သင်ဘယ်လိုအိမ်မျိုးနဲ့နေရမလဲ

သင်ဘယ်လိုအိမ်မျိုးနဲ့နေရမလဲ

 

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍( ၇ )ဖြင့်စားပါ။

၁ ကြွင်းသော်…

အိမ်ကြီးအိမ်ကောင်းများနှင့် အကျိုးပေး အား နည်းတတ်သည်။
မကြာခဏ ပြောင်းရွှေ့နေထိုင်ရသောသူများ
ဖြစ်တတ်သည်။
တစ်နေရာတည်း၌ အခြေချရန် ခက်ခဲတတ်သည်။
အိမ်၌ စွဲမြဲစွာနေလျှင်လည်း ကျန်းမာရေး
ညံ့လာတတ်ပေသည်။

၂ ကြွင်းသော်…

တော်ရုံတန်ရုံ လူချမ်းသာများပင်လျှင် မနေနိုင်သော အိမ်ကြီးအိမ်ကောင်းနှင့် နေထိုင်ရတတ်သည်။
ခမ်းနားထည်ဝါသော အိမ်ကြီးများ၌ နေထိုင်ရတတ်သည်။
ယခုအခြေအနေ၌ ဆင်းရဲနေလျှင်ပင် အိမ်ကိုသပ်သပ်ရပ်ရပ် မွမ်းမံပြင်ဆင်ခြင်းအားဖြင့်စီးပွားတက် ချမ်းသာလာနိုင်ပေသည်။

၃ ကြွင်းသော်…

အိမ်ကြီးအိမ်ကောင်းများနှင့် နေထိုင်ရတတ်ပေသည်။
အိမ်ကိုမကြာခဏပြင်ဆင်မွမ်းမံလေလေ
စီးပွားတက်လေလေ။
အိမ်ကိုအကြောင်းပြု၍ စီးပွားဖြစ်ထွန်းတတ်သောကြောင့်အိမ်နှင့်အလုပ်ကို တွဲထားသင့်ပေသည်။

၄ ကြွင်းသော်…

အိမ်ကြီးအိမ်ကောင်းနှင့်နေထိုင်ရမည့်
ကံပါသူဖြစ်သည်။
ရုတ်တရက်အမွေရခြင်း ထီပေါက်ခြင်းတို့ကြောင့် စီးပွားတက်၍လည်းကောင်း ဆုရခြင်း
မဲပေါက်ခြင်း လက်ဆောင်ရခြင်း ကြီးကဲသူတို့က ချီးမြှင့်ခြင်းကြောင့်လည်းကောင်း
အိမ်ကြီးအိမ်ကောင်းနှင့် နေထိုင်ရတတ်သည်။

၅ ကြွင်းသော်…

အိမ်ကြီးအိမ်ကောင်းများနှင့် နေထိုင်ရန်
ကံနည်းပါးသည်။
မကြာခဏ ပြောင်းရွှေ့နေထိုင်ရတတ်သည်။
အိမ်မှာနေလျှင် အလုပ်များအဆင်မပြေခြင်း
ပူပင်များရခြင်းများကြုံရတတ်ပေသည်။ အိမ်နှင့်အလုပ်ကို တွဲ၍မထားသင့်သော ဇာတာရှင်များဖြစ်သည်။

၆ ကြွင်းသော်…

အိမ်ကြီးအိမ်ကောင်းများနှင့် နေထိုင်ရန်
ကံပါလာသူများဖြစ်သည်။
ထူးခြားဆန်းပြားသော ပုံစံဒီဇိုင်းရှိသည့်အိမ်များ၌ နေထိုင်ရမည်။
အိမ်ကြီးအိမ်ကောင်းများတွင်နေထိုင်ပြီး
စီးပွားတက်မည်။
ဤသူများနေထိုင်ရာအိမ်တွင် အများစိတ်ဝင်စားဖွယ်ရာ ထူးထူးခြားခြား ရှိနေတတ်သည်။

၀ ကြွင်းသော်…

အိမ်ကြီးအိမ်ကောင်းနှင့် နေထိုင်ရန်
ကံနည်းပါးတတ်သည်။
အိမ်ကြီးအိမ်ကောင်းကို ပိုင်ဆိုင်ထားပြီး
အခြားတစ်ပါးတွင် နေထိုင်ရတတ်သည်။

မိမိမှာ အိမ်ပိုင်ပါလျက်နှင့် သူတစ်ပါး၏အိမ်တွင်
နေရတတ်သည်။
မကြာခဏ ပြောင်းရွှေ့နေထိုင်ရန် ဇာတာပါလာသူများဖြစ်သည်။

ဆရာ ဇင်ယော်နီ ၏ ” ရွှေအိမ်တော် အဖွင့်ကျမ်း ” မှ

Unicode Version



၁ ကြွင်းသော်…

ဖြစ်တတ်သည်။
ညံ့လာတတ်ပေသည်။

၂ ကြွင်းသော်…


၃ ကြွင်းသော်…

စီးပွားတက်လေလေ။

၎ ကြွင်းသော်…

ကံပါသူဖြစ်သည်။

၅ ကြွင်းသော်…

ကံနည်းပါးသည်။

၆ ကြွင်းသော်…

ကံပါလာသူများဖြစ်သည်။
စီးပွားတက်မည်။

ဝ ကြွင်းသော်…

ကံနည်းပါးတတ်သည်။

နေရတတ်သည်။


Unicode Version

သင်ဘယ်လိုအိမ်မျိုးနဲ့နေရမလဲ

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍( ၇ )ဖြင့်စားပါ။

၁ ကြွင်းသော်…

အိမ်ကြီးအိမ်ကောင်းများနှင့် အကျိုးပေး အား နည်းတတ်သည်။
မကြာခဏ ပြောင်းရွှေ့နေထိုင်ရသောသူများ
ဖြစ်တတ်သည်။
တစ်နေရာတည်း၌ အခြေချရန် ခက်ခဲတတ်သည်။
အိမ်၌ စွဲမြဲစွာနေလျှင်လည်း ကျန်းမာရေး
ညံ့လာတတ်ပေသည်။

၂ ကြွင်းသော်…

တော်ရုံတန်ရုံ လူချမ်းသာများပင်လျှင် မနေနိုင်သော အိမ်ကြီးအိမ်ကောင်းနှင့် နေထိုင်ရတတ်သည်။
ခမ်းနားထည်ဝါသော အိမ်ကြီးများ၌ နေထိုင်ရတတ်သည်။
ယခုအခြေအနေ၌ ဆင်းရဲနေလျှင်ပင် အိမ်ကိုသပ်သပ်ရပ်ရပ် မွမ်းမံပြင်ဆင်ခြင်းအားဖြင့်စီးပွားတက် ချမ်းသာလာနိုင်ပေသည်။

