ပိန်တာကတော့ လက်တွေ့နော် … သဘာဝဆေးနည်းမို့ မျှဝေပေးတာပါဗျာ
မြန်​မာအိမ်​တိုင်​းမှာ သင်္ကြန်​​ရောက်​ရင်​
မြေအိုး​သေး​သေး​လေး​တွေ ဝယ်​ကြတယ်​​
ကျနော်ကအဲဒီ​ မြေအိုး ​သေး​သေး​လေးထဲက်ို
​ရေ မပြည်​့တပြည်​့ထည်​့ပြီး
မကျည်​းသီး လက်​တဆုပ်​ခန်​့
ထန်​းလျက်​ အလုံး​သေး​သေး​လေး​တွေ
၁၅လုံးခန်​့
ဆား ဇွန်​း​သေး​သေး တစ်​ဇွန်​းခန်​့
အဲဒီ ၃မျိုးကို ဒီအတိုင်​းထည်​့ထားလိုက်​တယ်​
မ​မွှေနဲ့ ​မွှေစရာမလိုဘူး
​မွှေရင်​ အဖတ်​မှုန​်​​​တွေထလာလိမ်​့မယ်
​တစ်​ချက်​မှမ​မွှေဘဲ သူ့ဘာသာ
ကြည်​တက်​လာတဲ့ အရည်​ကြည်​ကို
​ရေစစ်​ခွက်​က​လေးနဲ့ စစ်​ပြီး
​ရေမ​သောက်​ဘဲ ​ရေအစားထိုးပြီး
​သောက်​တယ်​
​သောက်​ရင်​ ဘာအကျိုးဖြစ်​မလဲဆို
အရင်​ စဉ်​းစားကြည်​့ရ​အောင်​
မကျည်​းသီးကို ​ကြေးဘုရား
​ကြေးခွက်​ေ​​တွ အညှိတွေတက်​​နေတာ​တွေကို
ပွတ်​တိုက်​​ဆေး​ကြော​ပေးရင်​
​ပြောင်​လက်​သွားတယ်​
အသားကိုင်​ထားတဲ့လက်​​တွေကို
မကျည်​းသီးနဲ့ ​ဆေး​ပေးရင်​ အနံ​ ့ပျောက်​တယ်​
တစ်​ချို့က ဆိတ်​သားကို အညှီနံ့ ​ပျောက်​​အောင်​
မကျည်း​သီးနဲ့ နှယ်​ပြီး​ဆေးတယ်​
​ကျနော်တို့လည်​း မကျည်း​​ဖျော်​ရည်​ကို​
ရေအစားထိုး ​သောက်​မယ်​ဆို
အမျိုးသား​တွေ​အတွက်​​ရော
အမျိုးသမီး​တွေ အတွက်​​ရော က​လေး
လူကြီးပါမကျန်​
​သောက်​တဲ့ အကျိုး​ကြောင်​့
ဝမ်​းတွင်​း​အေး​နေမယ်​
ကိုယ်​တွင်​းအဆိပ်​အ​တောက်​များကို
ဝမ်​းအဖြစ်​ဖယ်​ရှား​ပေးလို့
အပူအစပ်​ကင်​းစင်​ပြီး
မျက်​နာ​မှာ ထွက်​​နေတဲ့ ဝက်​ခြံ​တွေကို
ပါးသထက်​ ပါး​စေမယ်​
အမြဲတမ်​း​သောက်​​နေလို့
ဝက်​ခြံ​တွေ ​အမြစ်ပြတ်​​ပျောက်​သွားမယ်​
​ရောဂါမှန်​သမျှ အပူ​ကြောင်​့ဖြစ်​တာ
အခုလိုဥပမာ နဲ့​ပြောမယ်​
​ရေခဲ​သေတ္တာထဲကိုထည်​့ထားတဲ့ အသီးအရွက်​နဲ့
အပြင်​မှာထားတဲ့ အသီးအရွက်​လိုဘဲ
ကျနော် စမ်​းကြည်​့တုန်​းက
ရင်​​အေးတယ်​
ဝမ်​းမှန်​တယ်​
ဆီးမှန်​တယ်​
ခံတွင်​းရှင်​းပြီး အနံ့​ပျောက်​တယ်​
မျက်​လုံးကြည်​တယ်​
ဝက်​ခြံ​တွေ ​စင်​တယ်​
အထူးသဖြင်​့ သောက်​တုန်​းက
ဝက်​ခြံ​တွေ​ပျောက်​ချင်​လို့ ​သောက်​ခဲ့တာ
ပိုက်​ဆံမကုန်​လို့
အထင်​မ​သေးဘဲ စမ်​းကြည်​့ရ​အောင်​
ဝမ်​းတစ်​လုံး​ကောင်​းရင်​ ​ခေါင်​းမခဲဘူးဆိုတဲ့
​ရှေးစကားပုံလည်​း ရှိတယ်​​နော်​
ကျနော်တို့ အဖိုး အဖွား​တွေ
အခုလို သဘာဝအသီး​တွေကို
ကိုယ်​့ဘာသာ​ဖျော်​​သောက်​လို့
ဘာ​ရောဂါမှ မဖြစ်​ ​တဲ့အပြင်​
​ငွေ​တွေ အလဟသ မကုန်​ခဲ့လို့
ဘုရား​တွေတည်​ ​ကျောင်​း​တွေ​ဆောက်​
လှူဒါန်း​​ပေးကမ်း​နိုင်​ခဲ့ကြပြီး
အသက်​ရှည်​ခဲ့ကြတယ်​ဆိုတာကို
မ​မေ့နဲ့​နော်​ ။
​အောက်​က အိုး​လေးထဲမှာ
မကျည်​းသီးက ၁၀၀ ကျပ်​
ထန်​းလျှက်​က ၂၀၀ ကျပ်​
အားလုံး ၃၀၀ ကျပ်​သာကုန်​ပြီ
ဖန်​ခွက်​ကြီးနဲ့ ၂ခွက်​
ဖန်​ခွက်​​သေးနဲ့ ၃ခွက်​ ထွက်​ပါတယ်​ ။
Credit: San Thein Thein‎
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွက် ၁လစာ ဟောစာတမ်း
မိတ်ဆွေအားလုံးအတွက် Septemberလ(9)လပိုင်းအတွက် တစ်လစာဟောစာတန်းလေး တင်ပေးလိုက်ပါတယ်ခင်များ
1.9.2018 မှ 30.9.2018ထိ ခုနှစ်ရက်သားသမီး အားလုံးအတွက် ဟောစာတမ်း
💯တနင်္ဂနွေသားသမီးများအတွက်
➖➖➖➖➖➖➖➖
ဒီလထဲတွင်ကြုံတွေ့နေရသောပြသနာများအားချုပ်ကိုင်အနိုင်ယူစွမ်းရှိသောကာလဖြစ်သည်။မိမိလုပ်ဆောင်သမျှကိုအမျိုးသမီးတစ်ဦးမလိုက်လံကူညီတက်သည် ။စီးပွားရေး၊ အလုပ်အကိုင်နှင့်ပတ် သက်ပြီး လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော လုပ်ငန်း၊ အထည်အလိပ်နှင့်ပတ်သက်သော လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း၊ ပြည်ပနှင့်ပတ်သက်သော လုပ်ငန်းများ အဆင်ပြေအောင်မြင်ကိန်း ရှိပါသည်။ ငွေရေး၊ ကြေးရေး ကံမကောင်းသေးပါ။ ငွေအထွက်များခြင်း၊ ရစရာရှိတာမရခြင်း၊ ပေးစရာရှိတာ မပေးဖြစ်သေး ခြင်း၊ အကြွေးတင်ခြင်းများ ကြုံရကိန်းရှိပါသည်။ အလုပ်အကိုင်ပြောင်းရွှေ့ချင် စိတ်များဖြစ်နေတတ်ပါသည်။ အလုပ်အကိုင်ပြောင်းလိုလျှင် ဤလကုန် (2)ရက်နေ့ကျော်မှ ပြောင်းပါလေ။
ငယ်ရွယ်သူများ ချစ်သူနှင့်အဆင်မပြေဖြစ်ရတတ်သည်။ တနင်္ဂနွေ၊ တနင်္လာ၊ သောကြာသား ချစ်သူရှိလျှင် အဆင်မပြေ ပျက်သွားတတ်ပါသည်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဖက်နှင့်ပတ်သတ်ပြီး စိတ်အနှောင့်အ ယှက်ဖြစ်ရ၊ စကားများရတတ်ပါသည်။
အလုပ်အကိုင်များ အစဉ်ပြေမလိုလိုနှင့် အဆင်မပြေဘဲရှိနေတတ်ပါ သည်။
အင်တာဗျူးကိစ္စ၊ သင်တန်းကိစ္စများ စီစဉ်ပြီး လုပ်ဖြစ်ရန် ကြံကြာနေတတ်ပါသည်။
{အထူးကံကောင်းစေသောယတြာ} – တနင်္ဂနွေနေ့
အိမ်ဘုရားစဉ်တွင် ပန်းအဝါ(15)ပွင့်
ဖယောင်းတိုင်-အဝါယောင်(15)တိုင် အမွှေးတိုင်(15)တိုင် အသီး(15)လုံးကို ကပ်လှူထွန်းညှိပူဇော်ပေးလိုက်ပါ။
📝 ဆရာမင်းသုခ📲09440243656(viber)
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
💯တနင်္လာသားသမီးများအတွက်
➖➖➖➖➖➖➖➖
မျှော်လင့်ချက်များပြီးပြည့်စုံမည့်ကာလဖြစ်သည်။ မိမိဖြစ်ချင်သောအရာမှန်သမျှ ယခုကာလအတွင်း
ထူးခြားတိုက်ဆိုင်စွာ ပြည့်ဝတက်သည်။လုပ်ဆောင်မှုတိုင်း၌ စိတ်ပါလက်ပါရှိပါစေ။ အဆောက်အဦးနှင့်ပတ်သက်သော လုပ်ငန်း၊ တိုက်တာဆောက်လုပ်ခြင်း၊ အိမ်သစ်ဆောက်လုပ်ခြင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ မြေယာနှင့်ပတ် သက်သောလုပ်ငန်း၊ ပွဲစားလုပ်ငန်း၊ ပွဲရုံလုပ်ငန်း၊ အောင်မြင်ကိန်းရှိပါသည်။ ပြီးခဲ့သည့်လများမရခဲ့သော ရစရာရှိ သောငွေများ ဆုံးရှုံးသွားသောငွေများနှင့်ရွှေများပြန်လည်ရရှိ ကိန်းရှိသည်။
