာတွေအတွက်လည်း ကောင်းမွန်

သရက်ရွက်က ကျောက်ကပ်မှာ ကျောက်တည်တာတွေအတွက်လည်း ကောင်းပါတယ်။ သရက်ရွက်တွေကို အခြောက်လှမ်းပြီး အမှုန့်ထောင်းကာ ရေထဲ တစ်ညစိမ်ပြီးသောက်ရင်လည်း ကျောက်ကပ် ကျောက်တွေကြေစေနိုင်ပါတယ်။

Source-my food

အလုပ်ခွင်မှာ ရေပမာဏ သောက်ပေးသင့်လဲ

တစ်နေ့တာ ရေလုံလောက်စွာ သောက်ဖို့ အရေးကြီးပါတယ်။ တစ်နေ့ကို ရေရှစ်ခွက်သောက်ရမယ်ဆိုတဲ့ စည်းမျဉ်းက အခုဆိုရင် စိတ်ကူးသက်သက်ဖြစ်သွားပြီဖြစ်ပါတယ်။ လူသားတွေရဲ့ ခန္ဓာကိုယ်က တစ်နေ့ကို ရေရှစ်ခွက်ထက်ပို ပြီး လိုအပ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ရေဘယ်လောက်သောက်သင့်လဲဆိုတာကို အမြဲတမ်းရေတွက်ရင် ကောင်းပါတယ်။ ဒါကြောင့် အခုဖော်ပြပေးမှာကတော့ အလုပ်ခွင်မှာ ရေဘယ်လောက်သောက်သင့်လဲဆိုတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။


သင်ဘယ်လောက်လိုအပ်လဲဆိုတာကို သိပါ

ယောကျာ်းဖြစ်မှု၊ မိန်းမဖြစ်မှုတွေက ခန္ဓာကိုယ်ရဲ့ ရေလိုအပ်မှုကို ပမာဏကို သက်ရောက်နိုင်ပါတယ်။ ယောကျာ်းလေးတွေက မိန်းကလေးတွေထက် ရေ ပိုသောက်ပေးဖို့ လိုအပ်ပါတယ်။ ယောကျာ်းလေးတွေက ပိုပြီးသန်မာပြီး မိန်းကလေးတွေထက် ကိုယ်အလေးချိန်ပိုတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ရေလိုအပ်မှုကို သိဖို့အတွက် စည်းမျဉ်း

လူတစ်ယောက်ရဲ့ တစ်နေ့တာရေလိုအပ်မှုကို တွက်ချက်ဖို့ ယေဘုယျစည်းမျဉ်းတစ်ခုအဖြစ် ဒီနည်းကို လိုက်နာရပါမယ်။ ကိုယ်အလေးချိန် ၁၅ကီလိုတိုင်းအတါက် ရေ တစ်လီတာကို သောက်ပေးရပါမယ်။ သင့်ကိုယ်အလေးချိန်က ၆၀ကီလိုဆိုရင် တစ်နေ့တာကို ရေလေးလီတာ သောက်ပေးရပါမယ်။

ရေသောက်ဖို့ အကောင်းဆုံးအချိန်

သင်ရေအရမ်းဆာနေတဲ့အခါမှာတော့ ရေသောက်ဖို့ အချိန်အတိအကျက အရမ်းကိစ္စမရှိပါဘူး။ သို့သော် မနက်ခင်းပိုင်းကို ရေပိုသောက်ပြီး နေ့ခင်းပိုင်းကို ရေနည်းသောက်တာက အကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုသောက်ပေးခြင်းက ခဏခဏ အိပ်ယာထပြီး ဆီးသွားရတဲ့ ဒုက္ခကို ကာကွယ်ပေးပါလိမ့်မယ်။

အလုပ်ခွင်မှာ ရေဘယ်လောက်သောက်သင့်လဲ

တစ်နေ့ကို ရေလေးလီတာ သောက်မယ်ဆိုရင် မနက်ပိုင်းမှာ ၂.၅လီတာ နဲ့ နေ့ခင်းပိုင်းကို ၁.၅လီတာ သောက်သင့်ပါတယ်။ အလုပ်ခွင်မှာဆိုရင် ၂လီတာမှ ၂.၅လီတာအထိ သောက်ပေးသင့်ပါတယ်။