၃ ကြွင်းသော်…

အိမ်ကြီးအိမ်ကောင်းများနှင့် နေထိုင်ရတတ်ပေသည်။
အိမ်ကိုမကြာခဏပြင်ဆင်မွမ်းမံလေလေ
စီးပွားတက်လေလေ။
အိမ်ကိုအကြောင်းပြု၍ စီးပွားဖြစ်ထွန်းတတ်သောကြောင့်အိမ်နှင့်အလုပ်ကို တွဲထားသင့်ပေသည်။

၄ ကြွင်းသော်…

အိမ်ကြီးအိမ်ကောင်းနှင့်နေထိုင်ရမည့်
ကံပါသူဖြစ်သည်။
ရုတ်တရက်အမွေရခြင်း ထီပေါက်ခြင်းတို့ကြောင့် စီးပွားတက်၍လည်းကောင်း ဆုရခြင်း
မဲပေါက်ခြင်း လက်ဆောင်ရခြင်း ကြီးကဲသူတို့က ချီးမြှင့်ခြင်းကြောင့်လည်းကောင်း
အိမ်ကြီးအိမ်ကောင်းနှင့် နေထိုင်ရတတ်သည်။

၅ ကြွင်းသော်…

အိမ်ကြီးအိမ်ကောင်းများနှင့် နေထိုင်ရန်
ကံနည်းပါးသည်။
မကြာခဏ ပြောင်းရွှေ့နေထိုင်ရတတ်သည်။
အိမ်မှာနေလျှင် အလုပ်များအဆင်မပြေခြင်း
ပူပင်များရခြင်းများကြုံရတတ်ပေသည်။ အိမ်နှင့်အလုပ်ကို တွဲ၍မထားသင့်သော ဇာတာရှင်များဖြစ်သည်။

၆ ကြွင်းသော်…

အိမ်ကြီးအိမ်ကောင်းများနှင့် နေထိုင်ရန်
ကံပါလာသူများဖြစ်သည်။
ထူးခြားဆန်းပြားသော ပုံစံဒီဇိုင်းရှိသည့်အိမ်များ၌ နေထိုင်ရမည်။
အိမ်ကြီးအိမ်ကောင်းများတွင်နေထိုင်ပြီး
စီးပွားတက်မည်။
ဤသူများနေထိုင်ရာအိမ်တွင် အများစိတ်ဝင်စားဖွယ်ရာ ထူးထူးခြားခြား ရှိနေတတ်သည်။

၀ ကြွင်းသော်…

အိမ်ကြီးအိမ်ကောင်းနှင့် နေထိုင်ရန်
ကံနည်းပါးတတ်သည်။
အိမ်ကြီးအိမ်ကောင်းကို ပိုင်ဆိုင်ထားပြီး
အခြားတစ်ပါးတွင် နေထိုင်ရတတ်သည်။

မိမိမှာ အိမ်ပိုင်ပါလျက်နှင့် သူတစ်ပါး၏အိမ်တွင်
နေရတတ်သည်။
မကြာခဏ ပြောင်းရွှေ့နေထိုင်ရန် ဇာတာပါလာသူများဖြစ်သည်။

ဆရာ ဇင်ယော်နီ ၏ ” ရွှေအိမ်တော် အဖွင့်ကျမ်း ” မှ

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွက် ၁လစာ ဟောစာတမ်း

မိတ်ဆွေအားလုံးအတွက် Septemberလ(9)လပိုင်းအတွက် တစ်လစာဟောစာတန်းလေး တင်ပေးလိုက်ပါတယ်ခင်များ

1.9.2018 မှ 30.9.2018ထိ ခုနှစ်ရက်သားသမီး အားလုံးအတွက် ဟောစာတမ်း

💯တနင်္ဂနွေသားသမီးများအတွက်
➖➖➖➖➖➖➖➖
ဒီလထဲတွင်ကြုံတွေ့နေရသောပြသနာများအားချုပ်ကိုင်အနိုင်ယူစွမ်းရှိသောကာလဖြစ်သည်။မိမိလုပ်ဆောင်သမျှကိုအမျိုးသမီးတစ်ဦးမလိုက်လံကူညီတက်သည် ။စီးပွားရေး၊ အလုပ်အကိုင်နှင့်ပတ် သက်ပြီး လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော လုပ်ငန်း၊ အထည်အလိပ်နှင့်ပတ်သက်သော လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း၊ ပြည်ပနှင့်ပတ်သက်သော လုပ်ငန်းများ အဆင်ပြေအောင်မြင်ကိန်း ရှိပါသည်။ ငွေရေး၊ ကြေးရေး ကံမကောင်းသေးပါ။ ငွေအထွက်များခြင်း၊ ရစရာရှိတာမရခြင်း၊ ပေးစရာရှိတာ မပေးဖြစ်သေး ခြင်း၊ အကြွေးတင်ခြင်းများ ကြုံရကိန်းရှိပါသည်။ အလုပ်အကိုင်ပြောင်းရွှေ့ချင် စိတ်များဖြစ်နေတတ်ပါသည်။ အလုပ်အကိုင်ပြောင်းလိုလျှင် ဤလကုန် (2)ရက်နေ့ကျော်မှ ပြောင်းပါလေ။

ငယ်ရွယ်သူများ ချစ်သူနှင့်အဆင်မပြေဖြစ်ရတတ်သည်။ တနင်္ဂနွေ၊ တနင်္လာ၊ သောကြာသား ချစ်သူရှိလျှင် အဆင်မပြေ ပျက်သွားတတ်ပါသည်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဖက်နှင့်ပတ်သတ်ပြီး စိတ်အနှောင့်အ ယှက်ဖြစ်ရ၊ စကားများရတတ်ပါသည်။
အလုပ်အကိုင်များ အစဉ်ပြေမလိုလိုနှင့် အဆင်မပြေဘဲရှိနေတတ်ပါ သည်။
အင်တာဗျူးကိစ္စ၊ သင်တန်းကိစ္စများ စီစဉ်ပြီး လုပ်ဖြစ်ရန် ကြံကြာနေတတ်ပါသည်။

{အထူးကံကောင်းစေသောယတြာ} – တနင်္ဂနွေနေ့
အိမ်ဘုရားစဉ်တွင် ပန်းအဝါ(15)ပွင့်
ဖယောင်းတိုင်-အဝါယောင်(15)တိုင် အမွှေးတိုင်(15)တိုင် အသီး(15)လုံးကို ကပ်လှူထွန်းညှိပူဇော်ပေးလိုက်ပါ။
📝 ဆရာမင်းသုခ📲09440243656(viber)
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