မထင်မှတ်ဘဲ ဘုရားဖူးခရီး၊ ရပ်ဝေးခရီးသွားရကိန်းလည်း ရှိပါသည်။
ရပ်ဝေးမှ ဆွေမျိုးသား ချင်း များနှင့်လည်းတွေ့ရကိန်းရှိပါ သည်။ စက်ပစ္စည်းနှင့်ပတ်သက်လို့ ငွေကြေးကုန်ကျများရတတ်ပါသည်။
ငွေအထွက်များတတ်ပါသည်။ ငွေပျောက်ကိန်းရှိသည်။
က၊ ခ၊ ဂ၊ ဃ၊ င၊ သ၊ ဟ အက္ခရာအမည်နှင့်စသောသူ များကိုငွေရေးကြေးရေးကိစ္စ သတိထားပါ၊ အာမခံနှင့်ငွေမချးပါနှင့်။
အိမ်ထောင်ရှင်မများ အိမ်ထောင်ရေးအဆင်ပြေပြီး အိမ်ထောင်ရှင်အမျိုးသားများ ဆန်းပွင့်ကိန်းရှိသော ကာလဖြစ်ပါသည်။ ချစ်သူ၊ သမီးရည်းစားများ ချစ်သူနှင့်အဆင်မပြေဖြစ်တတ်သည်။ တနင်္လာ၊ သောကြာ သားသမီးများနှင့်
ချစ်သူဖြစ်လျှင် အဆင်မပြေဖြစ်ပြီး ပြတ်သွားတတ်ပါသည်။ ပညာရေး ကံကောင်းပါသည်။ သင်တန်းတတ်ရန် စိတ်ကူးရှိသူများ သင်တန်းတတ်ဖြစ်တတ်သည်။ အင်တာဗျူး ဖြေမည့်သူများ အောင်မြင် ကိန်းရှိသည်။ တစ်ခါတစ်ရံ အိမ်မှာမနေလိုစိတ်၊ ခရီးထွက်ချင်စိတ်များ ဖြစ်နေတတ်သည်။
{အထူးကံကောင်းစေသောယတြာ}
မိမိ၏ မွေးနံဂြိုလ်ဒေါင့်ဘုရားမှာ ကွမ်းရွက်(5)ရွက်,
ဖယောင်းတိုင်အဖြူရောင် (5)တိုင်, ပန်းအဖြူရောင်(5)ပွင့်ကို ကပ်လှူပူဇော်ပေးပါ။
📝 ဆရာမင်းသုခ📲09440243656(viber)
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
💯အင်္ဂါသားသမီးများအတွက်
➖➖➖➖➖➖➖
ဘာပဲလုပ်လုပအပင်ပန်းခရသလောက် အကျိုးမပေးတက်တဲ့ကာလဖြစ်သည်။ စိတ်ရှုပ်စရာ၊ စိတ်ပျက်စရာ၊ စိတ်ဓာတ်ကျစရာကိစ္စများကြုံတတ်သည်။ သူတစ်ပါး အထင်လွှဲခြင်း၊ မကောင်းပြောချင်းများ ခံရကိန်းရှိသည်။ ချစ်ခင်သူများနှင့်မထင်မှတ်သာ အကြောင်းအရာများကြောင့် လမ်းခွဲရကိန်းရှိပါသည်။
တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး ချစ်သူရှိက မထင်မှတ်ဘဲ အဆင်မပြေခြင်း၊ ပျက်သွားခြင်းများ ကြုံရတတ်ပါသည်။ ချစ်သူမရှိသူများကတော့ အချစ်သစ်တွေ့မည်၊။ မိမိထက်ငယ်ရွယ်သူများနှင့်အဆင်ပြေတတ်ပါသည်။
အိမ်ထောင်ရှိသူများ၊ အိမ်ထောင် ရေးအဆင်မပြေဖြစ်တတ်သည်။ ဆန်းပွင့်ခြင်းတို့ကြုံရကိန်းရှိသည်။
ပညာရေးကံကောင်းပါသည်။ သင်တန်းကိစ္စ၊ အင်တာဗျူးကိစ္စများအဆင်ပြေ
. အောင်မြင်ကိန်းရှိပါသည်။ ငွေရေး၊ ကြေးရေးကံမကောင်းပါ။ အကြွေးတင်ခြင်း၊ အကြွေးပေးစရာရှိခြင်းများ ကြုံရတတ်ပါသည်။ ငွေရေးကြေးရေးနှင့် ကိစ္စနှင့်ပတ်သက်ပြီး သောကရောက်ကိန်းရှိပါသည်။ အလုပ်အကိုင်များလည်း အဆင်ပြေမလိုလိုနှင့်အဆင်မ ပြေဖြစ်တတ်သည်။
နိုင်ငံခြားလုပ်ငန်း၊ လူမျိုးခြားနှင့်ပတ်သက်သောလုပ်ငန်း၊ အစိုးရနှင့်ပတ်သက်သောလုပ်ငန်းများ အောင်မြင်ကိန်းရှိပါသည်။ ငွေကြေးနှင့်ပတ်သက်သောလုပ်ငန်း၊ စက်ပစ္စည်းနှင့်ပတ်သက်သောလုပ်ငန်းလုပ်သူများ
ငွေကြေးကံကောင်းမှုအားနည်းတတ်ပါသည်။
{အထူးကံကောင်းစေသောယတြာ}
ဒီလအတွင်းငွေရေးကြေးရေး ကံကောင်းစေရန် ဘုရား တစ်ဆူဆူရဲ့ တနင်္ဂနွေထောင့်မှာ သင်္ဘောသီး(1)လုံးလှူပေးပါ။ အိမ်ဘုရားမှာ သပြေပန်းလှူပေးပါ။
📝 ဆရာမင်းသုခ📲09440243656(viber)
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
💯ဗုဒ္ဓဟူးသားသမီးများအတွက်
➖➖➖➖➖➖➖➖
ရည်ရွယ်ချက် ရည်မှန်းချက်များ ထင်ထင်ရှားရှား အောင်မြင်မည့်ကာလဖြစ်သည်။ ငွေကြေးကုန်ကျများခြင်း၊ အဖေ၊ အမေ ကျန်းမာရေးညံ့ခြင်းများကြုံရတတ်ပါသည်။ ချစ်ခင်သောသူများနှင့်လည်းလမ်းခွဲရတတ်ပါသည်။
ချစ်သူ အသစ်တွေ့လို့ စိတ်ခံစားရကိန်းရှိပါတယ်။ အချစ်ရေး ငွေကြေး ဒီလ ထဲကံကောင်းသေးပါ။ အဝင်နဲ့ အထွက် ငွေကြေး အထွက်များရတတ်ပါတယ်။
ချေးထားသောငွေများပြန်မရခြင်း၊ ကျန်းမာရေးနှင့်ပတ်သက်ပြီး
ငွေကုန်ကြေးကျများခြင်းများကြုံရတတ်ပါသည်။
တနင်္လာ၊ ကြာသပတေးသားသမီး များကို ငွေမချေးပါနဲ့ ။
အိမ်ကိစ္စ၊ အဆောက်အဦးကိစ္စများ၊ ဆိုင်ခန်းကိစ္စများ အဆင်ပြေအောင်မြင်မည်။
ဆန်၊ ဆီ၊ ဆား၊ ဆေး၊ စက်ပစ္စည်း၊ စပ်တူရှယ်ယာလုပ်ငန်းများ အဆင်ပြေအောင်မြင်ကိန်းရှိသော ကာလဖြစ်ပါသည်။
ဒီလအတွင်း အချစ်ရေးကံမကောင်းပါ။ မိန်းမတစ်ယောက်ကို အကြောင်းပြုပြီးချစ်သူနှင့်အဆင်မပြေဖြစ်ကာ လမ်းခွဲရကိန်း ကြုံရတတ်ပါသည်။ တစ်ခါတစ်ရံ စိတ်အားငယ်သလို ဖြစ်နေတတ်သည်။
အိမ်ထောင်ရှိသူများ သား၊သမီးရကိန်းရှိပါသည်။
ပညာရေးကံမကောင်းပါ၊ သင်တန်းတတ်ရန် ကိစ္စများပျက်သွားကိန်းရှိသည်။
{အထူးကံကောင်းစေသောယတြာ}
အိမ်ဘုရားမှာ နှင်းဆီပန်း အနီရောင်(၁၇)ပွင့်
ဖယောင်းတိုင်(၁၇)အမွှေးတိုင်(၁၇)ထွန်းညှိပူဇော်ပေးပါ၊၊
📝 ဆရာမင်းသုခ📲09440243656(viber)
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
💯ကြာသပတေးသားသမီးများအတွက်
➖➖➖➖➖➖➖➖➖
လက်ရှိလုပ်နေသော လုပ်ငန်းအား မိတ်ဆွေသူငယ်ချင်းတစ်ဦးကြောင့် နှောင်နှေးပြီး လွှဲချော်တက်သော့ကာလဖြစ်သည်။
ခြေ၊ လက်ထိမိခိုက်မိ ဖြတ်တတ်သဖြင့် ဂရုစိုက်ပေးပါ ။စိတ်ထိခိုက်ခြင်း၊ စိတ်ဓာတ်ကျခြင်းများ တစ်ခါတစ်ရံဖြစ်ပေါ်တတ်ပါသည်။ ချစ်သူနှင့်စကားပြောအဆင်မပြေဖြစ်တတ်သည်။ မထင်မှတ်ဘဲ ခရီးတစ်ခုသွားရတတ်သည်။ ခရီးသွားပြီးပြန် လာလျှင် ညံ့နေသောကံများကောင်း သွားတတ်ပါသည်။ မြေကိစ္စ၊ ဖုန်းကိစ္စ၊ အမွေကိစ္စ၊ ငွေရေးကြေးရေးနှင့်ပတ် သက်ပြီး စိတ်သောကရောက်ရတတ်ပါသည်။
ကျန်းမာရေးနှင့်ပတ်သက်ပြီး ငွေအထွက်များခြင်း၊ ငွေကြေးပေး စရာရှိသည်ကို မပေးနိုင်ခြင်းများ ကြုံရတတ်ပါသည်။ ကား၊ ကွန်ပျူတာ၊ ကင်မရာများ ဝင်ကိန်း၊ အဆင်ပြေကိန်း ရှိသည်။ အလှပြင်လုပ်ငန်း၊ အနုပညာလုပ်ငန်း၊ လူထုနှင့်ပတ်သက်သောလုပ်ငန်းများ အဆင်ပြေအောင်မြင်ကိန်း ရှိပါသည်။ စပ်တူရှယ်ယာလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ အလုပ်ဖြစ်ပြီး ငွေမကျန်ခြင်း၊ ငွေစုမရခြင်း များကြုံရတတ်ပါသည်။
