ဒါရိုက်တာ မိုက်တီး အဖမ်းခံရတာနဲ့ ပတ်သက်ပြီး ရင်ဖွင့်လာတဲ့ ခင်လှိုင်

နာမည်ကြီးဟာသ သရုပ်ဆောင်မင်းသား ခင်လှိုင်ကတော့ တလောတုန်းက မူးယစ်ဆေးမှုနဲ့ အဖမ်းခံလိုက်ရတဲ့ ဒါရိုက်တာ မိုက်တီးနဲ့ ပတ်သက်ပြီး ပြောကြားသွား ခဲ့ပါတယ်။ မိုက်တီးဟာ သူ့အတွက်တော့ အစ်ကိုတယောက်လို ဆရာတယောက်လို သူငယ်ချင်းတယောက်လို ခင်ရကြောင်း နဲ့ တကယ့်ကို အရည်ချင်းရှိတဲ့ ဒါရိုက်တာ တယောက်ဖြစ်ကြောင်းကိုလည်း ပြောကြားသွားခဲ့ပါတယ်။ ခင်လှိုင်နဲ့ ဒါရိုက်တာမိုက်တီးကတော့ အနုပညာလောကသားတွေ ဖြစ်ပြီး မိုက်တီးအနေနဲ့ ဒီလိုမျိုးဖြစ်သွားတာ စိတ်မကောင်းကြောင်း ခင်လှိုင်ကတေ့ာ ရင်ဖွင့်လာတာ ဖြစ်ပါတယ်။

 

ခင်လှိုင်ကတော့ Mc နဲ့အင်တာဗျူးမှာတော့ ဒါရိုက်တာ မိုက်တီးနဲ့ ပတ်သက်ပြီး “သူက ကျွန်တော် အစ်ကို ဆရာ သူငယ်ချင်း တစ်ယောက်လိုပါပဲ။ ပြီးတော့ သူ့ကားတွေက ထွက်ခဲပါတယ်။ သူရိုက်ရင်လည်း သူ့ရဲ့ဟာသကားလေးတွေက သူများနဲ့ မတူပဲ လိုင်းတလိုင်းထွက်တယ်လေ။ အခုကတော့ သူပြသာနာလေး တခုကြောင့် ပွဲလေးတွေကိုလည်း သူလာနိုင်မှာ မဟုတ်ပါဘူး။ တကယ်ကို စိတ်ထဲမှာ မကောင်းပါဘူး”

ဒါရိုက်တာမိုက်တီးအပေါ် ထင်မြင်ချက်နဲ့ ပတ်သက်ပြီး “ကိုမိုက်ကတော့ စိတ်ရှင်းတဲ့ သူတယောက်ပါ။ စကားပြောရင်လည်း ပရိယာယ် မပါဘူး။ ပွင့်လင်းစွာ ပြောတတ်တယ်။ အငြိုးအတေးတွေ မရှိပါဘူး။ ဒီကိစ္စကတော့ သူ့အနေနဲ့ ဝဋ်ကြွေးတစ်ခုကို ဆပ်ရတာပေါ့။ ပြန်ပြီး အလုပ်တွေ မြန်မြန်လုပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ အဓိကက ကိုမိုက်က ကျန်းမာရေးလည်း မကောင်းပါဘူး။ ကျန်းမာရေးကောင်းပြီးတော့ အထဲမှာသူအခက်အခဲတွေကို ကျော်လွှားနိုင်ပါစေလို့ ဆုတောင်းပါတယ်။ သူရိုက်ခဲ့တဲ့ ရိုက်စားဆိုတဲ့ ရုပ်ရှင်ကားကြီး ကိုလည်း ကျွန်တော်တို့နဲ့ တူတူမကြည့်နိုင်တာ စိတ်မကောင်းပါဘူး။ ဒါကြောင့် ဝဋ်ကြွေးတွေလည်း အမြန်ကုန်ပါစေ အရင်ကလိုပဲ အနုပညာတွေ ပြန်လည်ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”

ဒါရိုက်တာမိုက်တီးရိုက်ခဲ့တဲ့ ရိုက်စားဆိုတဲ့ ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့ ရိုက်စား ရိုက်ထားတာက နည်းနည်းတော့ကြာပြီဗျာ။ တချို့ဇာတ်လမ်းထဲက အခန်းတွေတောင် ကျွန်တော်တို့ မမှတ်မိတော့ပါဘူး။ ကျွန်တော်တို့ ရုံတင်မှ တူတူကြည့်ကြတာပေါ့” ဟု ပြောကြားသွားခဲ့ပါတယ်။

Credit – Nanmalgyi

ဂျပန်နိုင်ငံကို ၂၅ နှစ်အတွင်း အဆိုးဝါးဆုံး တိုင်ဖွန်း မုန်တိုင်း Typhoon Jebi ဝင်ရောက်နေပြီ (ရုပ်သံ)

ပစိဖိတ်သမုဒ္ဒရာအတွင်းမှာဖြစ်ပေါ်နေတဲ့ ဆူပါတိုင်ဖွန်း မုန်တိုင်းSuper Typhoon Jebi ဂျပန်နိုင်ငံအနီးကို ရောက်နေပြီဖြဟ်တဲ့ ဒီကနေ့အခြေအနေမှတ်တမ်းဖြစ်ပါတယ်။

 

သြဂုတ်လ ၄ ရက်နေ့ ကစပြီး ဂျပန်တနိုင်ငံလုံးကိုလည်း ပတ်တိုက်မှာကြောင့် မုန်တိုင်း အဓိကဖြတ်မယ့် ဒေသတွေက လူဦးရေ ၂၀၀၀၀ ကို ဂျပန်အစိုးရ အာဏာပိုင်တွေက ပြောင်းရွေ့နေပါပြီ။