💯တနင်္လာသားသမီးများအတွက်
➖➖➖➖➖➖➖➖

မျှော်လင့်ချက်များပြီးပြည့်စုံမည့်ကာလဖြစ်သည်။ မိမိဖြစ်ချင်သောအရာမှန်သမျှ ယခုကာလအတွင်း
ထူးခြားတိုက်ဆိုင်စွာ ပြည့်ဝတက်သည်။လုပ်ဆောင်မှုတိုင်း၌ စိတ်ပါလက်ပါရှိပါစေ။ အဆောက်အဦးနှင့်ပတ်သက်သော လုပ်ငန်း၊ တိုက်တာဆောက်လုပ်ခြင်း၊ အိမ်သစ်ဆောက်လုပ်ခြင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ မြေယာနှင့်ပတ် သက်သောလုပ်ငန်း၊ ပွဲစားလုပ်ငန်း၊ ပွဲရုံလုပ်ငန်း၊ အောင်မြင်ကိန်းရှိပါသည်။ ပြီးခဲ့သည့်လများမရခဲ့သော ရစရာရှိ သောငွေများ ဆုံးရှုံးသွားသောငွေများနှင့်ရွှေများပြန်လည်ရရှိ ကိန်းရှိသည်။
မထင်မှတ်ဘဲ ဘုရားဖူးခရီး၊ ရပ်ဝေးခရီးသွားရကိန်းလည်း ရှိပါသည်။
ရပ်ဝေးမှ ဆွေမျိုးသား ချင်း များနှင့်လည်းတွေ့ရကိန်းရှိပါ သည်။ စက်ပစ္စည်းနှင့်ပတ်သက်လို့ ငွေကြေးကုန်ကျများရတတ်ပါသည်။
ငွေအထွက်များတတ်ပါသည်။ ငွေပျောက်ကိန်းရှိသည်။
က၊ ခ၊ ဂ၊ ဃ၊ င၊ သ၊ ဟ အက္ခရာအမည်နှင့်စသောသူ များကိုငွေရေးကြေးရေးကိစ္စ သတိထားပါ၊ အာမခံနှင့်ငွေမချးပါနှင့်။

အိမ်ထောင်ရှင်မများ အိမ်ထောင်ရေးအဆင်ပြေပြီး အိမ်ထောင်ရှင်အမျိုးသားများ ဆန်းပွင့်ကိန်းရှိသော ကာလဖြစ်ပါသည်။ ချစ်သူ၊ သမီးရည်းစားများ ချစ်သူနှင့်အဆင်မပြေဖြစ်တတ်သည်။ တနင်္လာ၊ သောကြာ သားသမီးများနှင့်
ချစ်သူဖြစ်လျှင် အဆင်မပြေဖြစ်ပြီး ပြတ်သွားတတ်ပါသည်။ ပညာရေး ကံကောင်းပါသည်။ သင်တန်းတတ်ရန် စိတ်ကူးရှိသူများ သင်တန်းတတ်ဖြစ်တတ်သည်။ အင်တာဗျူး ဖြေမည့်သူများ အောင်မြင် ကိန်းရှိသည်။ တစ်ခါတစ်ရံ အိမ်မှာမနေလိုစိတ်၊ ခရီးထွက်ချင်စိတ်များ ဖြစ်နေတတ်သည်။

{အထူးကံကောင်းစေသောယတြာ}
မိမိ၏ မွေးနံဂြိုလ်ဒေါင့်ဘုရားမှာ ကွမ်းရွက်(5)ရွက်,
ဖယောင်းတိုင်အဖြူရောင် (5)တိုင်, ပန်းအဖြူရောင်(5)ပွင့်ကို ကပ်လှူပူဇော်ပေးပါ။
📝 ဆရာမင်းသုခ📲09440243656(viber)
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

💯အင်္ဂါသားသမီးများအတွက်
➖➖➖➖➖➖➖

ဘာပဲလုပ်လုပအပင်ပန်းခရသလောက် အကျိုးမပေးတက်တဲ့ကာလဖြစ်သည်။ စိတ်ရှုပ်စရာ၊ စိတ်ပျက်စရာ၊ စိတ်ဓာတ်ကျစရာကိစ္စများကြုံတတ်သည်။ သူတစ်ပါး အထင်လွှဲခြင်း၊ မကောင်းပြောချင်းများ ခံရကိန်းရှိသည်။ ချစ်ခင်သူများနှင့်မထင်မှတ်သာ အကြောင်းအရာများကြောင့် လမ်းခွဲရကိန်းရှိပါသည်။
တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး ချစ်သူရှိက မထင်မှတ်ဘဲ အဆင်မပြေခြင်း၊ ပျက်သွားခြင်းများ ကြုံရတတ်ပါသည်။ ချစ်သူမရှိသူများကတော့ အချစ်သစ်တွေ့မည်၊။ မိမိထက်ငယ်ရွယ်သူများနှင့်အဆင်ပြေတတ်ပါသည်။

အိမ်ထောင်ရှိသူများ၊ အိမ်ထောင် ရေးအဆင်မပြေဖြစ်တတ်သည်။ ဆန်းပွင့်ခြင်းတို့ကြုံရကိန်းရှိသည်။
ပညာရေးကံကောင်းပါသည်။ သင်တန်းကိစ္စ၊ အင်တာဗျူးကိစ္စများအဆင်ပြေ
. အောင်မြင်ကိန်းရှိပါသည်။ ငွေရေး၊ ကြေးရေးကံမကောင်းပါ။ အကြွေးတင်ခြင်း၊ အကြွေးပေးစရာရှိခြင်းများ ကြုံရတတ်ပါသည်။ ငွေရေးကြေးရေးနှင့် ကိစ္စနှင့်ပတ်သက်ပြီး သောကရောက်ကိန်းရှိပါသည်။ အလုပ်အကိုင်များလည်း အဆင်ပြေမလိုလိုနှင့်အဆင်မ ပြေဖြစ်တတ်သည်။

နိုင်ငံခြားလုပ်ငန်း၊ လူမျိုးခြားနှင့်ပတ်သက်သောလုပ်ငန်း၊ အစိုးရနှင့်ပတ်သက်သောလုပ်ငန်းများ အောင်မြင်ကိန်းရှိပါသည်။ ငွေကြေးနှင့်ပတ်သက်သောလုပ်ငန်း၊ စက်ပစ္စည်းနှင့်ပတ်သက်သောလုပ်ငန်းလုပ်သူများ
ငွေကြေးကံကောင်းမှုအားနည်းတတ်ပါသည်။

{အထူးကံကောင်းစေသောယတြာ}
ဒီလအတွင်းငွေရေးကြေးရေး ကံကောင်းစေရန် ဘုရား တစ်ဆူဆူရဲ့ တနင်္ဂနွေထောင့်မှာ သင်္ဘောသီး(1)လုံးလှူပေးပါ။ အိမ်ဘုရားမှာ သပြေပန်းလှူပေးပါ။
📝 ဆရာမင်းသုခ📲09440243656(viber)
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