စီးပွားရေးလုပ်ငန်းလုပ်သူများ ငွေရေးကြေးရေးစကားပြောရတတ်သည်။
အိမ်ထောင်ရှိသူများ ဆန်းပွင့်ကိန်းရှိသည်။ ပညာရေးကံမကောင်းပါ။ သင်တန်းတတ်ရန်ကိစ္စများ ပျက်သွားတတ်ပါသည်။
{အထူးကံကောင်းစေသောယတြာ}
အိမ်ဘုရားမှာ ပန်းအဖြူရောင်(19)ပွင့် ဆီမီးခွက်(19)ခွက်,အမွှေးတိုင်(19)တိုင် ကပ်လှူထွန်းညှိပူဇော်ပေးလိုက်ပါ။
📝 ဆရာမင်းသုခ📲09440243656(viber)
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
💯 သောကြာသားသမီးများအတွက်
➖➖➖➖➖➖➖➖
အလွန်ကောင်းတဲ့သတင်းတစ်ခုကြားရတက်ပါသည် လူချစ်လူခင်များမဲ့ကာလဖြစ်မည်။ စက်ပစ္စည်းနှင့်ပတ်သက်သော လုပ်ငန်း၊ စပ်တူရှယ်ယာလုပ်ငန်း၊
ဆောက်လုပ်ရေးလုပ်ငန်း၊ ပြည်ပရင်းနှီးမှုလုပ်ငန်းများ အဆင်ပြေအောင်မြင် ကိန်းရှိပါသည်။ ရပ်ဝေးမှစပ်တူရှယ်ယာလုပ်ငန်းများလည်း ပေါ်တတ်ပါသည်။
ပွဲရုံပွဲစားလုပ်ငန်း၊ မြေယာနှင့်ပတ် သက်သောလုပ်ငန်း၊ ပရိဘောဂနှင့် ပတ်သက်သောလုပ်ငန်း၊ ပဲမျိုးစုံရောင်းဝယ်ရေး စသော
ကြာသပတေးနံလုပ်ငန်းများလည်း အဆင်ပြေအောင်မြင်တတ်သော ကာလဖြစ်ပါသည်။ ငွေကြေးအဝင်နည်း၊ အထွက်ကြမ်း ဖြစ်နေတတ်ပါသည်။
မထင်မှတ်ဘဲ ခရီးသွားရတတ်ပါသည်။ ကောင်းသောခရီးဖြစ်တတ်ပါသည်။
အိမ်ထောင်ရှိသူများ အိမ်ထောင်ဖက်နှင့်ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရတတ်သည်။
အိမ်ထောင်ဖက်သည် အိမ်ထောင်ရေးဖောက်ပြန်ခြင်း/ အိမ်က ထွက်သွားခြင်း စန်းပွင့်ခြင်းတို့ဖြစ် ၍စိတ်အနှောင့်အယှက်ဖြစ်ရတတ်ပါသည်။
ရပ်ဝေးမှမိတ်ဆွေ ဆရာသမား ၊ အင်္ဂါ၊ စနေသားသမီးများ အကူ အညီရတတ်ပါသည်။ ငယ်ရွယ်သူများချစ်သူနှင့်အဆင်မပြေဖြစ်ကိန်းရှိသည်။ တစ်ခါတစ်လေ စိတ်ထိခိုက်သလို စိုးရိမ်သလို စိတ်သောကဖြစ်နေတတ်ပါသည်။
ပညာရေးကိစ္စ၊ အထူးကောင်းပါသည်။ သင်တန်းကိစ္စများလည်း အဆင်ပြေအောင်မြင်ပြီး သင်တန်းတတ်ရန် ရည်ရွယ်ထားသာများ သင်တန်းတတ်ဖြစ်လိမ့်မည်။ ဒီကာလအ တွင်း စိတ်ညစ်၊ စိတ်ရှုပ်လျှင် ဘုရားဖူးခရီးထွက်လိုက်ပါ။
{အထူးကံကောင်းစေသောယတြာ} – တနင်္လာဂြိုလ်ဒေါင့်ဘုရားတွင် ကံ့ကော်ညွန့်(21)ညွန့်, ဖယောင်းတိုင်(21)တိုင်
ချိုချဉ်(သကြားလုံး) (21)လုံး လှူပေးလိုက်ပါ။
📝 ဆရာမင်းသုခ📲09440243656(viber)
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
💯 စနေသားသမီးများအတွက်
➖➖➖➖➖➖➖➖
မထင်မှတ်ထားသော လုပ်ငန်း နေရာ အပြောင်းအလဲများ ပြောင်းရွေ့လုပ်ကိုင်ရမည့် ကာလဖြစ်သည်၊၊
အလုပ်အကိုင်တိုးတတ်မှုအားကောင်းတတ်ပါသည်။ ငွေကုန်ကြေးကျများနေတတ်သည်။ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ဘာသာပြန်လုပ်ငန်း၊ လူထုနှင့်ပတ်သက်သောလုပ်ငန်း၊ အနုပညာလုပ်ငန်းများ အဆင်ပြေအောင်မြင်ကိန်းရှိသော ကာလဖြစ်ပါသည်။ မိတ်ရင်း၊ ဆွေရင်း၊ဆရာသမားလို ပုဂ္ဂိုလ်မျိုးနှင့် အဆင်မပြေ ဖြစ်ကိန်းရှိသည်။ ခြေ၊ လက် ထိခိုက်ဒဏ်ရာရခြင်း၊ ကျန်းမာရေးညံ့၍ ဆေးရုံ၊ ဆေးခန်းပြရခြင်းများ ကြုံရတတ်ပါသည်။ အိမ်ထောင်ရှင် အမျိုးသမီးများ အိမ်ထောင် ဖက်ဆန်းပွင့်ခြင်း၊ အိမ်ထောင်ဖက်နှင့်အဆင်မပြေဖြစ်ခြင်းများ ကြုံရတတ်သည်။
အိမ်ထောင်ရှင်အမျိုးသားများ ဆန်းပွင့်ကိန်းရှိပါသည်။
ရည်စားရှိသူများအချစ်ရေး အဆင်မပြေဖြစ်တတ်သည်။
တနင်္ဂနွေ၊ ကြာသပတေးသားသမီးနှင့် ဇာတ်လမ်းဖြစ် လျှင်ပြတ်သွားတတ်ပါသည်။
အလုပ်အကိုင် အဆင်ပြေမလိုလိုနှင့် မပြေဘဲလွဲလွဲနေတတ်ပါသည်။ ဝင်စရာရှိ သောငွေများလည်း မဝင်ခြင်း၊ ရစရာရှိသောလုပ်ငန်းများ လည်းမအောင်မြင်သေးခြင်းများကြံရတတ်သည်။ စနေ၊ တနင်္ဂနွေသား ချစ်သူအိမ်ထောင်ဖက်ဖြစ်လျှင် ဖောက်ပြန်၍ ကွဲသွားတတ်သောကာလဖြစ်ပါသည်။ ပညာ ရေးကံမကောင်းပါ။ သင်တန်းများ တိုးလို့တန်းလန်း ဖြစ်နေတတ်သည်။
စိတ်ညစ်လျှင် ရပ်ဝေးခရီးထွက်ခြင်း၊ ဘုရားဖူးထွက်ခြင်း၊ ညအိပ်ညနေခရီးများ ထွက်လိုက်ပါ။ ခရီးမှာပြန်လာလျှင် ညံ့နေသောကံများကောင်းသွား လိမ့်မည်။
{အထူးကံကောင်းစေသောယတြာ}
မိမိ၏ အိမ်ဘုရားတွင် အသီး(10)လုံးရွက်လှ(10)ညွန့် , ဖယောင်းတိုင်အနီရောင်(10)တိုင်ကို ထွန်းညှိပူဇော်ပေးပါ။
📝 ဆရာမင်းသုခ📲09440243656(viber)
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
💯ရာဟုသားသမီးများအတွက်
➖➖➖➖➖➖➖➖
ငွေကြေးကံကောင်းမလိုလို နဲ့ ထွက်ထွက် နေနေတတ်ပါသည်။
ချေးထားသောငွေများ ရ ရန်ရှိသော ငွေများ ပြန်ရတတ်ပါသည်။ ဝန်ထမ်းလုပ်သူများအနေနဲ့ ရာထူးတိုးရတတ်ပါသည်။ အလုပ်အကိုင် ပြောင်းရတော့ မလိုလိုနှင့် မပြောင်းဖြစ်ပဲ ရှိနေတတ်ပါသည်။ နိုင်ငံခြားနဲ့ပတ်သက်သောလုပ်ငန်း ၊
ငွေ ၊ ကျောက် ၊ ကား ၊ ကွန်ပျူတာ ၊ ကုန်စုံဆိုင်လုပ်ငန်းများ အကျိုးပေးအောင်မြင်မည် ။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဘက်နှင့် ပတ်သက်ပြီး မကြာခဏ စကားများရတတ်ပါတယ်။ အိမ်ဆောက်မည့်သူများ ကြံံ့ကြာတတ်ပါသည်။
ချစ်သူရှိသူများ ချစ်သူနဲ့ ကတောက် က ဆ ဖြစ်ရတာ က လွဲ ပြီး အဆင်ပြေ တတ်ပါသည်။ ယောက္ခမနဲ့တော့အဆင်မပြေဖြစ်တတ်ပါသည်။ မထင်မှတ်ပဲ ခရီးထွက်ဖြစ်တတ်ပါသည်။
ဆရာသမား၊ အကြီး အကဲ ညိုညင်တာ ခံ ရတတ်ပါသည်။
တနင်္ဂနွေ ၊ ဗုဒ္ဒဟူးသားသမီး များကို ငွေမချေးပါနှင့် ။
ဝန်ထမ်းလုပ်သူများ အလုပ်ထဲ တွင် မနာလို သူ များကြောင့် စိတ်အနှောက် အယှက်ဖြစ်ရတတ်ပါသည်။