ဘာကြောင့် အလုပ်မှ ရေလုံလုံလောက်လောက်သောက်ခြင်းက အရေးကြီးတာလဲ

အလုပ်မှာ အဲကွန်းခန်းမှာ နေရတဲ့အတွက် ရေဆာသလို မခံစားရတော့ဘဲ ရေတငုံသောက်ဖို့ တောင် ခက်ခဲပါတယ်။ ဒါကြောင့်ရေလုံလုံလောက်သောက်ပေးခြင်းက အရမ်းကို အရေးကြီးပါတယ်။ အလုပ်ဘက်က ကြည့်မယ်ဆိုရင် ရေဓာတ်လုံလောက်ခြင်းက သင့်ဦးနှောက်ကို ပိုအလုပ်လုပ်စေပြီး သင်ရဲ့လုပ်ဆောင်ရေးကိုလဲ တိုးတတ်စေပါလိမ့်မယ်။ ရေလုံလောက်စွာ သောက်ခြင်းက မောပန်းနွမ်းနယ်မှုကို လျော့ချစေပြီး သင့်ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို သန့်စင်ပေးပါတယ်။

From MM

နှာခေါင်းမွှေးနှုတ်ခြင်းက လူကို သေစေနိုင်တဲ့အထိ အန္တရာယ်ရှိ

သင်ဟာ မကြာခဏ နှာခေါင်းမွှေးနှုတ်တတ်တဲ့အကျင့် ရှိသူတစ်ယောက်လား? ဒါဆိုရင်တော့ သင့်အတွက် အန္တရာယ်ရှိပါတယ်။

ဘယ်လိုအန္တရာယ်မျိုးတွေ ရှိနိုင်လဲဆိုတာ သိချင်ကြမယ်ထင်ပါတယ်။ ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်တွေ ရှင်းလင်းခြင်းဟာ သင်ထင်ထားသလောက် မရိုးစင်းပါဘူး။ အထူးသဖြင့် နှာခေါင်းမွှေးတွေက အန္တရာယ် အများဆုံးပါ။ နှာခေါင်းမွှေးတွေဟာ အကာအကွယ်ပေးတဲ့ စနစ်တစ်ခုဖြစ်ပြီး အညစ်အကြေးတွေကို ညှစ်ထုတ်ပေးတဲ့အခါမှာလည်း အကူအညီပေးပါတယ်။ သို့သော်လည်း နှာခေါင်းမွှေးတွေဟာ နှာခေါင်းဝမှာ ထင်ရှားပေါ်လွင်စွာ ထွက်ပေါ်နေတာမျိုးက အရုပ်ဆိုး၊ အကျည်းတန်စေပါတယ်။

ဒါကြောင့်ပင် လူအတော်များများက နှာခေါင်းမွေးတွေကို နှုတ်ပစ်တတ်ကြတာပါ။ သို့သော် နှာခေါင်းမွေး နှုတ်ခြင်းမှာ သင်မထင်မှတ်ထားတဲ့ အန္တရာယ်တွေ ရှိနေပါတယ်။

ပိုးဝင်နိုင်ခြင်း

နှာခေါင်းမွေးနှုတ်ခြင်းကြောင့် များစွားသော ပိုးဝင်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ အမွှေးနှုတ်လိုက်တဲ့အခါ မွှေးညှင်းပေါက်တွေ ပွင့်သွားပြီး ပိုးမွှား၊ အညစ်အကြေး နှင့် အမှုန်အမွှားများဟာ ပွင့်ဟနေတဲ့ မွှေးညှင်းပေါက်တွေထဲ အလွယ်တကူ ဝင်ရောက်သွားစေနိုင်ပါတယ်။

Danger Triangle (အန္တရာယ်ရှိတဲ့ တြိဂံဇုံ)

မျက်နှာရဲ့ ဒီနေရာတဝိုက်ကို the danger triangle အန္တရာယ်ရှိတဲ့တြိဂံဇုံလို့ သတ်မှတ်ထားပါတယ်။ နှာခေါင်းထိပ်မှစပြီး နှှုတ်ခမ်းအပေါ် ထောင့်နှစ်ဖက်စီအထိပါ။ ထိုဧရိယာအတွင်းမှ သွေးကြောများ နှင့် အာရုံကြောလေးတွေဟာ ဦးနောက်ဆီသို့ သွေးစီးဆင်းစေရန် ဆက်စပ်နေပါတယ်။