💯ဗုဒ္ဓဟူးသားသမီးများအတွက်
➖➖➖➖➖➖➖➖

ရည်ရွယ်ချက် ရည်မှန်းချက်များ ထင်ထင်ရှားရှား အောင်မြင်မည့်ကာလဖြစ်သည်။ ငွေကြေးကုန်ကျများခြင်း၊ အဖေ၊ အမေ ကျန်းမာရေးညံ့ခြင်းများကြုံရတတ်ပါသည်။ ချစ်ခင်သောသူများနှင့်လည်းလမ်းခွဲရတတ်ပါသည်။
ချစ်သူ အသစ်တွေ့လို့ စိတ်ခံစားရကိန်းရှိပါတယ်။ အချစ်ရေး ငွေကြေး ဒီလ ထဲကံကောင်းသေးပါ။ အဝင်နဲ့ အထွက် ငွေကြေး အထွက်များရတတ်ပါတယ်။
ချေးထားသောငွေများပြန်မရခြင်း၊ ကျန်းမာရေးနှင့်ပတ်သက်ပြီး
ငွေကုန်ကြေးကျများခြင်းများကြုံရတတ်ပါသည်။
တနင်္လာ၊ ကြာသပတေးသားသမီး များကို ငွေမချေးပါနဲ့ ။

အိမ်ကိစ္စ၊ အဆောက်အဦးကိစ္စများ၊ ဆိုင်ခန်းကိစ္စများ အဆင်ပြေအောင်မြင်မည်။
ဆန်၊ ဆီ၊ ဆား၊ ဆေး၊ စက်ပစ္စည်း၊ စပ်တူရှယ်ယာလုပ်ငန်းများ အဆင်ပြေအောင်မြင်ကိန်းရှိသော ကာလဖြစ်ပါသည်။

ဒီလအတွင်း အချစ်ရေးကံမကောင်းပါ။ မိန်းမတစ်ယောက်ကို အကြောင်းပြုပြီးချစ်သူနှင့်အဆင်မပြေဖြစ်ကာ လမ်းခွဲရကိန်း ကြုံရတတ်ပါသည်။ တစ်ခါတစ်ရံ စိတ်အားငယ်သလို ဖြစ်နေတတ်သည်။

အိမ်ထောင်ရှိသူများ သား၊သမီးရကိန်းရှိပါသည်။
ပညာရေးကံမကောင်းပါ၊ သင်တန်းတတ်ရန် ကိစ္စများပျက်သွားကိန်းရှိသည်။

{အထူးကံကောင်းစေသောယတြာ}
အိမ်ဘုရားမှာ နှင်းဆီပန်း အနီရောင်(၁၇)ပွင့်
ဖယောင်းတိုင်(၁၇)အမွှေးတိုင်(၁၇)ထွန်းညှိပူဇော်ပေးပါ၊၊
📝 ဆရာမင်းသုခ📲09440243656(viber)
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

💯ကြာသပတေးသားသမီးများအတွက်
➖➖➖➖➖➖➖➖➖

လက်ရှိလုပ်နေသော လုပ်ငန်းအား မိတ်ဆွေသူငယ်ချင်းတစ်ဦးကြောင့် နှောင်နှေးပြီး လွှဲချော်တက်သော့ကာလဖြစ်သည်။
ခြေ၊ လက်ထိမိခိုက်မိ ဖြတ်တတ်သဖြင့် ဂရုစိုက်ပေးပါ ။စိတ်ထိခိုက်ခြင်း၊ စိတ်ဓာတ်ကျခြင်းများ တစ်ခါတစ်ရံဖြစ်ပေါ်တတ်ပါသည်။ ချစ်သူနှင့်စကားပြောအဆင်မပြေဖြစ်တတ်သည်။ မထင်မှတ်ဘဲ ခရီးတစ်ခုသွားရတတ်သည်။ ခရီးသွားပြီးပြန် လာလျှင် ညံ့နေသောကံများကောင်း သွားတတ်ပါသည်။ မြေကိစ္စ၊ ဖုန်းကိစ္စ၊ အမွေကိစ္စ၊ ငွေရေးကြေးရေးနှင့်ပတ် သက်ပြီး စိတ်သောကရောက်ရတတ်ပါသည်။

ကျန်းမာရေးနှင့်ပတ်သက်ပြီး ငွေအထွက်များခြင်း၊ ငွေကြေးပေး စရာရှိသည်ကို မပေးနိုင်ခြင်းများ ကြုံရတတ်ပါသည်။ ကား၊ ကွန်ပျူတာ၊ ကင်မရာများ ဝင်ကိန်း၊ အဆင်ပြေကိန်း ရှိသည်။ အလှပြင်လုပ်ငန်း၊ အနုပညာလုပ်ငန်း၊ လူထုနှင့်ပတ်သက်သောလုပ်ငန်းများ အဆင်ပြေအောင်မြင်ကိန်း ရှိပါသည်။ စပ်တူရှယ်ယာလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ အလုပ်ဖြစ်ပြီး ငွေမကျန်ခြင်း၊ ငွေစုမရခြင်း များကြုံရတတ်ပါသည်။

စီးပွားရေးလုပ်ငန်းလုပ်သူများ ငွေရေးကြေးရေးစကားပြောရတတ်သည်။
အိမ်ထောင်ရှိသူများ ဆန်းပွင့်ကိန်းရှိသည်။ ပညာရေးကံမကောင်းပါ။ သင်တန်းတတ်ရန်ကိစ္စများ ပျက်သွားတတ်ပါသည်။

{အထူးကံကောင်းစေသောယတြာ}
အိမ်ဘုရားမှာ ပန်းအဖြူရောင်(19)ပွင့် ဆီမီးခွက်(19)ခွက်,အမွှေးတိုင်(19)တိုင် ကပ်လှူထွန်းညှိပူဇော်ပေးလိုက်ပါ။

📝 ဆရာမင်းသုခ📲09440243656(viber)
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

💯 သောကြာသားသမီးများအတွက်
➖➖➖➖➖➖➖➖

အလွန်ကောင်းတဲ့သတင်းတစ်ခုကြားရတက်ပါသည် လူချစ်လူခင်များမဲ့ကာလဖြစ်မည်။ စက်ပစ္စည်းနှင့်ပတ်သက်သော လုပ်ငန်း၊ စပ်တူရှယ်ယာလုပ်ငန်း၊
ဆောက်လုပ်ရေးလုပ်ငန်း၊ ပြည်ပရင်းနှီးမှုလုပ်ငန်းများ အဆင်ပြေအောင်မြင် ကိန်းရှိပါသည်။ ရပ်ဝေးမှစပ်တူရှယ်ယာလုပ်ငန်းများလည်း ပေါ်တတ်ပါသည်။