အလုပ်ပြောင်းချင်သလို မပြောင်းချင်သလိုဖြစ်တတ်ပါတယ်။ စီးပွားရေးလုပ်သူများ အတင်မကျဖြစ်နေမည်။ စက်ပစ္စည်းနဲ့ပတ်သတ်သောလုပ်ငန်း ၊
စာသင်သောအလုပ် ၊ ဆိုင်လုပ်ငန်း ၊ ဆေးလုပ်ငန်း ၊ စပ်တူလုပ်ငန်းများ သင်တန်းလုပ်သောသူများ ဝင်ငွေအားနည်းနေမည်။
အလကားနေရင် စိတ်ရှုပ်နေမှု ၊ စိတ်လေနေမှုများ ဖြစ်နေတတ်ပါသည်။ ကျန်းမာရေးကတော့ ခေါင်းမူးတာ ဗိုက်အောင့်တာ ဖြစ်တတ်ပါသည်။
{အထူးကံကောင်းစေသောယတြာ}
အင်္ကျီ အဟောင်း(1)ထည် အနောက်ဘက်အရပ်တွင် စွန့်ပစ်လိုက်ပါ အိမ်ဘုရားမှာ ထောပတ်ဆီမီးခွက်(12)ခွက်ကို
ထွန်းညှိပူဇော်ပေးပါ၊၊
📝 ဆရာမင်းသုခ📲09440243656(viber)
ဗေဒင်နှင့်လက္ခဏာ
ဆရာမင်းသုခ
၇၃လမ်း/၃၄-၃၅လမ်းကြား
ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့
Ph-09440243656
တစ်နေ့ ၇ ခေါက် ပုံမှန်ရွတ်ရုံနဲ့ ထူးခြားပါလိမ်မယ်
အခက်အခဲတွေနဲ့ အရမ်း ကြုံနေရရင်ဒီဂါထာလေး ရွတ်ကြည့်ပါလား…
တစ်နေ့ ၇ ခေါက် ပုံမှန်ရွတ်ရုံနဲ့ ထူးခြားပါလိမ်မယ်။
#သိကြားမင်း ဂါထာတော်
ဝေဒါသာကု ၊ ကုသာဒါဝေ …. ဒါယသာတ ၊ တသာယဒါ
သာသာဓိကု ၊ ကုဓိသာသာ …. ကုတကုဘု ၊ ဘုကုတကု
ဝေ = ငါ၏ရန်သူ ဟူသမျှတို့သည် …. ဒါ = ဝေးစွာသော အရပ်သို့ …. သာ = လျင်စွာ …. ကု = ပြေးကုန်သတည်း။
ကု = ငါ့အား မကောင်းသဖြင့် ကြံကုန်သောသူတို့သည် …. သာ = မိမိအလိုလို …. ဒါ = အကြံအစည် ပျက်သောအားဖြင့် …. ဝေ = ပျောက်စေကုန်သတည်း။
ဒါ = ငါ၏ ဒါန စေတနာတို့ကြောင့် …. ယသာ=အခြံအရံ အကျော်အမော်တို့သည် …. တ = ပွါးများ စေကုန်သတည်း။
တသာ=ငါပြုမိသော အကုသိုလ် ၁၀ပါးတို့သည် …. ယ = ငါပြုမိသော ကုသိုလ် ၁၀ပါး၏ တန်ခိုးတော်တို့ကြောင့်
ဒါ =ပြေပျောက်စေကုန်သတည်း။
သာ = စက်ဆုပ်ဖွယ်သောသူတို့အားလည်းကောင်း … သာ = အမျက်မာန ဒေါသရှိသော သူတို့အားလည်းကောင်း …. ဓိ = ဆုံးမသြဝါဒ ပေးခြင်းဖြင့်သာလျှင် ….ကု = အောင်မြင်စေသတည်း။
ကု = ထိုထိုသော အမျက်မာန မာန်တက်သူတို့နှင့် ….ဓိ = ရှည်မြင့်စွာ …. သာ =မပေါင်းဖော်ရသည် …. သာ = ဖြစ်ပါစေသတည်း။
ကု = ကုသိုလ်စရိုက် ပြုကျင့်လေ့ရှိသော …. တ = သူတော်ကောင်းတို့နှင့်သာလျှင် ….ကု = ဖြစ်လေရာ သံသရာ ဘဝအဆက်ဆက်၌ ….ဘု = တွေ့ဆုံပေါင်းဖော်ခြင်းကိုပြုရစေသတည်း။
ဘု = အကုသိုလ် ဒုစရိုက် ပွါးများသူတို့နှင့် …. ကု = ဖြစ်လေရာ သံသရာ ဘဝအဆက်ဆက်၌ ….တ = အခါ ခပ်သိမ်း ….ကု = တွေ့ဆုံပေါင်းဖော်ခြင်း မပြုရသည်ဖြစ်ပါစေသတည်းးး။
Credit ….http://myitter.com/?p=4948
Unicode
Credit ….
သင့် အိမ်ဟာ မည်သည့်ဘက်ကို မျက်နှာမူနေပါစေ..အသက်ရှည် အနာမဲ့စေဖို့ ဒီအချက်တွေ အတိုင်း အိပ်စက်ပါ..
မိမိကိုယ်မိမိ အသက်ရှည်ရာ အနာမဲ့စေလိုလျှင် လူတို့ ဦးခေါင်းထားပြီး အိပ်စက်ရာ အရပ်သည် မှန်ကန်ဖို့လို…!
photo:google
ရှေးကလူကြီး များသည် မိမိတို့ နေရမည့်အိမ် ဆောက်လုပ် ရာတွင် မည်သည့် အရပ်ကို မျက်နှာပြု ရသည်ဖြစ်စေ ဘုရားစင် ထားရှိရမည့် အရပ်၊ အိပ်လျှင် ဦးခေါင်းပြု ရမည့်အရပ် မျက်နှာတို့ကို ရွေးချယ်လေ့ ရှိကြသည်။ ဖြစ်သလို အိမ်ဆောက်ခြင်း၊ နေထိုင် အိပ်စက်ခြင်း မရှိကြပေ။ ရှေးလူကြီး များ၏ အသက်ရှည်ရာ အနာမဲ့ကြောင်း ဓလေ့ကောင်း များကို လေ့လာ ဖော်ထုတ် လိုက်နာခြင်း အားဖြင့် အကျိုး ယုတ်စရာ အကြောင်း မရှိပေ။ သိပ္ပံနည်း မကျဟု ဆိုကြသူများ ရှိသော်လည်း သိပ္ပံပညာ ထွန်းကား လာသည်နှင့် လူ့သက်တမ်း များ တိုလာ သည်မှာလည်း စဉ်းစားစရာ အချက် ဖြစ်ပေသည်။ ရှေးထုံးကိုလည်း မပယ်နှင့် စျေးသုံးလည်း မလွယ်နှင့် ဟူသော စကားသည် အမှန်ပင် ဖြစ်သည်။
ရှေးကလူကြီး များသည် အိပ်ရာဝင် ချိန်တွင် ဦးခေါင်းချရာ အရပ်ကို (၁)အရှေ့အရပ်၊ (၂) တောင်အရပ် တို့ကို ဦးခေါင်းပြု၍ အိပ်စက်ရမည်။ ထိုသို့ ဦးခေါင်းပြု အိပ်စက်ခြင်းဖြင့် ကောင်းစွာ အိပ်ပျော် စေသည်။ ကောင်းသော အိပ်မက်ကို မြင်မက်စေသည်။ အိပ်ပျော် နေချိန်တွင် အစာကြေခြင်း ကို ဖြစ်စေသည်။ မလိုအပ်သော အပုပ်၊ လေ၊ ဝမ်း တို့သည် ညင်သာစွာဖြင့် အောက်သို့ သက်စေသည်။ စမြင်းဒေါသမှ ကင်းစေသဖြင့် အနာ ရောဂါလည်း ကင်းစေသည်။ နံနက် အိပ်ရာထ ချိန်တွင်လည်း ကောင်းစွာနိုးထ စေနိုင်သည် ဟု ယူဆကြသည်။
(၃) မြောက်အရပ်၊ (၄) အနောက်အရပ် တို့သို့ ဦးခေါင်းပြု၍ မအိပ် ကောင်းပေ။ ထိုသို့ ခေါင်းပြု အိပ်သူများသည် ကောင်းစွာ အိပ်စက် မပျော်နိုင်။ လေပွခြင်း၊ ဟောက်ခြင်း၊ အသက်ရှူ မဝခြင်း၊ လန့်၍နိုးခြင်း၊ ကောင်းသော လေ၊ အပုပ်တို့ အထက်သို့ ဆန်ခြင်း၊ မျက်စိ ပွင့်လျက် အိပ်ခြင်း၊ လျှာကိုက် မိခြင်း၊ နှုတ်နှင့် ခံတွင်းမှ အာပုပ်ရည် တို့ စီးကျခြင်း၊ ကယောင်ကတမ်း ပြောခြင်း၊ အိပ်မက်မက် ရာတွင် အမြင့်မှ ချောက်ကမ်းပါး မှ ပြုတ်ကျသည်ဟု မက်ခြင်း စသော အပြစ်များစွာ ရှိသည့်အပြင် ညဦးက စားထားသော အစာများ မှာလည်း မကြေမကျက် သဖြင့် ဝမ်းတွင်း စမြင်းခံခြင်း၊ ဒူလာ လိပ်ခေါင်း ရောဂါဖြစ်ခြင်း တို့ ဖြစ်နိုင်သည် ဟု ဆိုသည်။
ဗုဒ္ဓ ဖြစ်တော်စဉ် ကျမ်းစာများ တွင်လည်း ဘုရားရှင်၏ လဲလျောင်း နေသော ရုပ်ပွားတော်များ ထုလုပ် ကိုးကွယ် သောအခါ သတိပြုရမည့် စာညွှန်းမှာ ထို ရုပ်ပွားတော်၏ ဦးခေါင်းတော် ထားရှိရာကို ရည်ညွှန်းလျက် (၁) အရှေ့ ရွှေသာလျောင်း၊ (၂) တောင် ပေါင်းလောင်း၊ (၃) မြောက် စောင်းကုဿိနာ ဟု ဆိုသဖြင့် အရှေ့အရပ် သို့ ဦးခေါင်းထားလျှင် ရွှေသာလျောင်း ဆင်းတုတော်၊ တောင်အရပ် သို့ ဘုရား ဦးခေါင်းပြု ထားလျှင် ပေါင်းလောင်းတော်၊ မြောက်အရပ်သို့ ခေါင်းပြု ထားလျှင် ပရိနိဗ္ဗာန် ပြုသည့် ကုဿိနာရုံမှ ဆင်းတုတော် ပုံတူဟု မှတ်ယူရမည် ဖြစ်သည်။
