တကယ်လား ဂျင်းလား ဆိုပြီး ပရိသတ်တွေငြင်းနေကြတဲ့ မက်ဆီရဲ့ (ဗီဒီယိုဖိုင်)

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဘာစီလိုနာအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ရိုက်ကူးခဲ့တဲ့ မက်ဆီရဲ့ ဗီဒီယို ဖိုင်ဟာ အတုလား.. အစစ်လားဆိုပြီး ပရိသတ်တွေကြားမှာ အငြင်းပွားနေကြပါတယ်။ အဲဒီ ဗီဒီယိုဖိုင်အတိုလေးထဲမှာတော့ ကိုက် (၅၀) အကွာမှာ ရပ်နေတဲ့ ရိုက်ကူးရေးသမားတစ်ယောက်ရဲ့ ပေါင်ကြားထဲကို ဘောလုံးဝင်အောင် ကန်လိုက်တဲ့ မက်ဆီရဲ့ စကေးကို တွေ့မြင်ရမှာဖြစ်ပြီး တကယ့်ကို ပါရမီရှင်တစ်ယောက်ရဲ့ စွမ်းဆောင်ရည်ပါ။

ဒါပေမယ့် ဒီဗီဒီယိုဖိုင်ကို ကြည့်ရသူတချို့ကတော့ မက်ဆီ ကန်လိုက်တဲ့ဘောလုံးလမ်းကြောင်းဟာ အဲဒီဖက်ကို ကန်တာမဟုတ်ဘူးလို့ ငြင်းနေကြသလို၊ တချို့ကလည်း မထင်မှတ်ပဲ ရောက်သွားတာလို့ ငြင်းနေကြပါတယ်။

ဘာကြောင့်လဲဆိုတော့ အဲဒီ ရိုက်ကူးရေးသမားတွေရဲ့ အရှေ့ဖက် မလှမ်းမကမ်းမှာ လေ့ကျင့်ရေးပစ္စည်းတွေကို လိုက်လံသိမ်းဆည်းနေသူတစ်ယောက်ရှိနေပြီး မက်ဆီကန်လိုက်တဲ့လမ်းကြောင်းက အဲဒီလူဆီ ဦးတည်နေတာကြောင့်ပါပဲ။

ဘောလုံးဟာ လမ်းတစ်ဝက်မှာမှ ဦးတည်ချက်ပြောင်းသွားတဲ့ပုံစံ ဖြစ်ခဲ့ပြီး ဘောလုံးက ရိုက်ကူးရေးလုပ်နေသူတစ်ယောက်ရဲ့ ပေါင်ကြားထဲကို တန်းတန်းမတ်မတ် ဝင်သွားခဲ့တာပါ။

တချို့ကတော့ ဒါဟာ မက်ဆီရဲ့ စကေး အစစ်အမှန်ပဲလို့ ထောက်ခံနေကြသလို တချို့ကလည်းဒါဟာ ပြန်လည်တည်းဖြတ်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခု ဖြစ်တယ်လို့ ပြောနေကြပါတယ်။

ဒီ ဗီဒီယိုဖိုင်ကို Adidas ကုမ္ပဏီကတစ်ဆင့် ပြန်လည်ထုတ်လွှင့်တာဖြစ်လို့ ဒါက တည်းဖြတ်ထားတဲ့ ဗီဒီယိုဖိုင်မျိုးမဟုတ်ပဲ မက်ဆီရဲ့ ဘောလုံးကျွမ်းကျင်မှုကို ပြတဲ့ ဗီဒီယိုဖိုင်ဆိုတာ သေချာသလောက်ပါပဲ။

 

ကြည့်ရှုသူ ၂ သန်းကျော်နဲ့ Share ပေါင်း ၁သိန်းနီးပါး ဖြစ်သွားတဲ့ အထက်တန်းကျောင်းသူလေး မေလသံစဉ်ရဲ့ ကိုယ်စောင့်နတ်

မေလသံစဉ်ဟာ သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်ကနေ Cover Songs လေးတွေကို ပြန်ဆိုပြီးတင်လေ့ရှိပါတယ်။

သူမရဲ့ အသံချိုချိုကိုယ်ပိုင်စတိုင်နဲ့သီဆိုပုံလေးတွေက တမူထူးခြားနေတာကြောင့် မေလသံစဉ်ဆိုပြီး နာမည်ကြီးလာခဲ့တာလည်းဖြစ်ပါတယ်။

မေလသံစဉ်ဟာဆိုရင် ယခုချိန်မှာတော့ အထက်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး ဂီတတူရိယာတွေလည်း တီးခတ်နိုင်တဲ့သူတစ်ဦးဖြစ်ပါတယ်။

ဂစ်တာနဲ့ ပီယာနိုကို ကျွမ်းကျင်စွာတီးခတ်နိုင်တဲ့အပြင် အဆိုပိုင်းကိုပါ ကောင်းမွန်စွာသီဆိုနိုင်သူလေးဖြစ်ပါတယ်။

အသက်(၆) နှစ်အရွယ်တည်းက ဂီတပညာရပ်တွေကို စိတ်ဝင်စားကြောင်းကိုယ့်ကိုယ်ကိုသိရှိခဲ့ရတယ်လို့လည်းဆိုပါတယ်။


နာမည်ကျော်ကြားတဲ့ တေးသီချင်းတွေကို ကိုယ်ပိုင်ဟန်နဲ့ ပြန်လည်သီဆိုတတ်တဲ့ ဆယ်ကျော်သက်တစ်ဦးလည်းဖြစ်တဲ့ဖြစ်တာကြောင့် လူသာငယ်ပေမယ့် အနုပညာအားကောင်းတဲ့ အနုပညာရှင်လေးတစ်ဦးမှန်း သိသာစေပါတယ်။

ဒီရက်ပိုင်းထဲမှာတော့ မေလသံစဉ်ဟာ အဆိုတော်ဖိုးပြည့်ရဲ့ ကိုယ်စောင့်နတ်သီချင်းကို ဂစ်တာလေးတစ်လက်နဲ့ သီဆိုထားတဲ့ ဗီဒီယိုဖိုင်လေးကို သူမစာမျက်နှာထက်မှာ တင်ထားခဲ့ပါတယ်။

ထိုဗီဒီယိုဖိုင်လေးဟာ ကြည့်ရှုသူ ၂ သန်းကျော်နေပြီဖြစ်တဲ့ ပရိသတ်တွေရဲ့ ချီးကျူးအားပေးမှုကို အပြည့်အဝခံယူနေရတာဖြစ်ပါတယ်။
Video & Photos-မေလသံစဉ်

 

We Love Cele