ပွဲရုံပွဲစားလုပ်ငန်း၊ မြေယာနှင့်ပတ် သက်သောလုပ်ငန်း၊ ပရိဘောဂနှင့် ပတ်သက်သောလုပ်ငန်း၊ ပဲမျိုးစုံရောင်းဝယ်ရေး စသော
ကြာသပတေးနံလုပ်ငန်းများလည်း အဆင်ပြေအောင်မြင်တတ်သော ကာလဖြစ်ပါသည်။ ငွေကြေးအဝင်နည်း၊ အထွက်ကြမ်း ဖြစ်နေတတ်ပါသည်။
မထင်မှတ်ဘဲ ခရီးသွားရတတ်ပါသည်။ ကောင်းသောခရီးဖြစ်တတ်ပါသည်။

အိမ်ထောင်ရှိသူများ အိမ်ထောင်ဖက်နှင့်ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရတတ်သည်။
အိမ်ထောင်ဖက်သည် အိမ်ထောင်ရေးဖောက်ပြန်ခြင်း/ အိမ်က ထွက်သွားခြင်း စန်းပွင့်ခြင်းတို့ဖြစ် ၍စိတ်အနှောင့်အယှက်ဖြစ်ရတတ်ပါသည်။

ရပ်ဝေးမှမိတ်ဆွေ ဆရာသမား ၊ အင်္ဂါ၊ စနေသားသမီးများ အကူ အညီရတတ်ပါသည်။ ငယ်ရွယ်သူများချစ်သူနှင့်အဆင်မပြေဖြစ်ကိန်းရှိသည်။ တစ်ခါတစ်လေ စိတ်ထိခိုက်သလို စိုးရိမ်သလို စိတ်သောကဖြစ်နေတတ်ပါသည်။

ပညာရေးကိစ္စ၊ အထူးကောင်းပါသည်။ သင်တန်းကိစ္စများလည်း အဆင်ပြေအောင်မြင်ပြီး သင်တန်းတတ်ရန် ရည်ရွယ်ထားသာများ သင်တန်းတတ်ဖြစ်လိမ့်မည်။ ဒီကာလအ တွင်း စိတ်ညစ်၊ စိတ်ရှုပ်လျှင် ဘုရားဖူးခရီးထွက်လိုက်ပါ။

{အထူးကံကောင်းစေသောယတြာ} – တနင်္လာဂြိုလ်ဒေါင့်ဘုရားတွင် ကံ့ကော်ညွန့်(21)ညွန့်, ဖယောင်းတိုင်(21)တိုင်
ချိုချဉ်(သကြားလုံး) (21)လုံး လှူပေးလိုက်ပါ။

📝 ဆရာမင်းသုခ📲09440243656(viber)
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

💯 စနေသားသမီးများအတွက်
➖➖➖➖➖➖➖➖

မထင်မှတ်ထားသော လုပ်ငန်း နေရာ အပြောင်းအလဲများ ပြောင်းရွေ့လုပ်ကိုင်ရမည့် ကာလဖြစ်သည်၊၊
အလုပ်အကိုင်တိုးတတ်မှုအားကောင်းတတ်ပါသည်။ ငွေကုန်ကြေးကျများနေတတ်သည်။ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ဘာသာပြန်လုပ်ငန်း၊ လူထုနှင့်ပတ်သက်သောလုပ်ငန်း၊ အနုပညာလုပ်ငန်းများ အဆင်ပြေအောင်မြင်ကိန်းရှိသော ကာလဖြစ်ပါသည်။ မိတ်ရင်း၊ ဆွေရင်း၊ဆရာသမားလို ပုဂ္ဂိုလ်မျိုးနှင့် အဆင်မပြေ ဖြစ်ကိန်းရှိသည်။ ခြေ၊ လက် ထိခိုက်ဒဏ်ရာရခြင်း၊ ကျန်းမာရေးညံ့၍ ဆေးရုံ၊ ဆေးခန်းပြရခြင်းများ ကြုံရတတ်ပါသည်။ အိမ်ထောင်ရှင် အမျိုးသမီးများ အိမ်ထောင် ဖက်ဆန်းပွင့်ခြင်း၊ အိမ်ထောင်ဖက်နှင့်အဆင်မပြေဖြစ်ခြင်းများ ကြုံရတတ်သည်။
အိမ်ထောင်ရှင်အမျိုးသားများ ဆန်းပွင့်ကိန်းရှိပါသည်။
ရည်စားရှိသူများအချစ်ရေး အဆင်မပြေဖြစ်တတ်သည်။
တနင်္ဂနွေ၊ ကြာသပတေးသားသမီးနှင့် ဇာတ်လမ်းဖြစ် လျှင်ပြတ်သွားတတ်ပါသည်။

အလုပ်အကိုင် အဆင်ပြေမလိုလိုနှင့် မပြေဘဲလွဲလွဲနေတတ်ပါသည်။ ဝင်စရာရှိ သောငွေများလည်း မဝင်ခြင်း၊ ရစရာရှိသောလုပ်ငန်းများ လည်းမအောင်မြင်သေးခြင်းများကြံရတတ်သည်။ စနေ၊ တနင်္ဂနွေသား ချစ်သူအိမ်ထောင်ဖက်ဖြစ်လျှင် ဖောက်ပြန်၍ ကွဲသွားတတ်သောကာလဖြစ်ပါသည်။ ပညာ ရေးကံမကောင်းပါ။ သင်တန်းများ တိုးလို့တန်းလန်း ဖြစ်နေတတ်သည်။
စိတ်ညစ်လျှင် ရပ်ဝေးခရီးထွက်ခြင်း၊ ဘုရားဖူးထွက်ခြင်း၊ ညအိပ်ညနေခရီးများ ထွက်လိုက်ပါ။ ခရီးမှာပြန်လာလျှင် ညံ့နေသောကံများကောင်းသွား လိမ့်မည်။

{အထူးကံကောင်းစေသောယတြာ}
မိမိ၏ အိမ်ဘုရားတွင် အသီး(10)လုံးရွက်လှ(10)ညွန့် , ဖယောင်းတိုင်အနီရောင်(10)တိုင်ကို ထွန်းညှိပူဇော်ပေးပါ။
📝 ဆရာမင်းသုခ📲09440243656(viber)
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