အနောက်တိုင်း ဆေးပညာရှင် ကြီးတစ်ဦးက ဟောပြော ရာတွင်လည်း သွေးတိုးရောဂါ ရှိသူများသည် မြောက်အရပ် သို့ ဦးခေါင်းပြု၍ မအိပ်ရ။ သွေးတိုးတက်၍ ညအိပ်ရာ ထဲတွင် လေဖြတ် နေစေနိုင် သည်ကို သတိပြုဟု ဟောပြော သည်ကို မှတ်သားရဖူး ပါသည်။
နေ့စဉ်ပြု နေကျ နေ၊ ထိုင်၊ စား၊ အိပ် အမှားများကြောင့် လူတို့ အသက်တိုခြင်း ကို ဖြစ်စေသဖြင့် သာမန် အသေးအဖွဲ ဟု မမှတ်ယူ ကြဘဲ မိမိကိုယ်မိမိ အသက်ရှည်ရာ အနာမဲ့ကြောင်း စောင့်ရှောက် ကြစေရန် နည်းမှန် လမ်းမှန် ဖြစ်စေရန် တင်ပြ လိုက်ရပေသည်။
Credit:: Yadanarpondaily
မျှစ်ကို ကြိုက်လို့သာစားနေတယ်…ဒါလောက်အလွန်ထူးခြားတဲ့ စွမ်းပကားတွေရှိနေတယ်ဆိုတာ ခုမှ သိတော့တယ်….ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်နော်
မျှစ်ကို ကြိုက်​လို့သာစား​နေတယ်​…ဒါ​လောက်​အလွန်ထူးခြားတဲ့ စွမ်​းပကား​တွေရှိ​နေတယ်​ဆိုတာ ခုမှ သိ​တော့တယ်​….ဖတ်​ဖြစ်​​အောင်​ ဖတ်​ကြည်​့လိုက်​​နော်​
မြန်မာ လူမျိုးတွေက မျှစ်ကို ကြော်ချက်ပြီး ဟင်းလျာ အမျိုးမျိုး ပြုလုပ် စားသောက် တတ်ကြပါတယ်။
ဒါပေမယ့် မျှစ်တွေကို ဆေးဆိုးထားတယ် ဆိုတဲ့သတင်း ထွက်လာပြီးနောက်မှာ မျှစ်ကို စားဖို့ လက်တွန့် သွားကြပါတယ်။
ဒါကြောင့် ဆေးမဆိုး ထားတဲ့ မျှစ်တွေကို ရွေးချယ် စားသောက်ဖို့ အကြံပြုရင်း မျှစ်ကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေး စွမ်းပကားတွေကို ရေးသား လိုက်ရပါတယ်။
(၁) အစာခြေစနစ်ကျန်းမာ
ခြင်းမျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေ ပါတယ်။ မျှစ်ဟာ အစာအိမ် ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကိုလည်း သက်သာစေပါ တယ်။
(၂) နာတာရှည်ရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း
မျှစ်မှာ ဖီနောလစ်အက်စစ် များစွာ ပါဝင်မှုကြောင့် ရောင်ရမ်းမှု လျော့ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်း ရှိပါတယ်။
ဒါကြောင့် နှလုံးရောဂါ အပါအဝင် နာတာရှည် ရောဂါတွေ ကို လျော့ ကျစေပါတယ်။ မျှစ်မှာ ပါဝင်တဲ့ ပိုတက်စီယမ်ဟာလည်း နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၃) ပိုးသတ် အာနိသင်ရှိခြင်း
မျှစ်မှာ ဖိုင်ကိုကမ်မီကယ် များစွာ ပါဝင်တာကြောင့် ဖန်းဂတ်စ်မှိုတား အာနိသင်၊ ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်နဲ့ ကင်ဆာတား အာနိသင်တို့ ရှိကြပါတယ်။
(၄)သွေးဖိအားကို ထိန်းသိမ်းပေးခြင်း
မျှစ်မှာ ပိုက်တက်စီယမ် ပါဝင်မှု များတာကြောင့် သွေးတိုးကို ကျစေပါတယ်။ မျှစ်တစ်ခွက်မှာ တစ်နေ့တာ လိုအပ်တဲ့ ပိုတက်စီယမ် ပမာဏရဲ့ ငါးပုံတစ်ပုံ ပါဝင်နေပါတယ်။
(၅) မကောင်းသော အဆီကို ကျစေခြင်း
မျှစ်ဟာ မကောင်းတဲ့ ကိုလက်စထရော အဆီ (LDL) ကို လျော့ကျစေပါတယ်။ မျှစ်မှာ ကယ်လိုရီပါဝင်မှု လျော့နည်းတာကြောင့် အဝလွန်သူတွေနဲ့ သင့်တော်ပါတယ်။
ဒါ့အပြင် အမျှင်ဓာတ် ပါဝင်မှုများပြီး မကြာခဏ ဆာလောင်မှု လျော့နည်းတာကြောင့် ကိုယ်အလေးချိန် ထိန်းနေသူတွေအတွက် သင့်တော်ပါတယ်။ မျှစ်ရည်ဟာ အူလမ်းကြောင်းရှိ သန်ကောင်တွေကို လျော့ကျစေပါ တယ်။
(၆) ဝမ်းမှန်မှန်သွားစေခြင်း
မျှစ်မှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် အူလှုပ်ရှားမှုက ကောင်းမွန်စေပြီး နာတာရှည် ဝမ်းချုပ်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
မျှစ်တစ်ခွက် စားပေရင် တစ်နေ့တာ လိုအပ်တဲ့ အမျှင် ဓာတ် ပမာဏကို ရရှိစေပါတယ်။
(၇) အမျိုးသမီးများတွင် ရာသီစက်ဝန်း မှန်စေခြင်း
မျှစ်တွေဟာ ရာသီစက်ဝန်းကို လှုံ့ဆော်ပေးပြီး ရာသီမှန်မှန် လာစေပါတယ်။
(၈) သည်းခြေအိတ်ကို ကျန်းမာစေခြင်း
ရိုးရာ ဆေးနည်းအနေနဲ့ မျှစ်ကို သည်းခြေအိတ် ဝေဒနာတွေ လျော့ကျဖို့အတွက် အိမ်သုံးဆေးတစ်လက် အနေနဲ့ အရင်က အသိပြုခဲ့ကြပါတယ်။
(၉) ဒဏ်ရာငယ်များကို သန့်စင်စေခြင်း
မျှစ်ရည်ဟာ ဒဏ်ရာငယ်တွေကို သန့်စင်စေတယ်လို့ သိရပါတယ်။ သန့်ရှင်းတဲ့ မျှစ်ရည်က ဒဏ်ရာအပေါ် လိမ်းပေးရင် အနာကျက် မြန်စေတယ်လို့ တချို့က ယုံကြည်ကြပါတယ်။
(၁၀) သွေးထွက်နေသော လိပ်ခေါင်းကို သက်သာစေခြင်း
လိပ်ခေါင်းက သွေးထွက်နေရင် ဂနိုဆီးပူညောင်းကျရောဂါ ဖြစ်နေလျှင် မျှစ်ကို စားပေးပါက သက်သာစေတယ်လို့ တချို့က ဆိုပါတယ်။
credit to Good Health
ဒါရိုက်တာ မိုက်တီး အဖမ်းခံရတာနဲ့ ပတ်သက်ပြီး ရင်ဖွင့်လာတဲ့ ခင်လှိုင်
နာမည်ကြီးဟာသ သရုပ်ဆောင်မင်းသား ခင်လှိုင်ကတော့ တလောတုန်းက မူးယစ်ဆေးမှုနဲ့ အဖမ်းခံလိုက်ရတဲ့ ဒါရိုက်တာ မိုက်တီးနဲ့ ပတ်သက်ပြီး ပြောကြားသွား ခဲ့ပါတယ်။ မိုက်တီးဟာ သူ့အတွက်တော့ အစ်ကိုတယောက်လို ဆရာတယောက်လို သူငယ်ချင်းတယောက်လို ခင်ရကြောင်း နဲ့ တကယ့်ကို အရည်ချင်းရှိတဲ့ ဒါရိုက်တာ တယောက်ဖြစ်ကြောင်းကိုလည်း ပြောကြားသွားခဲ့ပါတယ်။ ခင်လှိုင်နဲ့ ဒါရိုက်တာမိုက်တီးကတော့ အနုပညာလောကသားတွေ ဖြစ်ပြီး မိုက်တီးအနေနဲ့ ဒီလိုမျိုးဖြစ်သွားတာ စိတ်မကောင်းကြောင်း ခင်လှိုင်ကတေ့ာ ရင်ဖွင့်လာတာ ဖြစ်ပါတယ်။
ခင်လှိုင်ကတော့ Mc နဲ့အင်တာဗျူးမှာတော့ ဒါရိုက်တာ မိုက်တီးနဲ့ ပတ်သက်ပြီး “သူက ကျွန်တော် အစ်ကို ဆရာ သူငယ်ချင်း တစ်ယောက်လိုပါပဲ။ ပြီးတော့ သူ့ကားတွေက ထွက်ခဲပါတယ်။ သူရိုက်ရင်လည်း သူ့ရဲ့ဟာသကားလေးတွေက သူများနဲ့ မတူပဲ လိုင်းတလိုင်းထွက်တယ်လေ။ အခုကတော့ သူပြသာနာလေး တခုကြောင့် ပွဲလေးတွေကိုလည်း သူလာနိုင်မှာ မဟုတ်ပါဘူး။ တကယ်ကို စိတ်ထဲမှာ မကောင်းပါဘူး”