ဒါကြောင့် နှာခေါင်းမွှေးနှုတ်လိုက်တဲ့အခါ အခန့်မသင့်လျှင် သွေးကြောတွေမှတဆင့် ဦးနှောက်ဆီသို့ ပိုးဝင်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဖြစ်နိုင်ခြေနည်းပေမယ့်လည်း ရှောင်နိုင်လျှင်တော့ အကောင်းဆုံးပေါ့။ ကိုယ်ခံအားနည်းတဲ့သူတွေဆို ပိုပြီး ဖြစ်လွယ်ပါတယ်။ အကယ်၍ ပိုးကူးစက်ခြင်းဟာ ဦးနှောက်သို့ ရောက်တာ များတဲ့အခါ ဦးနှောက်မှာ ဖိအားတွေ များလာပြီး သွက်ချာပါဒ ဖြစ်လာနိုင်ခြင်း (သို့) သေဆုံးခြင်းအထိ ဖြစ်သွားနိုင်ပါတယ်။

ဝက်ခြံညှစ်ခြင်းကလည်း အလားတူအန္တရာယ်ရှိ

အထက်မှာပြောထားတဲ့ danger triangle နေရာမှာ ဝက်ခြံပေါက်တဲ့အခါ အတတ်နိုင်ဆုံး မညှစ်ပါနဲ့။ ထိုနေရာတဝိုက်မှာ ဝက်ခြံညှစ်ခြင်းကလည်း နှာခေါင်းမွှေးနှုတ်သကဲ့သို့ပင် အလားတူ အန္တရာယ်မျိုး ရှိနိုင်ပါတယ်။ အချို့ကြုံဖူးပါလိမ့်မယ်။ နှာခေါင်းထိပ်မှာ ၊ နှာခေါင်းဘေးကပ်လျက်မှာ ဝက်ခြံညှစ်တဲ့အခါ တစ်ခါတလေ မူးမေ့လဲချင်လောက်အောင် နာတတ်တာကို။

ဘယ်လိုလုပ်သင့်လဲ။

သင့်မှာနှာခေါင်းမွှေးတွေ မကြာခဏ ရှည်ထွက်တာကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းကတော့ ကပ်ကြေးဖြင့် ညှပ်ပေးတာပါပဲ။ ကပ်ကြေးသေးသေးသုံးပြီး နှာခေါင်းမွှေးများကို ညှပ်ထုတ်ရှင်းပစ်ပေးတာက အန္တရာယ်အကင်းဆုံး နည်းလမ်းပါပဲ။ မညပ်မိအောင် သတိထားပြီးတော့ ညှပ်ပေါ့နော်။

မိန်ကလေးများ အတွက် အဖြူဆင်းခြင်း အတွက် မြန်မာ့တိုင်းရင်းဆေး

ဒီ ဆေးပင် လေးကို ဧရာဝတီတိုင်း ဟင်္သာတနယ် မှာတော့တံမြက်စည်းပင် လို့အရပ်ခေါ် ခေါ်ကြပါတယ်။ ဆေးပညာအခေါ်အရရွှေတံတိုင်းပင်/ ဝက်ချေးပနဲပင်လို့ခေါ်ဝေါ်ထားတာကိုတွေ့ရပါတယ်။

အသုံးပြုပုံ

အစာအိမ် အောင့်ခြင်း မီးဖွား ရာမှ အချင်းမကျပဲ အချင်းပုပ်၍ ဝေဒနာ ခံစားနေရခြင်းသွေးတိုးခြင်း လေငန်းဖြတ်ခြင်းတို့ဖြစ်လျင် ပဉ္စငါးပါး ကျိုသောက်ပေးခြင်းဖြင့်သက်သာပျောက်ကင်း
စေပါသည်။

မှတ်ချက်
သွေးပေါင်ကျ တတ်သူများအနေနဲ့ များစွာမသောက်မိဖို့လိုပါသည်။မိန်းမသားများ အဖြူဆင်း လျင် အမြစ်ကိုဆန်ဆေးရေနဲ့သွေးသောက်ပေးပါ။

လောက်သေရွက် နှင့်ဆင်တူသောကြောင့် သတိပြုပါ အရွက်မှာအနားတွန့်လေးများပါသည် လောက်သေရွက် မှာ အတွန့်မပါချေ။

Credit : C/D ကျော်လင်းအောင်