 

 

 

မုန်တိုင်းဟာ အဆင့် ၅ အပြင်ဆုံး ကီလိုမီတာ ၂၀၀နဲ့ တိုက်ခတ်မှာဖြစ်ပါတယ်။

Ref – ShweBlog

 

ထပ်မံတွေ့ရှိလာတဲ့ ကမ္ဘာနဲ့အရွယ်အစားတူညီပြီး နေထိုင်ဖို့သင့်တော်တဲ့ ဂြိုလ်တစ်လုံး

ကမ္ဘာနဲ့ အလင်းနှစ် (၁၁)နှစ်အကွာမှာ ကမ္ဘာနဲ့ အရွယ်အစားတူညီတဲ့ ဂြိုလ်တစ်လုံးကို သိပ္ပံပညာရှင်များက ထပ်မံတွေ့ရှိခဲ့ကြပါတယ်။ Ross 128b လို့အမည်ပေးထားတဲ့ အဆိုပါ ဂြိုလ်သစ်ဟာ သက်ရှိတွေအတွက် အသက်ရှင်နေနိုင်တဲ့ အနေအထားရှိပြီး နှစ်သန်းပေါင်း ၇ဘီလီယံ သက်တမ်းရှိတဲ့ အနီရောင်ကြယ်တစ်လုံးကို ကိုယ်ပိုင်ပတ်လမ်းကြောင်းအတိုင်း လည်ပတ်နေတာကို တွေ့ရှိရပါတယ်။

အနီရောင်ကြယ်တွေဟာ အာကာသထဲမှာ တွေ့မြင်နေကြကြယ်များဖြစ်ကြပြီး လက်ရှိအချိန်အထိ တွေ့ရှိထားတဲ့ ကြယ်အားလုံးရဲ့ (၇၀)ရာခိုင်နှုန်းဟာ ကြယ်နီများဖြစ်ပါတ်။ ကြယ်နီတွေဟာ သူတို့ရဲ့ပတ်လမ်းအတွင်းဘက်မှာ ရေထုအလွှာပါဝင်ဖို့ အခွင့်အလမ်းများတဲ့ ဂြိုလ်တွေကို ဆွဲငင်ထားနိုင်ကြောင်းသိရှိရပါတယ်။ ဒါကြောင့် အခုတွေ့ရတဲ့ ကြယ်နီနဲ့ သူ့ရဲ့ဂြိုလ်တွေမှာ လေထုရှိဖို့အခွင့်အလမ်းများပြီး သက်ရှိတွေကို ထောက်ပံ့ပေးနိုင်ဖို့လည်း ဖြစ်နိုင်ပါတယ်။

မကြာမီက တွေ့ရှိရတဲ့ လေ့လာချက်များအရ အနီရောင်ကြယ် အဖွဲ့အစည်းတွေထဲမှာ ဂြိုလ်တွေ ဘီလီယံချီရှိနိုင်ပြီး အဲဒီထဲက အချို့ဟာ ကမ္ဘာမြေအတိုင်း သက်ရှိတွေနေထိုင်ဖို့သင့်တော်တဲ့ ဂြိုလ်တွေဖြစ်နိုင်မယ်လို့ သိရပါတယ်။ အခုတွေ့ရှိရတဲ့ Ross 128b ဟာ ကမ္ဘာနဲ့ နီးကပ်နေတာဟာ အရမ်းအံသြစရာကောင်းတဲြ့ဖစ်ရပ်ပဲဖြစ်ပါတယ်။

Ross 128b ဟာ သက်ရှိတွေအတွက်လိုအပ်ချက်တွေကို ပိုမိုကောင်းမွန်အောင် ဖြည့်တင်းပေးနိုင်မှုတွေ ရှိတာကြောင့် အခြားဂြိုလ်များထက် သာလွန်ကြောင်းကိုလည်း သိရှိရပါတယ်။ တည်ငြိမ်တဲ့ပတ်လမ်းပေါ်မှာ ဂြိုလ်ဟာ ရှိနေသလို၊ လှည့်ပတ်နေတဲ့ ကြယ်ဟာလည်း သက်တမ်းအားဖြင့်ကြာမြင့်နေပြီဖြစ်တဲ့အတွက် ပြင်းထန်တဲ့ပြောင်းလဲမှုတွေ မဖြစ်နိုင်ပါဘူး။
ဒါ့အပြင် ကွန်ပြူတာတွက်ချက်မှုများအရ ဂြိုလ်မှာ တိမ်တွေရှိနိုင်ပြီး မြေမျက်နှာပြင်က ရေထုကို ထိန်းသိမ်းထားနိုင်တဲ့အတွက် သက်ရှိနေထိုင်မှုအတွက် အထောက်အကူပြုတဲ့ လေထုလည်း ရှိနေနိုင်ကြောင်းသိရှိရပါတယ်။

ယခုဖော်ပြပါ ဂြိုလ်သစ်ကို တွေ့ရှိခဲ့ကြတဲ့ သိပ္ပံပညာရှင်များက ပိုပြီးပြည့်စုံတဲ့အချက်အလက်တွေရရှိဖို့ လေ့လာမှုတွေ ဆက်လက်ပြုလုပ်ရဦးမယ်လို့ National Geographic သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အခုအချိန်မှာတော့ Ross 128b လို ကမ္ဘာနဲ့ အရွယ်အစားတူတဲ့ဂြိုလ်တွေကိုကို ကမ္ဘာနဲ့ အလင်းနှစ် (၁၆)နှစ်အကွာအဝေးအတွင်းမှာ ရှာဖွေနေကြောင်း သိရှိရပါတယ်။

Credit : Daily Hot News