ဒါရိုက်တာမိုက်တီးအပေါ် ထင်မြင်ချက်နဲ့ ပတ်သက်ပြီး “ကိုမိုက်ကတော့ စိတ်ရှင်းတဲ့ သူတယောက်ပါ။ စကားပြောရင်လည်း ပရိယာယ် မပါဘူး။ ပွင့်လင်းစွာ ပြောတတ်တယ်။ အငြိုးအတေးတွေ မရှိပါဘူး။ ဒီကိစ္စကတော့ သူ့အနေနဲ့ ဝဋ်ကြွေးတစ်ခုကို ဆပ်ရတာပေါ့။ ပြန်ပြီး အလုပ်တွေ မြန်မြန်လုပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ အဓိကက ကိုမိုက်က ကျန်းမာရေးလည်း မကောင်းပါဘူး။ ကျန်းမာရေးကောင်းပြီးတော့ အထဲမှာသူအခက်အခဲတွေကို ကျော်လွှားနိုင်ပါစေလို့ ဆုတောင်းပါတယ်။ သူရိုက်ခဲ့တဲ့ ရိုက်စားဆိုတဲ့ ရုပ်ရှင်ကားကြီး ကိုလည်း ကျွန်တော်တို့နဲ့ တူတူမကြည့်နိုင်တာ စိတ်မကောင်းပါဘူး။ ဒါကြောင့် ဝဋ်ကြွေးတွေလည်း အမြန်ကုန်ပါစေ အရင်ကလိုပဲ အနုပညာတွေ ပြန်လည်ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”
ဒါရိုက်တာမိုက်တီးရိုက်ခဲ့တဲ့ ရိုက်စားဆိုတဲ့ ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့ ရိုက်စား ရိုက်ထားတာက နည်းနည်းတော့ကြာပြီဗျာ။ တချို့ဇာတ်လမ်းထဲက အခန်းတွေတောင် ကျွန်တော်တို့ မမှတ်မိတော့ပါဘူး။ ကျွန်တော်တို့ ရုံတင်မှ တူတူကြည့်ကြတာပေါ့” ဟု ပြောကြားသွားခဲ့ပါတယ်။
Credit – Nanmalgyi
ဂျပန်နိုင်ငံကို ၂၅ နှစ်အတွင်း အဆိုးဝါးဆုံး တိုင်ဖွန်း မုန်တိုင်း Typhoon Jebi ဝင်ရောက်နေပြီ (ရုပ်သံ)
ပစိဖိတ်သမုဒ္ဒရာအတွင်းမှာဖြစ်ပေါ်နေတဲ့ ဆူပါတိုင်ဖွန်း မုန်တိုင်းSuper Typhoon Jebi ဂျပန်နိုင်ငံအနီးကို ရောက်နေပြီဖြဟ်တဲ့ ဒီကနေ့အခြေအနေမှတ်တမ်းဖြစ်ပါတယ်။
သြဂုတ်လ ၄ ရက်နေ့ ကစပြီး ဂျပန်တနိုင်ငံလုံးကိုလည်း ပတ်တိုက်မှာကြောင့် မုန်တိုင်း အဓိကဖြတ်မယ့် ဒေသတွေက လူဦးရေ ၂၀၀၀၀ ကို ဂျပန်အစိုးရ အာဏာပိုင်တွေက ပြောင်းရွေ့နေပါပြီ။
မုန်တိုင်းဟာ အဆင့် ၅ အပြင်ဆုံး ကီလိုမီတာ ၂၀၀နဲ့ တိုက်ခတ်မှာဖြစ်ပါတယ်။
Ref – ShweBlog
ပရိသတ်တွေ မမှတ်မိနိုင်လောက်အောင် အပြောင်းလဲကြီး ပြောင်းလဲသွားတဲ့ စုမေ
ကလေးဘဝကိုပြန်စဉ်းစားတာနဲ့လူတိုင်းမှာ အမှတ်တရတွေကိုယ်စီရှိမှာပါ။ အမှတ်တရတွေထဲကမှ အားလုံးတူညီတဲ့အမှတ်တရကတော့ တီဗီမှာလာတဲ့ကြော်ငြာလေးတွေကြည့်ရတာပါပဲ။ ကလေးဘဝတုန်းက ကျောင်းတွေကျူရှင်တွေက ပြန်ရောက်တာနဲ့ လွယ်အိတ်ချ တီဗီရှေ့ထိုင် ထမင်းပန်ကန်လေးကိုင်ပြီး ကြော်ငြာကြည့်ရတာလဲ အရသာတစ်ခုပါ။
ကြော်ငြာတွေအားလုံးထဲမှာမှ “ကော်ဖီဆိုဂျာဗား” ဆိုတဲ့ ကြော်ငြာလေးကတော့ လူကြီးတွေသာမကပဲ ကလေးတွေပါ သဘောကျကြပါတယ်။ ချစ်စရာကလေးလေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ခုန်ကြ ကကြနဲ့ သီချင်းလေးဆိုကြတာ ကြည့်ရတာပျော်စရာကြီးပါ။
“ကော်ဖီဆိုဂျာဗား” ကြော်ငြာဆိုတာနဲ့ ကြော်ငြာထဲမှာ သရုပ်ဆောင်တဲ့ စုမေလေးကိုလဲ တွဲပြီးသတိရကြမှာပေါ့နော်။ စုမေဆိုတာ ငယ်ငယ်က ကြော်ငြာတွေ ရုပ်ရှင်တွေ MTV တွေမှာအမြဲတွေ့ရတတ်တဲ့ ပင်တိုင်စံကလေးသရုပ်ဆောင်တစ်ယောက်ပါ။ စုမေလေးက ချစ်စရာအမူအယာ အပြောအဆိုလေးတွေနဲ့ကျရာဇာတ်ရုပ်ကို အရွယ်နဲ့ မလိုက်အောင် ပီပီပြင်ပြင်သရုပ်ဆောင်နိုင်သူလေးပါ။
စုမေက အခုချိန်မှာ မိသားစုနဲ့အတူတူ လန်ဒန်မြို့မှာနေထိုင်နေပြီး ပညာသင်ကြားနေပါတယ်။ အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်တာကြောင့် ငယ်ရုပ်လေးကိုမမှတ်မိနိုင်လောက်အောင် အလှတွေပိုတိုးလာခဲ့ပါတယ်။ သူမကတစ်ခါတစ်လေ မြန်မာပြည်ကို အလည်လာပြီး အလှူအတန်းတွေပြုလုပ်လေ့ရှိပါတယ်။ လန်ဒန်မှာဆိုရင်လဲ သူမရဲ့ မိသားစု သူငယ်ချင်းတွေနဲ့ ဘဝကိုပုံမှန်အတိုင်းပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပါတယ်။
စုမေလေးက ပိုတောင်လှလာတယ်နော်…
စုမေလေးက အနုပညာအလုပ်တွေနဲ့အလှမ်းဝေးနေပြီဖြစ်ပေမယ့် သူမကိုယခုအချိန်ထိမမေ့ကြသေးပါဘူး။ စုမေအနုပညာအလုပ်တွေပြန်လုပ်မယ့်အချိန်ကိုလဲ ပရိတ်သတ်ကြီးကမျှော်နေဦးမယ်ထင်ပါတယ်။ စုမေလေးကို ချစ်ကြသေးတယ်ဆိုရင် ဒီပို့စ်လေးကို Like & Share လုပ်ဖို့လဲ မမေ့ကြပါနဲ့နော်။ ဝင်ရောက်ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးကျေးဇူးတင်ရှိပါတယ်။
မှတ်ချက်-မိုမိုလေးစာမျက်နှာမှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။
မိသားစုတစ်စု ဘာ့ကြောင့်ဆင်းရဲရသလဲ (လူသားအားလုံးအတွက် အကျိုးရှိစေတာမို့ ဖတ်ဖြစ်အောင် ဖတ်လိုက်ပါနော်)
ကျနော်တို့လူသားတိုင်းမှာ မိသားစု အသိုက်အမြုံ ဆိုတာ ရှိကြပါတယ်..။ သက်ရှိသတ္တဝါတိုင်းမှာ လည်း မိသားစုဆိုတာရှိကြစမြဲပါ… ဒီမိသားစုဆိုတဲ့ လှပတဲ့ အဓိပ္ပါယ်လေးက အရမ်းကို လေးနက်မှု ရှိသလို ပျော်ရွှင်အေးချမ်းဖွယ် မေတ္တာကမ္ဘာလေး ဆိုလည်း (လုံးဝ) မမှားပါဘူး။ တစ်ဦးနဲ့တစ်ဦး အမှီသဟဲ ပြုပြီး နေထိုင်နေကြတာပဲဖြစ်ပါတယ်။
ကဲ…ကျနော့်အနေနဲ့ လူသားအားလုံးအေးချမ်းပြီး ပျော်ရွှင်ဖွယ်ကောင်းသော မိသားစုဘဝလေးကို ပိုင်ဆိုင်စေလိုသော မေတ္တာဖြင့်ထောက်ပြစရာလေး အနည်းငယ်တော့ရှိပါတယ်..။ အဲ့ဒါကဘာလဲဆိုတော့…. အိမ်ထောင်စု တစ်စု မိသားစု တစ်စု ဘာ့ကြောင့် ဆင်းဆင်းရဲရဲ ဒုက္ခတွေ ကို ရင်ဝယ်ပိုက်နေရသလဲ ဆိုတာလေးပါ.. လူတိုင်းသိထားသင့်သလို၊ လိုက်နာ ဆောင်ရွက်သင့်မယ်လို့လည်း ကျနော့်အနေနဲ့တွေးထင် မိပါတယ်..။ကျနော်အနေနဲ့ မိသားစုတစ်ခုလုံး ဆင်းရဲတွင်းထဲနက်နက်စေတဲ့အချက်လေး တွေ ကတော့ ….