💯ရာဟုသားသမီးများအတွက်
➖➖➖➖➖➖➖➖

ငွေကြေးကံကောင်းမလိုလို နဲ့ ထွက်ထွက် နေနေတတ်ပါသည်။
ချေးထားသောငွေများ ရ ရန်ရှိသော ငွေများ ပြန်ရတတ်ပါသည်။ ဝန်ထမ်းလုပ်သူများအနေနဲ့ ရာထူးတိုးရတတ်ပါသည်။ အလုပ်အကိုင် ပြောင်းရတော့ မလိုလိုနှင့် မပြောင်းဖြစ်ပဲ ရှိနေတတ်ပါသည်။ နိုင်ငံခြားနဲ့ပတ်သက်သောလုပ်ငန်း ၊
ငွေ ၊ ကျောက် ၊ ကား ၊ ကွန်ပျူတာ ၊ ကုန်စုံဆိုင်လုပ်ငန်းများ အကျိုးပေးအောင်မြင်မည် ။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဘက်နှင့် ပတ်သက်ပြီး မကြာခဏ စကားများရတတ်ပါတယ်။ အိမ်ဆောက်မည့်သူများ ကြံံ့ကြာတတ်ပါသည်။
ချစ်သူရှိသူများ ချစ်သူနဲ့ ကတောက် က ဆ ဖြစ်ရတာ က လွဲ ပြီး အဆင်ပြေ တတ်ပါသည်။ ယောက္ခမနဲ့တော့အဆင်မပြေဖြစ်တတ်ပါသည်။ မထင်မှတ်ပဲ ခရီးထွက်ဖြစ်တတ်ပါသည်။
ဆရာသမား၊ အကြီး အကဲ ညိုညင်တာ ခံ ရတတ်ပါသည်။
တနင်္ဂနွေ ၊ ဗုဒ္ဒဟူးသားသမီး များကို ငွေမချေးပါနှင့် ။
ဝန်ထမ်းလုပ်သူများ အလုပ်ထဲ တွင် မနာလို သူ များကြောင့် စိတ်အနှောက် အယှက်ဖြစ်ရတတ်ပါသည်။

အလုပ်ပြောင်းချင်သလို မပြောင်းချင်သလိုဖြစ်တတ်ပါတယ်။ စီးပွားရေးလုပ်သူများ အတင်မကျဖြစ်နေမည်။ စက်ပစ္စည်းနဲ့ပတ်သတ်သောလုပ်ငန်း ၊
စာသင်သောအလုပ် ၊ ဆိုင်လုပ်ငန်း ၊ ဆေးလုပ်ငန်း ၊ စပ်တူလုပ်ငန်းများ သင်တန်းလုပ်သောသူများ ဝင်ငွေအားနည်းနေမည်။
အလကားနေရင် စိတ်ရှုပ်နေမှု ၊ စိတ်လေနေမှုများ ဖြစ်နေတတ်ပါသည်။ ကျန်းမာရေးကတော့ ခေါင်းမူးတာ ဗိုက်အောင့်တာ ဖြစ်တတ်ပါသည်။

{အထူးကံကောင်းစေသောယတြာ}
အင်္ကျီ အဟောင်း(1)ထည် အနောက်ဘက်အရပ်တွင် စွန့်ပစ်လိုက်ပါ အိမ်ဘုရားမှာ ထောပတ်ဆီမီးခွက်(12)ခွက်ကို
ထွန်းညှိပူဇော်ပေးပါ၊၊

📝 ဆရာမင်းသုခ📲09440243656(viber)

ဗေဒင်နှင့်လက္ခဏာ
ဆရာမင်းသုခ
၇၃လမ်း/၃၄-၃၅လမ်းကြား
ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့
Ph-09440243656

ဇင်ယော်နီ တစ်ပတ်အတွင်း ချိန်ဆရန် သင်၏ကံ

ဇင်ယော်နီ တစ်ပတ်အတွင်း ချိန်ဆရန် သင်၏ကံ (၂၀၁၈ ဩဂုတ်လ ၂၀ မှ ၂၆)

တနင်္ဂနွေသားသမီးများ

ဒီရက်တွေအတွင်းမှာ အံ့ဩစရာကောင်းလောက်အောင် တိုးတက်မှုတွေ ဖြစ်လာမယ်။ သတင်းကောင်း၊ ဧည့်သည်ကောင်းတွေ ရောက်လာမယ်။ ခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေ၊ ရပ်ဝေးနဲ့ဆက်နွယ်တဲ့အလုပ်တွေ ပိုပြီးအောင်မြင်မယ်။ အဖိုးတန်ပစ္စည်းတွေ ဝင်လာမယ်။ ရပ်ဝေးကလည်း ငွေတွေ၊ ပစ္စည်းတွေ ရောက်လာတတ်ပါတယ်။ အနီးကပ်မိတ်ဆွေ၊ မောင်နှမတွေကြောင့် စိတ်ညစ်ရတတ်တယ်။ လူရင်းထဲက ပြဿနာကြီးကြုံ တတ်ပါတယ်။ နေရာထိုင်ခင်းကိစ္စ၊ အဆောက်အဦးကိစ္စတွေ အခက်ကြုံရတတ်ပါတယ်။ အောက်လက်ငယ်သားကလည်း ဒုက္ခပေးတတ်တယ်။ အထင်လွဲခံရတာတွေ အဆင်ပြေသွားမယ်။ ဆရာသမား ကြီးကဲသူတို့ရဲ့ အကူအညီကောင်းတွေ ပေါ်လာမယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ မှာလည်း  ထင်ထင်ရှားရှား အောင်မြင်မယ်။ အခွင့်အလန်းကောင်းတွေ ပေါ်လာမယ်။ ငွေရေးကြေးရေး ရှုပ်ထွေးတာ၊ စာရင်းဇယားမှားယွင်းတာ၊ အလိမ်ခံရတာ၊ ယာဉ်တွေ၊ စက် တွေနဲ့ ထိမိုက်မိတာမျိုးတွေ ကြုံရတတ်ပါတယ်။ မီး၊ လျှပ်စစ်အန္တရာယ် ကြုံတတ်တယ်။အချစ်ရေး၊ အိမ်ထောင်ရေးမှာ အတော့်ကိုသတိထားရမယ့် အချိန်ပါပဲ။ မိမိရဲ့ချစ်သူ အိမ်ထောင်ဘက် ကျန်းမာရေးညံ့တာမျိုးလည်း ကြုံရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၅/၄။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ နို့ထမင်းကပ်လှူပါလေ။