(၁)မပီသတဲ့ အိမ်ထောင်ဦးစီး
အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီး လုပ်တဲ့သူ တစ်နည်း အားဖြင့် “အဖေ” ကို အဓိကထားစေချင်တာပါ။ အိမ်ထောင်ဦးစီးညံ့ဖျင်းရင်လည်း ဒီအိမ်ဟာဆင်းရဲမှာပဲ၊ အိမ်ထောင်ဦးစီအနေနဲ့မိန်းမယူ၊ ကလေးမွေးရုံ လောက်နဲ့တော့ အိမ်ထောင်ဦးစီးမခေါ်ထိုက်သေး ပါဘူး။ မိသားစုတာဝန်တွေကို ထမ်းဆောင်းပေးရမယ့် တာဝန်တွေ ရှိသလို၊ စီးပွားရေး လုပ်ငန်းတွေအတွက် လည်း ဆွေးနွေး တိုင်ပင်မှုတွေရှိမှာပဲ၊ ပစ္စုပ္ပန် အနာဂတ် ကို ဘယ်လိုဆက်လျှောက်ရမလဲဆိုတဲ့ အတွေး အမြင်တွေလည်းရှိသင့် ရှိထိုက်ပါတယ်။ မိသားစုအရေးတွေကို လည်းရင်ကော့ခေါင်းမော့ပြီး ရှေ့က ဦးဆောင်မှုတွေလည်း လုပ်ကိုင်ဆောင်ရွက် သင့်ပါတယ်။ ကဲ…အဲ့လိုမှမဟုတ်ပဲ တစ်နေ့ တစ်နေ့ စားလောက်ရုံလေး လုပ်မယ်၊ အိမ်ပြန် ထမင်းစား၊ အိပ်၊ထ၊စား၊သွား ဆိုယုံလောက်ပဲ လုပ်နေရင်တော့ ဒီအိမ်ဟာ သေချာတယ်… ဆင်းရဲတွင်းထဲရောက်ပြီး ဒုက္ခတွေ တန်းစီပြီး ဝင်နေမှာပဲ…ဒါ့ကြောင့် ဒီအိမ်ဟာ ဆင်းရဲနေမှာပဲ..။
(၂)အိမ်တွင်းသူခိုး
ဒီအချက်ကတော့ အရေးကြီးတယ်အိမ်တစ်အိမ်မှာ အိမ်တွင်းသူခိုးရှိနေရင်လည်း ဒီအိမ်ဟာ ဆင်းရဲမှာ ပဲ အိမ်ထောင်ဆိုတာ လင်နဲ့မယား နှစ်ဦး တည်ဆောက် ထားတာပါ။အဲ့ဒီမှာပြဿနာတစ်ခု ကယောက်ျားဖြစ်စေ၊ ဇနီးမယားဖြစ်စေတစ်ယောက်ယောက်ကအိမ်တွင်းသူခိုး ဖြစ်နေရင်သေချာတယ်……ဆင်းရဲပြီ…ဆိုလိုတာက ကိုယ့်ဘက်ကိုပဲကြည့်တတ်တဲ့ သူကိုဆိုလိုတာပါ။ ကိုယ့်အိမ်မှာဖြင့်စားမလောက်သေးဘူး၊ကိုယ့်အမျိုးဆီ ကိုခိုးခိုးပေးနေတာ မိသားစုရှေ့ရေးကို သိပ်မတွေးဘူး။ ထင်တိုင်းကျဲနေတာမျိုး ထမင်းမငတ်ရုံတမယ်ပဲ ရပ်တည်နေသ၍တော့ အဲ့ဒီအိမ်ဟာ ဆင်းရဲမှာပဲ…. နောက်တစ်နည်းက အရက်သောက်တတ်တဲ့ယောက်ျား ကလည်းခိုးမှာပဲ၊ ချဲတွေ နှစ်လုံးတွေထိုးတတ်တဲ့မိန်းမ ကလည်း ခိုးမှာ။အဲဒါဆိုသေချာတယ် ဒီအိမ်ထောင်စု ဟာ ဆင်းရဲ နေမှာပဲ…။
(၃)မတည့်အတူနေမိသားစု
အိမ်တစ်အိမ်မှာ မိသားစုဆိုတာ ဖြစ်ပေါ်လာမှာပဲ… အဲ့မိသားစုတွေမှာပဲ ပြဿနာတစ်ခုက အကြီးနဲ့အငယ် မတည့်တာ၊ အမနဲ့ညီမ မတည့်တာစတဲ့ စကားများ ရန်ဖြစ်တတ်တာတွေအစုံပေါ့ … အိမ်တစ်အိမ်ဟာ ဘယ်တော့မှ သာယာမှုမရှိဘူး၊ နေ့တိုင်းလိုလို စကား များတတ်တယ်၊ မသိရင် သူစိမ်းတွေလိုပဲ။ သူ့ကိုလည်း အဖတ်မလုပ်… င့ါကိုလည်းမလေးစား ဖြစ်နေရင်တော့ အဲ့ဒီ့… အိမ်ထောင်စုဟာ လဲပြိုပြီး ဆင်းရဲတွင်းထဲ… လွတ်မြောက် နိုင်မှာမဟုတ်ပါဘူး။
(၄)အိမ်နီးချင်းကောင်းမရှိခြင်း
လူဆိုတာ လူ့အသိုင်းအဝိုင်းထဲမှာနေတတ်မှ လူနဲ့ တူတာပါ။ အဲ့လိုမှ မဟုတ်ရင်တော့ လူဖြစ်တယ် ဆိုရုံပဲ သုံးလို့ရပါတယ်။ လူလို့ မခေါ် ထိုက်လောက်ပါဘူး။ အဓိကပြောချင်တာက ကိုယ်နေတဲ့ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် နေစေချင်တာပါ… အဲ့လိုမှမဟုတ်ပဲ… သူနဲ့ငါ့အကြောင်းပြော၊ ငါနဲ့တွေ့ရင်သူ့အကြောင်းပြော လောကကြီးကိုအကောင်းမမြင်တတ်ဘူး ဆန့်ကျင်ဘက် အတွေးတွေရှိနေသ၍တော့ ဘယ်တော့မှအဆင်ပြေနိုင် မှာ မဟုတ်ပါဘူး… ။ အဲ့လိုလူမျိုးကို ဘယ်လိုပုဂ္ဂိုလ် ကမှ လည်း ဖေးမစောင့်ရှောက်နေမှာ မဟုတ်တဲ့အတွက် ဆင်းရဲနေမှာပဲ… ဘယ်တော့မှ အဆင်ပြေပြေနဲ့ ခရီး ဆက်နိုင်နေမှာမဟုတ်တဲ့အတွက် ဒီအိမ်ဟာလည်း ဆင်းရဲနေမှာပဲ။
ကျနော်ပြောတဲ့ဒီအချက်တွေတစ်ချက်ချက်နဲ့ငြိနေတယ် ဆိုရင် ဒီမိသားစုရဲ့အနာဂတ်ဟာ လှပနေမှာ မဟုတ်နိုင် တဲ့အတွက်စာဖတ်ပရိတ်သတ်တွေလည်းဒီအချက်လေး တွေ ကို ရှောင်ကျဉ်နိုင်ကြမယ်ဆိုရင် ဝမ်းသာပါတယ်။ ဒီအချက်တွေနဲ့လွတ်မြောက်နိုင်မယ်ဆိုရင် အေးချမ်းလှ တဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ အေးချမ်းပြီးပျော်ရွှင်လှတဲ့ မိသားစုဘဝလေးကို လူသားတိုင်း ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ်။
မိသားစုအားလုံး သာယာချမ်းမြေ့နိင်ကြပါစေ
Credit: burmeseonlinenews
(၁၅) မိနစ် တရားထိုင်နည်းနှင့် အကျိုးကျေးဇူးများ
အမျိုးသမီးယောဂီများမှာ မိန်းမထိုင် ကျုံ့ကျုံ့ထိုင်လျှက်လည်းကောင်း ခါးကို မတောင့်လွန်း၊ မလျော့မကုန်းလွန်းဘဲ အလိုက်သင့်သလို တာရှည်ထိုင်နိုင်အောင် ထားပါ။
ရှု့နည်း ၃ မျိုး
ဖိုးသူတော် (www.phothutaw.com)
Credit: the original writer
Unicode Version
တနေ့လျှင် (၁၅)မိနစ်ခန့် တရားထိုင်ကြည့်ပါ။
ထူးခြားသော အကျိုးကျေးဇူးများ၊
ထူးခြားသော ကံကောင်းမှုများ၊
သင့်ထံသို့ ဧကန်အမြန် ရောက်ရှိလာပေလိမ့်မည့်
(၁၅) မိနစ်တရားထိုင်နည်း
အမျိုးသားယောဂီများမှာ တင်ပလ္လင်ခွေထိုင်လျှက်လည်းကောင်း၊
အမျိုးသမီးယောဂီများမှာ မိန်းမထိုင် ကျုံ့ကံျု့ထိုင်လျှက်လည်းကောင်း ခါးကို မတောင့်လွန်း၊ မလျော့မကုန်းလွန်းဘဲ အလိုက်သင့်သလို တာရှည်ထိုင်နိုင်အောင် ထားပါ။
ဘယ်လက်ဝါးကို အောက်က ထား၍ ညာလက်ဝါးကို အပေါ်က ထားရမည်။ ယောဂီ၏ မျက်စိကိုလည်း တစ်ချို့မှိတ်လျှက်၊ တစ်ချို့ဖွင့်လျှက်၊ တစ်ချို့က မှေးမှေးထားလျှက် မိမိကြိုက်သလို ထိုင်နိုင်သည်။
နှာသီးဝအဖျားတွင် ထွက်လေဝင်လေတို့၏ ထိခတ်တိုးဝှေ့ရာ (ဖုသနဋ္ဌာန၊ နာသိက ကသိဏ)အရပ်ကလေးကို အသာအယာ သတိကပ်၍ ရှာဖွေရမည်။
တွေ့ရှိပါက ယခု လှုပ်သွားသည်မှာ ထွက်လေကြောင့်ဟု သိလျှင် လှုပ်သည်သိသည်နှင့် တစ်ပြိုင်နက် ထွက်လေဟု သိမှတ်ထားပါ။
တစ်ဖန် ဝင်လေကြောင့် လှုပ်သွားသောအခါတွင်လည်း ဝင်လေဟု မှတ်လိုက်ခြင်းသည် အာနာပါနကမ္မဋ္ဌာန်း တရား အားထုတ်သည် မည်ပါတော့သည်။
ဤပုံအတိုင်း အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်တိုင်း အားထုတ်တိုင်း တစ်ကြိမ်ထိုင်လျှင် အနည်းဆုံး (၁၅)မိနစ်ခန့် တရားထိုင်ပါ။
“အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် သတိကပ်၍သာလျှင် ထွက်သက်ကို ဖြစ်စေ၏။ ထွက်သက်ကို ထုတ်၏။ သတိကပ်၍သာလျှင် ဝင်သက်ကို ဖြစ်စေ၏။ ဝင်သက်ကို ရှိုက်ရှူ၏”
(ဤကား သတိမြဲရာ ပထမာ အစီအစဉ်ဖြစ်ပါသည်)
“ထွက်သက်လေကို ရှည်ရှည်ထုတ်သောယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ထုတ်သည်ဟု ကောင်းစွာ သိ၏။ ဝင်သက်လေကို ရှည်ရှည်ရူသောယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ရှုရှိုက်သည်ဟု ကောင်းစွာ သိ၏”
“ထွက်သက်လေကို တိုတိုထုတ်သောယောဂီပုဂ္ဂိုလ်သည် တိုတိုထုတ်သည် ဟု ကောင်းစွာ သိ၏။ ဝင်သက်လေကို တိုတိုရှုရှိုက်သောယောဂီပုဂ္ဂိုလ်သည် တိုတိုရှုရှိုက်သည်ဟု ကောင်းစွာ သိ၏”
(ဤကား ဒုမှာ တို ရှည်သိ အစီအစဉ်ဖြစ်ပါသည်)