တနင်္လာသားသမီးများ

ဒီရက်တွေအတွင်းမှာ အဘက်ဘက်က ငွေတွေဝင်လာမယ်။ ရပ်ဝေးနဲ့ပတ်သက်ပြီးတော့လည်း ငွေတွေဝင်လာတတ်ပါတယ်။ အဖိုးတန်ပစ္စည်းတွေဝင်တာ၊ လက်ဆောင်ပစ္စည်းတွေရတာ၊ အကြောင်းကြောင်းနဲ့ထွက်နေတဲ့ ငွေတွေ၊ ပစ္စည်းတွေ ပြန်ဝင်လာတာ၊ ဝမ်းသာစရာဧည့်သည်တွေရောက်လာတာ၊ နေရာထိုင်ခင်းကိစ္စ အဆောက်အဦးကိစ္စ အဆင်ပြေအောင်မြင်တာတွေ ကြုံလာမယ်။ လျှပ်စစ်နဲ့ပတ်သက်လို့ ပြင်ဆင်မွမ်းမံတာတွေ လုပ်ဖြစ်မယ်။ အောက်လက်ငယ်သား သားသမီးအတွက် စိတ်ချမ်းသာစရာတွေ ကြုံလာမယ်။ ပညာရေးကိစ္စ အောင်မြင်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း ကောင်းသောအပြောင်းအလဲတွေ ကြုံလာမယ်။ အဆင်မပြေဖြစ်နေသူ အဆင်ပြေသွားကြပါလိမ့်မယ်။ သူတစ်ပါးရဲ့ အချစ်ရေးအိမ်ထောင်ရေးမှာတော့ ကြားညပ်ဖြေရှင်းရတတ်တယ်။ အတို့အထောင် ချောက်တွန်းသူတွေကြောင့် မိသားစု စိတ်ဝမ်းကွဲရတတ်တယ်။ မတော်တဆ ထိခိုက်အန္တရာယ်ကြုံတာ၊ အပူလောင်တာမျိုးတွေ သတိပြုပါ။ အလုပ်မှာ အတိုက်အခံအပြိုင်အဆိုင်တွေကြောင့် စိတ်ညစ်ရမယ်။ တမင်နှောက်ယှက်တာ ဒုက္ခပေးတာတွေ ကြုံလာတတ်ပါတယ်။ အထူးသဖြင့် မိန်းမတစ်ယောက်က ရန်တိုက်ပေးတာမျိုးတွေ လုပ်လာတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်က အောင်မြင်သွားပါလိမ့်မယ်။  ကံအကျိုးပေးဂဏန်း ၆/၅။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ဆီးယိုကပ်လှူပါလေ။

အင်္ဂါသားသမီးများ

ဒီရက်တွေအတွင်းမှာ ပျော်ပွဲရွှင်ပွဲတွေကြုံတာ၊ အပန်းဖြေခရီးလိုမျိုးသွားရတာ၊ အဖိုးတန်ပစ္စည်းတွေဝင်လာတာ၊ စိတ်ချမ်းသာဖွယ် သတင်းကောင်း၊ ဧည့်သည်ကောင်း ရောက်လာတာတွေ ကြုံရတတ်ပါတယ်။ အမျိုးသမီးတစ်ဦးက ထိထိရောက်ရောက် အကူအညီကောင်းတွေ ပေးလာမယ်။ လုပ်ငန်းတွေ သိသိသာသာ အောင်မြင်တာ၊ စီးပွားသိသိသာသာတက်တာမျိုးတွေ ကြုံလာမယ်။ အောက်လက်ငယ်သားတွေအတွက်လည်း ကောင်းသောအပြောင်းအလဲတွေဖြစ်လာမယ်။ မိဘဆရာသမား ကြီးကဲသူတွေအတွက် ဝမ်းမြောက်စရာတွေ ကြုံရ၊ ကြားရတတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ အောင်မြင်မယ်။ ထီပေါက်သလိုမျိုး ငွေတွေ ဝေါကနဲ ဝင်လာကိန်းရှိတယ်။ ဆုံးရှုံးမတတ်ဖြစ်နေတဲ့ ငွေတွေ၊ ပစ္စည်းတွေ ပြန်ဝင်လာတတ်တယ်။နေရာထိုင်ခင်းကိစ္စ၊ အဆောက်အဦးကိစ္စတွေကတော့ စိတ်ညစ်ရတတ်ပါတယ်။ အိမ်နီးချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေကြောင့်လည်း စိတ်ညစ်ရတတ်တယ်။ လိမ့်ကျ၊ ချော်လဲတာ၊ ထိခိုက်မိတာမျိုးတွေ လည်း ကြုံရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အနှောက်အယှက်ကြီးကြီးမားမား ကြုံမယ်။ ရပ်ဝေးကလူတစ်ယောက်အတွက် စိတ်ညစ်ရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၆/၇။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ပဲမုန့်ကပ်လှူပါလေ။

ဗုဒ္ဓဟူးသားသမီးများ

ဒီရက်တွေအတွင်းမှာ ကိုယ်လုပ်သမျှကို ကန့်ကွက်နှောက်ယှက်မယ့်သူတွေနဲ့ပဲ ကြုံနေရတတ်တယ်။ မလုပ်ချင်တဲ့အလုပ်တွေ လုပ်ရတတ်တယ်။ ရည်ရွယ်ထားတဲ့အလုပ်တွေ ပျက်သွားတတ်တယ်။ သူတစ်ပါးရဲ့ကိစ္စတွေနဲ့ အချိန်ကုန်နေလိမ့်မယ်။ ဒါပေမယ့် ကျေးဇူးမတင်တဲ့အပြင် မကောင်းမြင် အထင်လွဲတာတောင် ခံရတတ်ပါတယ်။ စကားများ ဖြေရှင်းရတတ်တယ်။ အဖိုးတန်ပစ္စည်း ဝယ်တဲ့ရောင်းတဲ့ကိစ္စတွေလည်း ထစ်ငေါ့လွဲချော်နေတတ်တယ်။ စာချုပ်စာတမ်းကိစ္စတွေမှာ ဆန္ဒမစောသင့်ပါဘူး။ အောက်လက်ငယ်သားနဲ့ပတ်သက်ပြီး စိတ်နှစ်ခွဖြစ်စရာတွေ ကြုံမယ်။ သူခိုးခိုးခံရတတ်တယ်။ ရေတွင်းရေကန်ကိစ္စ စိတ်ညစ်ရတတ်တယ်။ ခရီးကိစ္စအတွက်လည်း စိတ်ညစ်စရာကြုံရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အထူးသတိထားရမယ့်အချိန်ပါပဲ။ လမ်းခွဲရမတတ်တွေ ဖြစ်ကုန်တတ်ပါတယ်။ နေရာထိုင်ခင်းကိစ္စ၊ အဆောက်အဦကိစ္စတွေကတော့ အဆင်ပြေအောင်မြင်မယ်။ ကြီးကဲသူတို့ရဲ့ ကူညီဆောင်မမှုတွေနဲ့လည်း ကြုံလာပါလိမ့်မယ်။ အခက်အခဲကြားကပဲ အလုပ်နဲ့ပတ်သက်လို့ အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ကံအကျိုးပေးဂဏန်း ၇/ဝ။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ အုန်း ၆ ညွန့်လှူပါလေ။

ကြာသပတေးသားသမီးများ

ဒီရက်တွေအတွင်းမှာ မိတ်ဆွေဆရာသမားတွေရဲ့ အကူအညီကောင်းတွေ ရတတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ၊ ဘာသာရေးကိစ္စတွေနဲ့ ခရီးသွားရတတ်ပါတယ်။ ပြည်ပခရီးစီစဉ်နေသူများလည်း အဆင်ပြေသွားမယ်။ မရည်ရွယ်ဘဲနဲ့ အဖိုးတန်ပစ္စည်းတွေ ဝင်လာတတ်ပါတယ်။ အမျိုးသမီးမိတ်ဆွေ တစ်ယောက်ကြောင့် စိတ်ညစ်ရတတ်တယ်။ အောက်လက်ငယ်သား ဒုက္ခပေးတတ်ပါတယ်။ တိရစ္ဆာန်ဒုက္ခပေးတတ်ပါတယ်။ ကျန်းမာရေးအတွက် ခရီးသွားရတတ်တယ်။ လူနာ ဧည့်သည်တွေ ရောက်လာတတ်ပါတယ်။ လုပ်ငန်းဟောင်း၊ နေရာဟောင်းတွေနဲ့ ပြန်ပြီးပတ်သက်ရတတ်တယ်။ အလုပ်အခြေအနေ နေရာထိုင်ခင်း ကောင်းသောပြင်ဆင်ပြောင်းရွှေ့ရခြင်းတွေ ကြုံမယ်။ ငွေကိစ္စတွေ အလွဲလွဲအချော်ချော်ဖြစ်မယ်။ သေချာပေါက်ရမယ့်ငွေတွေ လွဲသွားတတ်ပါတယ်။ ရုံး၊ ဂါတ်မှာ စကားပြောရတတ်ပါတယ်။ ဒါမှမဟုတ် သူတစ်ပါးကိစ္စ လိုက်လံကူညီရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အင်မတန် စိတ်ချမ်းသာစရာတွေ ကြုံလာတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၈/၉။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ရွက်လှ ၁၇ ညွန့်လှူပါလေ။

သောကြာသားသမီးများ

ဒီရက်တွေအတွင်းမှာ စိတ်ချမ်းသာစရာ ခရီးတွေ တစ်ခုပြီးတစ်ခု သွားဖြစ်မယ်။ နိုင်ငံရပ်ခြားခရီး စီစဉ်နေသူများ အထမြောက်အောင်မြင်မယ်။ ရပ်ဝေးက ဆွေမျိုးမိတ်ဆွေတွေနဲ့ အမှတ်မထင် ပြန်လည်ဆုံဆည်းရတတ်ပါတယ်။ ရပ်ဝေးဆရာသမား ကြီးကဲသူတွေက အကူအညီကောင်း ပေးလိမ့်မယ်။ အဖိုးတန်ပစ္စည်းနှစ်မျိုး ဝင်လာတတ်ပါတယ်။ အောက်လက်ငယ်သားတွေ ကျန်းမာရေးညံ့မယ်။ စိတ်ညစ်ရာဧည့်သည် ရောက်လာတတ် တယ်။ ယာဉ်တွေ၊ စက်တွေနဲ့ ထိမိခိုက်မိဖြစ်တတ်ပါတယ်။ ကလေးတစ်ယောက်အတွက် စိတ်ညစ်ရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း အလွန်စိတ်ရှုပ်ရမယ်။ ရောဂါဟောင်း ပြဿနာဟောင်းတွေ ပြန်ပေါ်တတ်ပါတယ်။ ကြီးကဲသူတွေနဲ့လည်း စိတ်သဘောကွဲရတတ်ပါတယ်။ အလုပ်မှာ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် အခြေအနေမျိုးတွေ ကြုံလာမယ်။ မထင်မှတ်တဲ့ နေရာက ငွေတွေအများကြီး ဝင်လာတတ်ပါတယ်။စိတ်ညစ်ရတာ ပြဿနာဖြစ်တာတွေကြုံမယ်။ ကံအကျိုးပေးဂဏန်း ၉/၃။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ မွှေးသောပန်း ၉ ပွင့်လှူပါလေ။

စနေသားသမီးများ

ဒီရက်တွေအတွင်းမှာ စိတ်ရှည်ရှည်ထားဖို့ အရေးကြီးပါတယ်။ စကားများ ရန်ဖြစ်ရတတ်တယ်။ ကိုယ့်ကြောင့်ဖြစ်တဲ့ပြဿနာ သူများကြောင့်ဖြစ်တဲ့ ပြဿနာပါ ဆက်နေတတ်ပါတယ်။ ဘယ်လိုပဲ ကင်းအောင်နေနေ ပြဿနာတွေက လာပြီး ပတ်သက်နေတတ်ပါတယ်။ မိသားစုအတွင်းမှာလည်း တစ်ယောက်တစ် ပေါက်ဆိုသလို ဖြစ်နေမယ်။ ပြီးသွားပြီလို့ထင်တဲ့ ပြဿနာတွေ ပြန်ပေါ်လာတတ်တယ်။ အလုပ်မှာ စိတ်ကုန် စရာတွေ ကြုံလာမယ်။ အလုပ်ပြောင်းချင်စိတ်တွေ ပေါ်လာတတ်ပါတယ်။ အင်မတန်ရင်းနှီးသူထဲက နာရေး ကြုံလိမ့်မယ်။ နေရာကိစ္စ၊ အဆောက်အဦးကိစ္စတွေ အဆင်မပြေဖြစ်မယ်။ မိခင်၊ အဒေါ် စသူတွေ ကျန်းမာရေး ညံ့မယ်။ အောက်လက်ငယ်သားအတွက် စိတ်ချမ်းသာစရာတွေ ဖြစ်လာမယ်။ မေ့မေ့ပျောက်ပျောက်ဖြစ် နေတဲ့လူတွေ ပြန်ပေါ်လာတတ်တယ်။ ကျန်းမာရေးအတွက် ငွေကုန်ကြေးကျများတတ်ပါတယ်။ အစီအစဉ်မရှိဘဲနဲ့ သင်တန်းတစ်ခု တက်ဖြစ်တာ၊ ပညာကောင်းရတာတွေ ကြုံလာမယ်။ ဆရာသမား၊ ကြီးကဲသူများလက်မှာ ထိမိခိုက်မိဖြစ်တတ်တယ်။ ကံအကျိုးပေးဂဏန်း ၁/၉။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ သပြေ ၂၁ ညွန့်လှူပါလေ။


သဗ္ဗေဓမ္

ဇင်ယော်နီ

Credit : Red Dot Network