“အလုံးစုံသော ထွက်သက်ဝင်သက်တို့၏ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးကို ထင်ရှားစေလျှက် (ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်လင်းစေလျှက်) ထွက်သက်လေ ကို ထုတ်၏။ ဝင်သက်လေကို ရှိုက်ရှု၏” (ဤကား သုံးချက်သိမှာ တတိယာ သို့မဟုတ် လုံးစုံလင်းရာ တ-၌သာ အစီအစဉ်ဖြစ်ပါသည်)
“အရှိုက်အရှုပြင်းသောကြောင့် ရုန့်ရင်းကြမ်းတမ်းသော ထွက်သက်၊ ဝင်သက်လေတို့ကို ငြိမ်းအေးစေလျှက်၊ ချုပ်ပျောက်စေလျှက် ထွက်လေကို ထုတ်မည်၊ ဝင်လေကို ရှုရှိုက်မည်ဟု ကျင့်၏”
(ဤကား စ-မှာ ငြိမ်းစေဘိ အစီအစဉ်ဖြစ်ပါသည်)
“ရံခါအတွင်း၌ ထွက်လေဝင်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။ ရံခါအပြင်၌ (အပြင်ကို ထုတ်၍) ထွက်လေဝင်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများ အားထုတ်ရမည်။ ရံခါအတွင်းအပြင် နှစ်ဌာနလုံး၌ ထွက်လေဝင်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။” (ဤသည်မှာ အာနာပါနသမထ လေးဆင့် လုံးကို ပေါင်း၍ဟောထားခြင်းဖြစ်ပါသည်)
“ထွက်သက်လေ၊ ဝင်သက်လေဟူသော ကာယ၌ ဖြစ်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍ နေရာ၏။ ထွက်သက်လေ၊ ဝင်သက်လေဟူသော ကာယ၌ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏။ ထွက်သက်လေ၊ ဝင်သက်လေဟူသော ကာယ၌ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏။”
(ဤကား အာနာပါနသမထကို အဦးမူ၍ ဝိပဿနာရှုမှတ်ပွားများရပုံ ဖြစ်ပါသည်)
“ထိုကဲ့သို့ အားထုတ်နေသော ယောဂီပုဂ္ဂိုလ်အား သတိတရား ထင်မြဲလာတော့သည်။ ထိုသတိ၏ သောတာပတ္တိမဂ်ဉာဏ်ကို ရခြင်းငှါ၊ အဆင့်ဆင့် ရင့်ကျက်ခြင်းငှါ ဖြစ်လာလျှင် ယောဂီပုဂ္ဂိုလ်သည် တဏှာ၊ ဒိဋ္ဌိနှစ်ပါးကို အမှီသဟဲပြုစရာမလိုဘဲ နေနိုင်စွမ်းရှိလာတော့သည်။ ထိုအခါ တစ်လောကလုံးတွင် သို့မဟုတ် ခန္ဓာငါးပါးဟူသော လောကတွင် `ငါ့ကိုယ်´ဟူ၍လည်းကောင်း၊ `ငါ၏ဥစ္စာ´ဟူ၍လည်းကောင်း တစ်စုံတစ်ခုကိုမျှ စွဲလမ်းခြင်းမရှိ အတ္တဒိဋ္ဌိပြုတ်လေတော့သည်”
(ဤကား အာနာပါနသမထကို အဦးမူ၍ ဝိပဿနာရှုမှတ်ပွားများ အားထုတ်သော ယောဂီပုဂ္ဂိုလ်အား မဂ်ဖိုလ်ရ၍ အရိယာဖြစ်ပုံကို ပြပါသည်။)
အထက်ပါ ဖော်ပြချက်မှာ သတိပဋ္ဌာနသုတ်တော် တွင် မြတ်စွာဘုရား ရှင်ဟောကြားတော်မူသော အာနာပါနကျင့်စဉ် အစီအစဉ်ဖြစ်ပါသည်။
ဝိပဿနာပိုင်း ရှုမှတ်ပုံများ
သမထဆိုတာ တနေရာတည်းကို စိုက်ရှုတာပါ၊ ဝိပဿနာဆိုတာ ခန္ဓာကိုယ် တခုလုံး ကို ဖြန့်ရှူတာလို့ မြေဇင်းဆရာတော်ကြီးက မိန့်တော်မူပါတယ။် သမထယာနိကသမားအတွက် စတုတ္ထအဆင့်ကျင့်စဉ်မှာ ပဋိဘာဂ အလင်းနိမိတ်ရရှိပြီး ဥပစာဆိုက်သွားပြီဆိုရင် ဝိပဿနာကို စတင်အား ထုတ်ရှုမှတ်နိုင်ပါတယ်။
ဝိပဿနာရှုမှတ်ရာတွင် ရုပ်ကို ရှုမှတ်ရမှာလား၊ နာမ်ကို ရှုမှတ်ရမှလား လို့ မေးစရာ ရှိပါတယ်။ စာပေမှာတော့ သမထယာနိကလမ်းစဉ်နဲ့ အားထုတ်သူများအတွက် နာမ်ကို ရှုမှတ်ပွားများရမယ်လို့ု ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမထ အားထုတ်မှု အားကောင်း၍ သမာဓိရင့်သန်နေတဲ့အတွက်ကြောင့်ပါ်။ ဝိပဿနာသက်သက်ရှုမှတ် ပွားများသူများသူတွေကိုတော့ ရုပ်ကို ရှုမှတ်ဖို့ တိုက်တွန်းထားပါတယ်။
ရှု့နည်း ၃ မျိုး
(၁) သမထအားထုတ်စဉ်က ရရှိခဲ့တဲ့ ပဋိဘာဂအလင်းနိမိတ်နဲ့ ခြေဖျားကနေ ငယ်ထိပ်အထိ တကိုယ်လုံး သတိမလွတ်စေဘဲ ရှုခြင်း။
(၂) ခြေဖျား မှ ချက် ၊ ချက်မှ လည်မျို လည်မျိုမှ ငယ်ထိပ် ထိ သုံးပိုင်း ပိုင်း၍ အပြန်ပြန် အလှန်လှန် ရှုမှတ်ခြင်း။
(၃) လက်လေးသစ် သို့မဟုတ် တံတောင်လောက်စီ ပိုင်းပြီး ရှုမှတ်ခြင်း ဆိုပြီး ရှုမှတ်နည်း (၃) မျိုးရှိပါတယ်။
ခန္ဓာကိုယ်အစိတ်အပိုင်းအလိုက် ရှုနည်းသုံးမျိုး ကွဲပြားသကဲ့သို့ အရှုမှတ်ခံ အာရုံအလိုက် ရှုပွားရာ အစွန်းသုံးပါးကိုလည်း သိသင့်ပါတယ်။
(၁) မြင်ရင် မြင်တယ် ကြားရင် ကြားတယ် လို့မှတ်ခြင်း
(၂) မိမိခန္ဓာကိုယ်ရဲ့ငယ်ထိပ်ခြေတောက်လက်စတဲ့ နေ ရာတွေမှာ တဖွားဖွား ဖြစ်ပျက်နေ တာတွေကိုမှတ်ခြင်း
(၃) နှလုံးအိမ်ကို ရှုမှတ်ခြင်း ဆိုပြီး အစွန်းသုံးပါးရှိပါတယ်။
ဗုဒ္ဓါနုဿတိပွားများပုံ…
အရဟံ လို့ စိတ်ထဲက ဆိုပြီး ဝင်လေကို ရှူသွင်းပါ၊ အရဟံလို့ စိတ်ကဆိုပြီး ထွက်လေကို ပြန်ထုတ်ပါ၊ မိမိစိတ် ငြိမ်လာပြီ ဆိုရင် ဘုရားရှင်ရဲ့ ဂုဏ်တော် အရောက် အာရုံပြုပြီး ကိလေသာ ကင်းစင်တော် မူသော မြတ်စွာ ဘုရား ဆိုပြီး ဝင်လေ ထွက်လေ တိုင်းမှာ ရှူမှတ်ပေးပါ ၊ ဒီလိုနည်းနဲ့ အချိန် ရသလောက် ပွားများပေးပါ၊ ဘုရားရှင် ပေါ်မှာ ကြည်ညိုတဲ့ စိတ်တွေ များလာလေ တရားအလုပ် လုပ်ရတာ ချောမွေ့ လွယ်ကူလေ ပါပဲ။
မေတ္တာဘာဝနာပွားများပုံ…
အားလုံးသော သတ္တဝါတွေ ဝင်လေ တစ်ချက်… ချမ်းသာကြပါစေ ထွက်လေ တစ်ချက်. ဒီပုံစံနဲ့ မေတ္တာ ဘာဝနာ ပွားများ နိုင်ပါတယ်… ကိုယ် ပွားများ ချင်တဲ့ ပုံစံနဲ့ ပွားများ နိုင်ပါတယ် ဝင်လေ ထွက်လေ ကပ်ပြီး ပွားများ တာက သမာဓိ ပိုရ လွယ်ပါတယ်..
မရဏဿတိ (သေခြင်းတရား ဆင်ခြင်ပုံ)
တစ်နေ့ သေရမှာ ပါတကား.. တစ်နေ့ သေရမှာပါ တကားလို့ ဉာဏ်ကနေ မြင်လာအောင် ဉာဏ်မှာ ထင်လာအောင် ဆင်ခြင်ရပါမယ်.
အသုဘ ဘာဝနာ (စက်စုပ်ရွံရှာဖွယ် အဖြစ် ပွားများပုံ)
ငါ့ရဲ့ ခန္ဓာကိုယ်ဟာ စက်စုပ် စရာကြီး ပါတကား… လို့ ခန္ဓာကိုယ်ကို သုံးပိုင်း ပိုင်းပြီး ပွားများရ ပါမယ်၊ ပထမဆုံး ပုခုံးအထက် ဦးခေါင်း ပိုင်းကို အရင် ကြည့်ရပါမယ်. မျက်စိကိုမှိတ် စိတ်ကို ဦးခေါင်းကို ပို့ထား ငါ့ရဲ့ ခန္ဓာကိုယ် စုက်ဆုပ် စရာကြီး ပါတကားလို့.. စိတ်ကဆိုပြီး ဦးခေါင်းထဲက ဦးဏှောက်တွေ အမြှေးတွေ မြင်လာတဲ့ အထိ ပွားများပေးပါ၊
ဒုတိယ.. ခါးကနေ ပုခုံးအထိ ခန္ဓာကိုယ် အလယ်ပိုင်းကို စိတ်နဲ့ကြည့်ပြီး ငါ့ရဲ့ ခန္ဓာကိုယ်ဟာ စက်ဆုပ် စရာကြီး ပါတကားလို့ စိတ်က ဆင်ခြင် ပွားများပြီး အတွင်းပိုင်း အူတွေ အသည်းတွေ ကျောက်ကပ်တွေ တစ်ပုံစီ တစ်ပုံစီ မြင်အောင် ကြိုစားပွားများပါ။
တတိယ.. ခါးအောက်ပိုင်းအကုန် ခြေထောက် အထိ စိုက်ကြည့် ပွားများပါ၊ ခန္ဓာကိုယ်ကို တွယ်တာလွန်း အားကြီးရင် တရား အလုပ်မှာ နှောင့်နှေး တတ်ပါတယ်။ နာမည်ကြီး ခေမာ ထေရီကို ကြည့်ပြီး သိနိုင်ပါတယ်၊ ဒါကြောင့် ခန္ဓာကိုယ်ပေါ်မှာ တပ်မက်မှု ကင်းအောင် အသုဘ ဘာဝနာကို ပွားများ ကြရပါတယ်။
ဒီလေးမျိုးကို အချိန်ရတဲ့သူ ရက်များများ အားထုတ်မယ့် သူတွေ ကြိုးစား အားထုတ် ပွားများသင့် ပါတယ်၊ ရက်တွေ အများကြီး အချိန် မပေးနိုင် ရင်တောင် တရားမရှုမှတ်မိ အချိန်ပိုင်းလောက် ဗုဒ္ဓါန ုဿတိနဲ့ မေတ္တာ ဘာဝနာကို ၁၀-မိနစ် သို့မဟုတ် ၁၅-မိနစ် ပွားများ သင့်ပါတယ်၊ မေတ္တာ စွမ်းအားဟာ တကယ့်ကို ကြီးမားလှ ပါတယ်။
နေ့စဉ် (၁၅) မိနစ်ခန့် ဝိပဿနာမြတ်တရားအား ကျင့်ကြံပွားများ အားထုတ် နိုင်ကြပါစေ